Pages

Tuesday, March 25, 2008

ခွဲခွာခြင်း

တစ်ယောက်ယောက်ကိုသံယောဇဉ်တွယ်လာခဲ့ပြီးမှခွဲခွာရတာဘ၀အစိတ်အပိုင်းတစ်ခုအနေနဲ့ ဖြတ်တောက်လို့ရရင်ဖြတ်ပစ်ချင်ပါတယ်။ကျွန်မဒီကိုစရောက်ရောက်ပြီးချင်းမှာဘဲအကိုလို/ဆရာ
လိုခင်တဲ့အကိုကြီးတစ်ယောက်၊ ကျွန်မဘာဖြစ်ဖြစ်တိုင်ပင်၊မသိတာမေးသူ့ကိုသာတွယ်နေရင်း ၅လာအကြာမှာသူအာဖရိကကိုပြောင်းသွားတော့ကျွန်မမှာစိတ်မကောင်းအရမ်းကိုဖြစ်ခဲ့ရပါတယ်။
သူလာနှုတ်ဆက်တော့မျက်ရည်ကျမိတယ်။ကိုယ့်ကိုကိုယ်အမုန်းဆုံးအရာကတော့အရမ်းစိတ်ထား
ပျော့ညံ့တာကိုပါဘဲ။ အွန်လိုင်းမှအမြဲလိုလိုစကားပြောနေတဲ့သူငယ်ချင်းဆန်အိတ်မြန်မာပြည်ပြန်
သွားတော့လဲဝမ်းနဲရသလိုအမြဲရန်ဖြစ်နေရတဲ့သူငယ်ချင်းခိုင်ခိုင်ထွန်းနဲ့စကားများပြီးအဆက်သွယ်
ဖြတ်လိုက်ရတာကိုလဲတွေးတိုင်းစိတ်မကောင်းဖြစ်မိတယ်။သူငယ်ချင်းအာလူးမိန်းမယူသွားတော့
ငါ့ကိုများမခင်တော့ဘူးလားလို့တွေးမိပြန်ရော။တိုတိုနီနီကထင်ချင်ရာထင်ပြီးအမျိုးမျိုးစိတ်တိုပြော
ဆိုပြီးအဆက်သွယ်ဖြတ်လိုက်တာကိုလဲတွေးမိတိုင်းဝမ်းနည်းရပါတယ်။ ဒီနေ့လဲရောက်ကတည်းကအဖေလိုဖြစ်နေတဲ့ဆရာက အနောက်နိုင်ငံကိုပြောင်းတော့မယ်လို့သိ
လိုက်ရတော့သူများတွေက၀ိုင်းနှုတ်ဆက်ပေမယ့်ကျွန်မကတော့မျက်ရည်ဝဲနေပြီလေ။မသိတာရှိရင်
သူ့ကိုမေး၊တိုင်ပင်စရာတွေကိုသူနဲ့အမြဲဆွေးနွေး(Personnel director) လဲဟုတ်သလိုကျွန်မရောက် ရောက်ချင်းလေဆိပ်မှာ ဟိုကြောင်ဒီကြောင်ဖြစ်မှာဆိုးလို့ရုံးကကားဒရိုင်ဘာတွေကိုမခိုင်းဘဲသူကိုယ်
တိုင်လာကြိုခဲ့တာ၊ အမြဲအားပေးခဲ့တာတွေအခုတော့သူရော သူ့မိသားနဲ့ပါခွဲရတော့မှာပါလား။
သံယောဇဉ်ဆိုတာမကောင်းပါဘူး။ နောင်ဆိုသံယောဇဉ်မထားမိအောင်နေမှ။ ခံစားရတာကကိုယ်ကိုယ်တိုင်။လူရယ်လို့ဖြစ်လာမှတော့သံယောဇဉ်နဲ့မကင်းနိုင်ဘူး။
ဒါပေမယ့်ဖြစ်လာသမျှလောကရဲ့မတည်ငြိမ်မမြဲတဲ့သဘောတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်
အောင်ကြိုးစားမှဖြစ်တော့မယ်။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger