Skip to main content

တွဲထားသောလက်များ


တစ်ရက်ကျွန်မ သိမ်ကြီးဈေး MCC ကနေပြန်အလာ ပလက်ဖောင်းတစ်လျှောက်တစ်ယောက်တည်းပျင်းရိရိနဲ့ လမ်းလျှောက်နေတဲ့အချိန်၊ ကျွန်မနဲ့ အရှေ့မလှမ်းမကမ်းမှာ ချစ်သူ (သို့) လင်မယား နှစ်ယောက် တစ်ယောက်လက်တစ်ဖက်၊ လေးတယ်လို့ထင်ရတဲ့အထုတ်တွေကိုဆွဲလို့၊ ရန်ကုန်နွေနေပူပူအောက်မှာ လမ်းလျှောက်နေကြတယ်။ ကျွန်မစိတ်ထင်တော့ သိမ်ကြီးဈေးကနေပြန်ရောင်းဖို့ပစည်းတွေဝယ်လာတာဖြစ်မယ်လို့ တွေးထင်လိုက်တယ်။ ပုံစံကြည့်ရတာတော့နွမ်းနွမ်းပါးပါးပါဘဲ။ မိန်းကလေးသယ်တဲ့အထုတ်က ယောက်ျားသည်တဲ့အထုတ်ထက်ပိုသေပြီးပေါ့ပုံရပေမယ့် သူကမိန်းကလေးပေကိုး လေးတော့တော်တော်လေးမယ်။ ကျွန်မဆတ်တောက်တောက်နဲ့ ကျော်တက်သွားမလို့အတွေးဝင်ပေမယ့်.. တစ်ဖြည်းဖြည်းချင်းဘဲ သူတို့နောက်ကလျှောက်ပြီး ကြည့်နေမိတယ်။ ရည်ရွယ်ချက်ကတော့တိတိကျကျမရှိပါဘူး။ လမ်းလျှောက်နေရင်းအပျင်းပြေဆိုပြီးကြည့်နေလိုက်တာ။ ဒီလိုနဲ့ မီးပွိုင့် လမ်းကူးပြီး ဘုရားကျောင်းနားကိုကျော်သွားတဲ့အခါ.. ရုတ်တရက် ယောက်ျားဖြစ်သူက ဘာစိတ်ကူးပေါက်လဲမသိဘူး။ မိန်းမဆီကအထုတ်ကို လှမ်းယူပြီး သူ့အထုတ်နဲ့ ပေါင်းပြီးဆွဲလိုက်တယ်။ ကျန်လက်တစ်ဖက်က မိန်းကလေးရဲ့လက်ကိုကိုင်ပြီး ပြုံးရွှင်ပေါ့ပါးစွာနဲ့ ဆက်လျှောက်သွားကြတယ်။ကျွန်မတောင်သူတို့နောက် မြန်မြန်ဆက်မလျှောက်နိုင်ဘဲကျန်ခဲ့တယ်။

အဲဒီအချိန်မှာ ကျွန်မအတွေးတစ်ခုဝင်လာတယ်။

တစ်ဦးတစ်ယောက်က ကျန်တစ်ဦးရဲ့ လက်ကိုတွဲလိုက်တဲ့ အခါမှရရှိလာတဲ့ခွန်အား..ကိုယ်ခန္တာအရတော့ အားရချင်မှရမယ်။ လူဆိုတာစိတ်ဆောင်ရင်ကိုယ်ပါတာမို့..စိတ်ခွန်အားတော့ရမှာသေချာတယ်။ ဒါကို လက်တွဲထားသူနှစ်ဦးသာသိလိမ့်မယ်။

ငယ်စဉ်ကလေးအရွယ်တုန်းက အဖေ၊ အမေကို အားကိုးပြီးတွဲထားတဲ့လက်။ ကြီးလာတော့ ခင်မင်တဲ့သူငယ်ချင်းတွေယုံကြည်မှုနဲ့ တွဲထားကြတဲ့လက်။

ချစ်သူတွေရလာပြန်တော့လဲ ချစ်မြတ်နိုးတဲ့စိတ်နဲ့ မလွှတ်တမ်းတွဲထားတဲ့လက်။

အကြင်လင်မယားဖြစ်တော့လဲ တစ်ဦးပေါ်တစ်ဦး နားလည်ကြင်နာမှုနဲ့ တွဲထားတဲ့လက်။

အသက်ရွယ်ကြီးရင့်လာတော့လဲ တစ်ယောက်ပေါ်တစ်ယောက် မှီခိုပြီးတွဲထားတဲ့လက်။

အဲဒီတွဲလက်တွေထဲမှာ စွမ်းအင်တွေအများကြီးပါဝင်နေတယ်ဆိုတာကို တွေးကြည့်မိတယ်။

နေမကောင်း၊ မကျမ်းမာဖြစ်နေတဲ့သူတွေကို အစားအသောက်တွေသွားပေးပြီး အားပေးစကားတွေပြောတာထက်၊ သူ့လက်ကို ကြင်နာစွာဆုပ်ကိုင်အားပေးရင် အဲဒီခွန်အားက အနှိုင်းမဲ့ပါဘဲ။

အရာတစ်ခုခုမှာ ကျဆုံးအားငယ်နေတဲ့သူကို သူ့လက်ကိုကိုင်ပြီး အားပေးလိုက်တဲ့အချိန်မှာ သူ့ရဲ့စိတ်ထဲမှာ အင်အားတွေအလိုလိုဝင်လာနိုင်သလို၊

ချစ်ခင်တဲ့မိသားစု၊ မောင်နှမ၊ ဆွေမျိုးများကိုလဲ ခွဲခွာရတော့မယ့်အချိန်၊ ပြန်တွေ့တဲ့အချိန်မှာ ဆုတ်ကိုင်လိုက်တဲ့လက်တွေမှာ ခွန်အားတွေရှိတယ်ဆိုတာငြင်းလို့မရနိုင်ပါဘူး။

ဒီနေ့ဘဲ သင်ချစ်တဲ့သူငယ်ချင်း၊ မောင်နှမ၊ မိဘ၊ ချစ်သူရဲ့ လက်ကို ဆွဲကိုင်ပြီး အဲဒီစွမ်းအားကို ခံစားကြည့်လိုက်ပါ။

မယုံနိုင်လောက်တဲ့စွမ်းအင်တစ်ခုကို တစ်ဖြည်းဖြည်းနဲ့ခံစားနားလည်ပြီး တွဲထားတဲ့လက်တွေဟာ အဓိပယ်ရှိတယ်ဆိုတာယုံကြည်လာပါလိမ့်မယ်။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...