Skip to main content

Favorite Blogger & Links - WHY?

ကျွန်မဘလော့မှာတင်ထားတဲ့ အကြိုက်ဆုံးဘလော့ဂါတွေနဲ့ ဆိုဒ်တွေဘာကြောင့်လဲ..
ဘာတွေရေးထားလဲဆိုတာရှင်းပြချင်လို့ပါ။
ဒါကတော့ကူးကူးမ၀င်မဖြစ်၊ တစ်ရေးနိုးတောင်ထ၀င်တဲ့ဖိုရမ်လေးပါ။ တစ်ခြားဖိုရမ်တွေနဲ့မတူဘဲ
မန်ဘာတွေအားလုံး မောင်နှမတွေလိုစည်းလုံးပြီး ယဉ်ကျေးသိမ်မွေ့ကြတဲ့မေတ္တာရိပ်မွန်လေးပေါ့။ ရင်ဖွင့်စရာရှိရင်ပွင့်ပွင့်လင်းလင်းပြောလို့ရသလို၊ လိုအပ်တာတွေရှိရင်လဲအချင်းချင်းရိုင်းပင်းကူညီ
အားပေးကြတယ်။ ကျမ်းမာရေး၊ လူမှုရေး၊ အချစ်ရေး အစုံလင်ရှိသလိုကွန်ပြူတာနဲ့ပတ်သတ်တဲ့
အကူညီအားလုံးစုံပါတယ်။ ဖိုရမ်တွေအများကြီးကိုသိပေမယ့်ဒီဖိုရမ်လေးကတော့ကူးကူးအကြိုက်
ဆုံးနဲ့ စိတ်အချမ်းမြေ့ဆုံးဖိုရမ်လေးပါ။
ဒါကတော့ အကိုကြီးလိုချစ်ခင်လေးစားရတဲ့ ဥဥဆိုးအောင်ရဲ့ ဘလော့လေးပါ။ သူဖြတ်သန်းလာရ
တဲ့အတွေ့ကြုံတွေကိုဇတ်လမ်းသဖွယ်ရေးထားသလို၊ရင်နင့်စရာကောင်းလှတဲ့ ဖြစ်ရပ်မှန်လေးတေ
ကိုပါ ကဗျာလေးတွေနဲ့ပုံဖော်ထားတာပါ။
သူကစာသာရေးချင်တာ..ဘလော့သိပ်တော့မလုပ်တတ်သေးတော့ Professional blog လောက်
တော့မလှပပေမယ့် အထဲကစာတွေကတော့ ဖတ်ကြည့်လိုက်ရင် ရင်ဘတ်ကိုတန်းထိစေတော့
တာပါဘဲ။
We,She,Me ဆိုတဲ့ဘလော့လေးပါ။ သင်ခန်းစာရစရာတွေအများကြီးရှိသလိုမိသားစုနဲ့ဝေးကွာ
နေတဲ့ ကျွန်မအတွက် အဲဒီဘလော့လေးကိုဖတ်လိုက်ရင်စိတ်ချမ်းမြေ့သွားတယ်.. အပိုစာသား
တွေမပါဘူး..ရိုးရိုးရှင်းရှင်းနဲ့ လက်တွေ့ကျတဲ့ ဘ၀အကြောင်းရာတွေ၊ လေ့လာသိမှတ်စရာတွေ
များကြီးရှိတယ်။
တစ်ခါဖတ်ကြည့်လိုက်တာနဲ့ ပိုစ်အဟောင်းတွေကိုပါအကုန်ရှာဖတ်ဖြစ်တယ်။ အဲလောက်ထိစွဲ
ဆောင်မှုကောင်းတဲ့ ဘလော့လေးပါ။ ဘလော့ဂါလောကအကြောင်းကိုမသိပေမယ့် မနိုင်းနိုင်း
ကတော့ စာရေးဆရာမထက်ကိုကလောင် ထက်လှပါတယ်။ ဘာသာပြန်ထားတဲ့အကြောင်း
တွေက သင်ခန်းစာရသလို.. ငယ်တုန်းက အကြောင်းအရာလေးတွေ ကိုလဲစိတ်ဝင်စားအောင်
ရေးတတ်လွန်းပါတယ်။ ကျွန်မအရမ်းကိုအားကျရတဲ့စာရေးသူတစ်ယောက်ပါ။
ဒီမှာတော့ ချက်ထားလိုက်တဲ့ဟင်းပေါင်းစုံ၊ မုန့်လုပ်နည်းပေါင်းစုံ အကုန်စုံရှိတယ်။ တစ်ကယ့်
ကိုမီးဖိုချောင်လေးပါဘဲ။ တစ်ခုခုလုပ်စားချင်ရင်မမလုဘလော့ကိုပြေးဖတ် ...ပြီးသူရေးပေးထား
တဲ့နည်း အတိုင်းလိုက်လုပ်စားရတာအမောပါ။ ဓာတ်ပုံလေးတွေပါတင်ထားတော့...အောင်မလေးလေး..ပြောရင်းနဲ့တောင်ဗိုက်ဆာလာတယ်။
ဟင်းတစ်ခါမှမချက်ဖူး တဲ့သူတွေတောင် စာဖတ်ပြီးတာနဲ့ချက်နိုင်အောင်အသေးစိတ်စေ့စေ့ဌဌ ရေးထားပေးတဲ့စေတနာကို ကျေးဇူးတင်လို့ မဆုံးပါဘူး။
သူကတော့ တစ်ကယ့်ကိုဆရာကြီးပါ.. သူ့ဘလော့မှာအများကြီးရှိတယ်..ဘာအကြောင်းလဲ.
.တကယ့်ကိုလေ့လာပြီး မှ သေချာရေးထားတာပါ.အထူးသဖြင့် ဘလော့လုပ်ချင်သူများလွယ်
ကူအောင်အကြံလေးတွေပေးထားတယ်။ ဆောင်ရန် ရှောင်ရန်တွေလဲရှိတယ်။ ဖတ်ကိုဖတ်
သင့်တဲ့နေရာလေးတစ်ခုပါ။ ကူးကူးပြီးခဲ့တဲ့နှစ် ဘလော့စလုပ်တုန်းက သူကူညီခဲ့ဖူး တယ်၊ အခုတော့သူလဲမေ့လောက်ပါပြီ။ ကျေးဇူးရှင်ဆိုတော့ ကူးကူးကမမေ့ဘူး။
ပင့်ဂိုးကတော့ ဘလော့ဂါဆရာမလေးပေါ့။ သူ့ကိုပဒုမ္မာဖိုရမ်မှာသိနေပေမယ့်၊ အပြင်မှာလဲ
တွေ့ခဲ့ပေမယ့် ဘလော့ဂါမှန်း မသိပါဘူး။ နောက်မှကိုကြီးမျိုးတော်ကကူးကူးဘလော့လုပ်ချင် တာမသိတာတွေမေးချင်လို့ဆိုတော့ ပင့်ဂိုးရှိတယ်လေ တဲ့။ သူကအစစရာရာကူညီပေးခဲ့ပါ
တယ်။ ဒါနဲ့ ဘဲဒီဘလော့လေးပေါ်လာခဲ့တာပါ။ သူ့ဘလော့လေးမှာလဲ သူ့အတွေ့ ကြုံတွေနဲ့ စိတ်ပေါ့ပါးပျော်ရွှင်စေမယ့်အရာလေးတွေရေးထားတယ်။ ခုတော့ သူအလုပ်များနေတယ်လေ။
ဒါကတော့ ဥဥဆိုးအောင်ရဲ့ ဘလော့မလုပ်ခင်တုန်းက multiply ဆိုဒ်လေးပါ..သူ့ချစ်ဇနီးပုံ
လေးတွေရှိတယ်။ အခုခေတ် လူငယ်တွေစိတ်ဝင်စားမယ့် sexy handphone wallpaper
တွေရှိတယ်... သူ့ရဲ့ကမ္ဘာလေးတစ်ခုပေါ့။
ရိုးရိုးလေးကတော့ ပထမဆုံးရတဲ့ဘလော့ဂါသူငယ်ချင်းလေးပါ။ ကူးကူးဘလော့ထဲကိုမျက်စိ
လည်ပြီးရောက်လာပြီး သူငယ်ချင်းဖြစ်သွားတာပေါ့။ သူ့နာမည်ကသာရိုးရိုးလေး... သူ့ဘလော့
မှာတော့ ကျွန်မတောင်နားမလည်နိုင်တဲ့ ဘာသာရေးအကြောင်းတရားတွေ၊ မြန်မာ့ရာဇ၀င်မှာထင်ရှားကျော်ကြားခဲ့တဲ့သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေကို အသေးစိတ်ရှာဖွေပြီး
တင်ပြထားသလို လူတိုင်းလေ့လာသင့်တဲ့ အင်္ဂလိပ်စာကိုလဲ နားလည်လွယ်အောင်ဂရမ်မာတွေ နဲ့
ရှင်းပြထားပါတယ်။
ဒီနေရာမှာတော့ နိုင်ငံရေးတွေနဲနဲပါတယ်။ လူတိုင်းမှာကိုယ့်အမြင်နဲ့ကိုယ်ရှိသလိုသိသင့်တာလေးတွေ၊ နောက်ဆုံးသတင်းလေးတွေကိုသိချင်ရင်ဝင်ဖတ်နိုင်ပါတယ်။
vzo chat ကိုဒေါင်းလုဒ်လုပ်တော့ အရင်ဆုံးစာတစ်စောင်ရတယ်။ သူ့ရဲ့ ဆိုဒ်လေးပါ၊ လာလည်
ပါဆိုလို့ ဒီနေ့ဘဲ ၀င်ကြည့်လိုက်တော့ မြန်မာကားတွေနောက်ဆုံးထွက်တွေကအစ၊ ဗီစီဒီသီချင်းခွေတွေပါ.အကြာကြီးစောင့်စရာမလို ဘဲကြည့်လို့ရတယ်။ အမေရိကား၊ ကနေဒါ
သွားချင် ကျောင်းတက်ချင်တဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန် အချက်အလက်တွေနဲ့
အသုံးဝင်မယ့် အကြောင်းအရာတွေအကုန်စုံရှိပါတယ်။
ဒါကတော့ မြန်မာအစားစာတစ်ချို့ကိုဘယ်လိုချက်ပြုပ်ရလဲဆိုတာကို အင်္ဂလိပ်လိုသေချာရှင်းပြ
ရေးထားတဲ့ ဆိုဒ်လေး တစ်ခုပါ။ အထူးသဖြင့်နိုင်ငံခြားသားတွေမြန်မာစာစားချင်ရင် ဘယ်လိုချက်ရမလဲဆိုတာဖတ်တာနဲ့သိနိုင်တဲ့ နေရာလေးပေါ့။
ဒီဆိုဒ်လေးကိုတော့ bookmark လုပ်ထားတာကြာပါပြီ။ ခရစ်ယာန်ဖြစ်ပေမယ့်မင်္ဂလာဆောင်ရင်
မြန်မာထိုင်မသိမ်းနဲ့ ၀တ်စုံလေးတွေကိုအရမ်းဝတ်ချင်၊ သဘောကျလွန်းလို့ဝင်ဝင်ငမ်းတဲ့ နေရာ
လေးပါ။ သူငယ်ချင်းတွေကိုလဲပြလို့ရတယ်လေ။ ငါတို့မြန်မာတွေမင်္ဂလာဆောင်ရင်ဒီလိုဝတ်တယ်၊ ဒီလိုအလှပြင်တယ်ပေါ့။ ပြီးတော့ မင်္ဂလာဆောင်တော့မယ့်သူတွေအတွက် ခန်းမ၊ လက်စွပ်၊
မိတ်ကပ်အလှပြင်၊ ပန်းအလှပြင်၊ ဓာတ်ပုံ၊ ဟန်းနီးမွန်း အားလုံးကိုဒီ ဆိုဒ်ကနေကြည့်ပြီး
ကြိုတင်စီစဉ်လို့ရပါတယ်။
ကိုးရီးယားကားတွေကိုနှစ်ခြိုက်တော့သူတို့မင်းသားမင်းသမီးတွေကမြန်မာပြည်ကမင်းသား
မင်းသမီးတွေလိုရင်းနှီးနေပြီ။ သူတို့ရဲ့နောက်ဆုံးပေါ်သတင်းတွေ၊ ဖက်ရှင်တွေအစုံ၊ ဓာတ်ပုံ
တွေဝေေ၀ဆာဆာနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဆိုဒ်လေးပါ။
ရှေးဟောင်းအင်္ဂလိပ်ကားတွေကြည့်လို့ရတယ်... တစ်ကယ့်ကားကောင်းတွေပါ..
အဝေးရောက်မြန်မာတွေအတွက် မြန်မာ့ချည်ထည်၊အ၀တ်တွေနဲ့ချုပ်ထားတဲ့ဒီဇိုင်းပေါင်းစုံ၊
တိုင်းရင်းသားဝတ်စုံပေါင်းစုံ ကိုအွန်လိုင်းကနေ၀ယ်လို့ရတဲ့ဆိုဒ်လေးပါ။
မြန်မာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုပါ..
ကိုးရီးယား၊တရုတ်၊ ယိုးဒယား၊ ဖိလိပီနို၊ အစရှိတဲ့အာရှနိုင်ငံက ထွက်သမျှ ရုပ်ရှင်စီးရီးတွေ
အကုန်လုံး၊ အခွေတွေကို အလကားကြည့်လို့ရပါတယ်။
မြန်မာပြည်အခုခေတ်မီလာပါပြီ...ကာလသားများအကြိုက် ဟော့ရှော့ဖက်ရှင်ရှိုးတွေ၊ ဓာတ်ပုံ
တွေရှိတဲ့နေရာလေးပါ။
မြန်မာသီချင်းတစ်ချို့အခွေလိုက်ရှိပါတယ်။
ဒီမှာတော့ ခေတ်စားတဲ့ မြန်မာဗီစီဒီနောက်ဆုံးပေါ်တွေနဲ့ရုပ်ရှင်ကားတစ်ချို့..အဲဒီကနေ
အရိုင်းပန်းမှာ သီချင်းတွေကို ဒေါင်းလုဒ်လုပ်လို့ရပါတယ်။
တစ်ပတ်တစ်ခါအမြဲနောက်ဆုံးပေါ်မင်းသားမင်းသမီးသတင်းအစုံ၊ လူမှုရေး၊ စီးပွားရေး..
အစုံတင်ပေးတဲ့နေရာလေးပါ။ တနင်္လာနေ့တိုင်းအသစ်တွေတင်ပါတယ်။
ထိုင်းအစားအစာကြိုက်တဲ့သူတွေအတွက် အစားသောက်အစုံကို ဘယ်လိုချက်ရလဲဆိုတာ အင်္ဂလိပ်လိုရှင်းပြရေးထားပေးပါတယ်။ ပုံတွေလဲပါတယ်။ စားချင်စရာတွေချည်းဘဲ။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ