Skip to main content

သင်ခန်းစာတစ်ဖြစ်လဲ

ကျွန်မအဖြစ်ကတော့ထိုင်နေရင်အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့စကားပုံလိုပါဘဲ။ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ စကားကတော့ ကျွန်မအတွက်အသုံးမ၀င်ပါဘူး။ ဖြစ် ပုံက မနေ့က ကျွန်မသူငယ်ချင်း သူကတော့ Indian ပါ။ ဒါပေမယ့် သူမာစတာပြီးတာနဲ့ ဟောင်ကောင်မှာ ကျောင်းဆရာလုပ်နေတာ (၂)နှစ်လောက်ပြီးတော့ သူဒီကိုလာပြီး PhD လာဆက်တက်တာ.. business နဲ့ပေါ့။ ကျွန်မနဲ့ ဘယ်လိုခင်လဲ.. ဒါက ဇတ်လမ်းရှိပြန်ရော... ပြီးခဲ့တဲ့နှစ်ဝက်လောက်က ရောက်လာတဲ့ကျွန်မဆရာမိသားစု အိမ်မှာမြန်မာရုံးကရောက်လာတဲ့ဆရာတွေရော ...ကျောင်းတက်နေကြတဲ့ အနီးအဝေးက မြန်မာကျောင်းသားတွေရော အားလုံးမိတ်ဆုံစားပွဲလုပ်တယ်။ မလုပ်ခင်မှာ အားလုံးစုဓာတ်ပုံရိုက်တော့ မယ်ဆိုတော့ အားလုံးက ပုံထဲမှာပါချင်ကြတယ်လေ.. ဆိုတော့ အနားမှာရှိတဲ့ ကုလားလေးတစ်ယောက်ကို အကူညီတောင်းပြီး ရိုက်ခိုင်းလိုက်တယ်.. နောက်တော့ မိတ်ဆုံစားပွဲမှာ သူလဲပါနေတာတွေ့တော့ ကျွန်မက အဲ သူကမြန်မာမဟုတ်ဘဲနဲ့ လို့ပြောတော့ ကျောင်သူမလေးတစ်ယောက် က.. မမကူး..သူက Indian အသက်ငယ်ငယ်လေးဘဲရှိသေတယ်.. အဲဒါ PhD တက်နေတာလို့ပြောပြတော့ တော်တော်အံ့သြသွားတယ်.. သူက ကျွန်မကောလိပ်တုန်းကဆရာရဲ့ အခုလက်ရှိကျောင်းနေဖက်ဖြစ်နေတာကိုး... ဒါနဲ့ သူကလာမိတ်ဆက်ပါတယ်.. နောက်ပိုင်းမှာတော့ ခင်သွားကြတယ်ပေါ့.. အဲဒီအချိန်တုန်းကသူ့မှာရည်းစားမရှိဘူး။ တစ်ခါမှလဲမထားခဲ့ဖူးဘူး.. သူရည်းစားတော်တော်လိုချင်နေတာ..သူငယ်ချင်းဆိုတောကျွန်မကိုရင်ဖွင့်တာပေါ့..ဒါနဲ့ တစ်ယောက်ပြီးတစ်ယောက်လိုက်ရွေးကြတာပေါ့..သူ့အတွက်ရည်းစားကောင်းကောင်းလေး
တစ်ယောက်ရဖို့... နောက်ဆုံးကျတော့ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ သူမွန်ဂိုးလီးယား မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားပြီး သူတို့အရမ်း ကို ချစ်ကြတယ်.. ဒါတောင်တစ်ယောက်နဲ့တစ်ယောက်အပြင်မှာမတွေ့ရသေးဘူး။ ကျွန်မမှာ သူတို့ စိတ်ဆိုးကြရင်လဲ ၀င်ဖြန်ဖြေပေးရ။ Valentine Day ဆိုလဲ သူ့ကောင်မလေးကိုပေးဖို့ ကဒ်တွေ၊ video file တွေဒီဇိုင်းလုပ်ပေးရ... သူ့ကောင်မလေးက သူ့ကိုအမြင်မကြည်အထင်လွဲရင်သူဒီမှာ စာကြည့်လို့လဲမရတော့..ကျွန်မကိုဘဲဖုန်းဆက်ပြီး ပြောပြရ.. သြော်..သူများအကျိုးဆောင်.. ကိုယ့်အကျိုးပြောင်ဆို တာ..ဒါဘဲ.. ကျွန်မကျတော့ ... (ရေးရင်းနဲ့တောင် ငိုချင်လာပြီး..ဟီးဟီး) ဒါနဲ့ သူက ကျွန်မကိုတော်တော်ခင်တယ်.. သူ ဘန်ကောက်ကိုသွားလည်တော့ ကျွန်မညီမလေးက ကျွန်မအတွက် ပစ္စည်လေးတွေပို့ပေးလိုက်တာသူသယ်လာပေးတယ်။ နောက်တော့ ကျွန်မ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့ မောင်လေးအငယ်ဆုံးက အသစ်ရောက်လာတဲ့ကျောင်းသားလေးပေါ့... အရေးကြောင်းဆို မိန်းကလေးအဖော်မရှိဘူး..အနီးနားမှာ.. ရှိတဲ့မိန်းကလေးသူငယ်ချင်းကတော်တော့်ကိုဝေးတဲ့ကျောင်းမှာနေတော့.. အနားမှာရှိတာဆိုလို့ ကိုကြီးဆိုတဲ့ကျွန်မငယ်သူငယ်ချင်းတစ်ယောက်... အဲဒီ indian ကောင်လေးမနေ့ကပြန်ရောက်တော့ အစာသွားစားကြမယ်ပြောတော ကျွန်မက လာခဲ့မယ်ပေါ့..ဒါပေမယ့် နှစ်ယောက်တည်းမသွားကောင်းဘူးဆိုပြီး ကိုကြီးနဲ့ကျော်ကျော် ကိုပါခေါ်လိုက်တယ်။ ကျော်ကျော် ဆိုတာ အသစ်ရောက်တဲ့ကျောင်းသားလေးပေါ့။ ကျွန်မညီမအငယ်ဆုံးထက်တောင်ငယ်သေးတယ်။။ ဒါပေမယ့် အကောင်ကတော့ ကြီးကြီး.. ဒါနဲ့ လေးယောက်သား ဘစ် ကားတက်စီးပြီး ဆိုင်ကိုသွားကြတယ်..

ည ၇ နာရီလောက်ရှိနေပြီ..ကားကစောင့်နေရသေးတယ်..၂၅ မိနစ်လောက်စီးတော့ ကားက တောင်ပေါ်ကိုတက်... သွားမယ့်နေရာက တောင်ပေါ်ဖက်ကျပြီး ဒီမှာဆိုရင်တော့tourist spot လို့ပြောရမလားဘဲ... အရမ်းလှတယ်.. စားသောက်ဆိုင်တွေက တောင်စောင်းမှာ ဆောက်ထားတာ.. စားပွဲတိုင်းက တဲလေးတွေနဲ့... လေလဲအရမ်းတိုက်တယ်.. အောက်ဘက်ကိုလှမ်းကြည့်လိုက် ရင် ချောက်အနက်ကြီး အထဲမှာမှ ရေကန်အကြီးကြီးနဲ့ သူများငါးတွေမွေးထားတဲ့အကွက်တွေကို လေယဉ်ပေါ်က နေ အောက်ကိုလှမ်းကြည့်ရင်မြင်ရသလိုမျိုးပေါ့... လှမ်းကြည့်ရင်ကြည့်သလိုမြင်ရတယ်.. မီးတောင်ကိုလဲ လှမ်းတွေ့ရတယ်. ဒီမှာ..အဲဒီနေရာမှာထိုင်ခဲ့တာ...
အဝေးမှာတွေ့ရတာမီးတောင်...မီးတောင်အထဲမှာရေကန်အကြီးကြီးထပ်ရှိသေးတယ်...
အရင်ဆုံးအစားအသောက်တွေမှာပြီး ကျွန်မတို့ဓာတ်ပုံလိုက်ရိုက်ကြတာပေါ့.. indian ကောင်လေးက သတ်သတ်လွတ်ဆိုတော့ ကန်ဇွန်းရွက်ကြော်၊ နဲ့ ကျွန်မ နေ့လည်ကစားခဲ့တဲ့ အသီးစုံကြော် chopsoy နဲ
့ မှိုကြော်.. နောက် soup က creamy mushroom soup. ကိုကြီး၊ ကျော်ကျော်နဲ့ ကျွန်မကတော့ သတ်သတ်မလွတ်ဘူးဆိုတော့ ဘားငု ငါး၊ ဒီမှာတော့ အဲဒီငါးက အရမ်းနာမည်ကြီးတယ်.. မြန်မာပြည်က ငါးသလောက်လိုမျိုးပေါ့.. အရိုးတွေအများကြီး..ဒါပေမယ့် ကျွမ်းကျင်သူတွေက..တစ်ချက်ထဲဆွဲထုတ်လိုက်ရင် ရှိစမျှငါးတစ်ကိုယ်လုံးကအရိုးတွေပါလာတာ.. အံ့သြဖို့ကောင်းတယ်.. boneless ဘားငု ပေါ့..ငါးကြီးကြော်တစ်ကောင်..ကြော်ထားတာ တောင့်ပြီး ကော့ကွေးနေတာရီရတယ်... အလယ်မှာတော့ သင်္ဘောသီးကို မျှင်မျှင်လုပ်ပြီး ချို၊ချဉ် ယိုထိုးထားတဲ့ပုံလတ်လတ်ဆတ်ဆတ်ကိုအစာအနေနဲ့ပုံထားတယ်။ စားပြီးမှ ဓာတ်ပုံရိုက်ဖို့သတိရတယ်.. ငါးက အရေခွံဘဲကျန်တော့တယ်..ဟီးဟီး
နောက်တစ်ခုကတော့ ဒီဒေသရဲ့အရမ်းကို နာမည်ကြီးတဲ့ soup ပေါ့. ဘူလာလို လို့ခေါ်တယ်။ ဘာလဲသိလား..အမဲရိုးအကြီးကြီးကို အချောင်းလိုက် အတုံးတစ်လိုက်ပြုပ်ထားတာ..စားပွဲပေါ်လာချတဲ့အထိပွက်ပွက်ဆူနေတုံးဘဲ... အရိုးအသား အချောင်လိုက်ကို နူးနေအောင်ပြုပ်ပြီး အပေါ်ယံမှာ မုန်လာထုပ်အရွက်နဲ့ ပဲသီးတောင့်ကို ဖုံးထားတယ်။ အဲဒီ soup အရသာကတော့ တစ်ကယ်ကိုအရမ်းကောင်းပါတယ်... တော်တော့ကိုကောင်းတယ်။ ဒါပေမယ့် တစ်ပွဲမှာရင်.. (၄)ယောက်စားမကုန်ပါဘူး..အရိုးတုံးကြီးကိုတော့ထပ်တောင်းလို့မရပေမယ့် soup အရည်ကတော့ ဖရီးလိုက်ပွဲပါ.. တောင်းချင်သလောက်တောင်းလို့ရတယ်။ ဒါကတော့အသားတွေစားကုန်သွားလို့အရိုးသာကျန်တာပါ..
နောက်တော့ထမင်းက garlic rice ကြက်သွန်ဖြူထမင်းပေါ့.. စိတ်ထင် ကြက်သွန်ဖြူကို ညက်အောင် တောက်တောက်စင်းပြီး ဆီသတ်ပြီး ထမင်းပူနဲ့ ရောမွှေလိုက်တာပါဘဲ.. ကျွန်မကတော့မကြိုက်ဘူး... ဖျော်ရည်ကတော့ သရက်သီးစိမ်း (လတ်လတ်ဆတ်ဆတ်အစိမ်းကို ဘလန်ဒါနဲ့ဖျော်ဒါ)၊ မဟုတ်ရင် သရက်သီးအမှည့်.. ဖရဲသီး.. ဒါသူတို့စတိုင်ပြင်ဆင်ပုံလေးပေါ့..
ကျွန်မကတော့ ရေနဲ့ရေခဲဘဲသောက်ပါတယ်။
အစာတွေမှာထားတာ (၁း၃၀)လောက်ထိုင်စောင့်ရတယ်... လူလဲတော်တော်များပါတယ်။ ဒါနဲ့ ပြန်လာမယ်ဆိုတော့ ဘစ်ကားမရှိတော့ဘူး...တော်သေးတယ်..ဂျစ်ကားသေးသေးလေးလိုင်းကားလေးလာလို့ အဲဒါတက်စီးပြီးပြန်လာခဲ့တယ်.. ကျွန်မတောက်တောက်တောက် လုပ်ခဲ့တဲ့ကားလေးမျိုးပေါ့.... ကျောင်းရောက်တော့ ရပ်.. သူ့က ကျွန်မပစ္စည်းတွေကိုဝင်ယူ ပြီးကားမှတ်တိုင်မှာ ထိုင်စောင့်လိုက်တာ.. ည (၁၁း၃၀) ကျော်ပြီ..ဘာကားမှမလာဘူး.. ကျွန်မတော့ ချမ်းလို့ငိုမဲ့မဲ့ဖြစ်နေပြီး... သူတို့သုံးယောက်စလုံးကလဲ ကျောင်းသားတွေဆိုတော့ ကားဘယ်ရှိမလဲလေ.. ဒါနဲ့ မထူးဘူး.. လမ်းလျှောက်ပြန်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။ ပြောသာပြောတာ.. ကျွန်မတို့သုံးယောက်လုံးက ကြောက်နေကြတယ်။ ဘာလို့လဲသိလား..ဒီနိုင်ငံမှာ နေ့ခင်းကြောင်တောင်တောင် ဒမြအရမ်းပေါတယ်.. ဒီမိုကရေစီနိုင်ငံလေ.. ပစ်ချင်ပစ်..သတ်ချင်သတ်..ကားနဲ့တိုက်ချင်တိုက်.. ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်မတို့ကားရပ်စောင့်နေတဲ့နေရာလမ်းမ မှာဘဲ ကျောင်းလာတက်တဲ့ မြန်မာအမကြီးတစ်ယောက် ကလေးနှစ်ယောက်အမေ.. ကားတိုက်လို့ ပွဲချင်းပြီးဆုံးသွားတယ်.. ကိုကြီးကအရေးထဲ သူက တိုက်တာရော..လဲကျတာရော..ဆေးရုံပို့တာရော..အသုဘကိစ္စစီစဉ်တာအစအားလုံးပါနေတော့ သူကပြန်ပြောပြနေတယ်..ကျွန်မက ဟဲ့ကောင် တော်တော့... ဘာမှန်းတော့မသိဘူး..ကြောက်တာပေါ့..ပြီးတော့ အဲဒီအမကြီးက ကျွန်မသူ့ကိုလဲ ကျောင်းတက်ခဲ့တုန်းက ရင်းနှီးနေတော့ သူကဒီအရှေ့မှာ ဘယ်လိုသေတယ်ဆိုတာ Indian ကောင်လေးကိုရှင်းပြနေတော့ ကျွန်မတော်တော် ကြက်သီးထနေပြီး... ကျွန်မက ဟေ့ကောင်မတော်သေးဘူးလား..ရပ်ဆို..ပြောတော့ Inidan ကောင်လေးက ကူးကူး..စိတ်မပူနဲ့ ငါမကြောက်တတ်ပါဘူးတဲ့.. အောင်မလေးလေး.. ကြောက်တာက ငါ ဟဲ့.. လို့ပြောလိုက်တယ်.. နောက်ဆုံးမထူးတဲ့အဆုံးမှာတော့ ကျွန်မတို့သုံးယောက် လမ်းလျှောက်.. ဆုတောင်း ..ခြေတစ်လှမ်းကုဌေတစ်သန်းတွေဘာတွေမသိတော့ဘူး... အမြန်ကိုလျှောက်ကြတာ.. ကြောက်တဲ့စိတ်နဲ့ သုံးယောက်လုံးစကားတောင်မပြောနိုင်ဘူး.ကျွန်မပစ္စည်းတွေသူတို့နှစ်ယောက်ကသယ်ပေးတော့ ကျွန်မကတော့ ကိုယ်လွတ်လက်လွတ်လျှောက်... မိနစ် ၃၀ လောက်လျှောက်တော့... ဆိုင်တွေရှိတဲ့ မြို့ထဲလမ်းစွန်လေးကိုရောက်လာမှ သက်ပြင်းချနိုင်တော့တယ်.. ဒီမှာကအရမ်းဆိုးတာ.. ဖုန်းတစ်လုံးလုဖို့လူသတ်ရမှာသူတို့ဝန်မလေးဘူး..ပြီးရင် ကိုယ်တစ်ခုခုဖြစ်လို့အော်ရင်တောင် ဘယ်အိမ်ကမှထွက်ပြီးလာမကူရဲဘူး.. သူတို့ပါခံရမှာ..အဲလို..။ ကျွန်မ ရုံးကိုဖုန်းဆက်တော့ဘဲ driver တွေကမရှိတော့ဘူး.. တော်တော်ဆိုးတဲ့အဖြစ်.. ကျွန်မသူများကိုခေါ်ပြီး လာကြိုခိုင်းဖို့လဲအရမ်းအားနာတတ်တော့..ဘာဘဲဖြစ်ဖြစ်..ဆုတောင်းပြီးနောက်ဆုံးတော့ အိမ်ကိုချောချောမောမောပြန်ရောက်ပါတယ်.. ခြံဝင်းထဲစ၀င်တာနဲ့လုံခြုံပြီလေ.. တော်တော်ကြောက်ခဲ့တာတော့အမှန်ဘဲ... စရောက်ကတည်းက ည၆ နာရီနောက်ပိုင်းဆိုတစ်ခါမှမပြင်မထွက်ခဲ့ဖူးဘူး..ဒါပထမဆုံးနဲ့ သင်ခန်းစာဘဲ... ဒီနေ့မနက်ရုံရောက်တော့ ဒီနိုင်ငံသူအမကြီးကိုပြောပြတော့..သူတို့စိတ်ပူလိုက်တာ.. မေ.. နောက်ဆုံးလုံးဝလုံးဝညဖက်အပြင်မထွက်ပါနဲ့တဲ့..ဒီနေ့တော့ရုံးမှာ ကျွန်မတို့ မြန်မာသုံးယောက်လမ်းလျှောက်ပြန်လာတာဒီအထိဟိုင်းဝေးလမ်းမပေါ်မှာ... အရမ်းကို အန္တရယ်များတဲ့အကြောင်းတစ်ယောက်ပြီးတစ်ယောက်လာဆူနေကြတယ်။ သူတို့တောင်ကြောက်တယ်.. ကားမရှိတော့ပိုဆိုးတယ်.. အိမ်ဘေးက အကိုကြီး ကလဲ ဘာလို့သူ့ကိုဖုန်းဆက်မခေါ်လဲဆိုပြီးဆူတယ်။ သူ့မှာကားရှိတော့ ကျွန်မကို ဘယ်နေရာရောက်ရောက်ဖုန်းဆက်လက်ပါသူလာကြိုမယ်လို့ခဏခဏသတိပေးရက်နဲ့.. အားနာတတ်တာလဲ ဒီစိတ်ကိုဘယ်လိုမှဖျောက်လို့မရဘူး... နောက်ဆိုရင်တော့ သတိထားရမယ်။ ညဆိုအပြင်လုံးဝမထွက်တော့ဘူး..ကျွန်မက ဟိုင်းဝေးလမ်းမဆိုတော့ အမြဲကားတွေသွားလာနေမယ်..ရှိနေမယ်လို့ ထင်ထားမိလိုက်တာတစ်ချက်။ နောက်တစ်ချက်က အစားတွေမှာပြီး ဒီလောက် အကြာကြီးစောင့်ရမယ်လို့မထင်ထားတာတစ်ချက်။ နောက်တစ်ချက် က ကျွန်မနာရီက အချိန်မှားနေတာ...

Comments

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ