Skip to main content

ခွေးသူခိုး

ခွေးသူခိုး...နာမည်ကတော့တော်တော်ဆိုးပါတယ်။ ဒါပေမယ့် ခွေးကိုခိုးမှတော့ ခွေးသူခိုးဖြစ်တာပေါ့လေ...
ဒီလို..တစ်ရက် ကျွန်မခြံဝင်းထဲမှာလမ်းလျှောက်တော့ တစ်နေရာအရောက်..အနောက်ကခြေသံကြားတော့လှမ်းကြည့်လိုက်တော့ခွေးလေးတစ်ကောင်..
သေးသေးလေး.. ကျွန်မနောက်ကိုပြေးလိုက်လာတာ။ လာပြီးအနားရောက်တော့ ကျွန်မကိုမော့ကြည့်နေတာ..ချစ်စရာကောင်းလိုက်တာ..ဘယ်ကခွေးလေးမှန်းလဲမသိဘူး။ ခွေးဆိုအသေချစ်တဲ့ကျွန်မ၊ ခွေးဝယ်မလိုအကြိမ်ကြိမ်စဉ်းစားတယ်.. မော(လ်)တွေရောက်တိုင်း အကောင်လေးတွေရောင်းတဲ့ဆိုင်ကိုသွားသွားငမ်းတယ်.. ၀ယ်ပြီးရင် သေသွားမှာလဲကြောက်တယ်။ ယုန်လေးတုန်တုန်တောင်ဝယ်ပြီး သိပ်မကြာဘူးသေသွားတာ။ အဲဒီနေ့တော့ အရန်သင့် ခွေးလေးတစ်ကောင်အနားရောက်လာတယ်..ကျွန်မကသူ့ကိုချီလိုက်တော့ သူက လျှာနဲ့လိုက်ယက်နေတယ်... ကျွန်မလဲသူများခွေးဖြစ်မှာဘဲဆိုပြီး ချထားလိုက်ပြီးလှည့်တကြည့်ကြည့်နဲ့ ဆက်လျှောက်သွားတော့ သူကအနောက်ကဆက်လိုက်လာတယ်။ ဒီမှာက တစ်အိမ်ကို တရိစ္ဆာန်တစ်ကောင်ဘဲထားခွင့်ရှိတယ်။ ထားတဲ့အကောင်လေးတွေကနဲ့ နာမည်နဲ့ ၊ သူတို့ register နံပတ်နဲ့။ ဒီအကောင်လေးကျတော့ ဘာမှမရှိဘူး။ ဒါနဲ့ ကျွန်မလဲမထူးပါဘူးဆိုပြီးကောက်ချီပြီး အိမ်ကိုခေါ်လာတယ်။ (အမှန်က လိုက်မေးပြီးပြန်ပေးလိုက်ရင်ရပေမယ့် လိုချင်လို့ခိုးလာတာ) အိမ်ရောက်တော့ အစာကြွေး.. သူကပျော်နေတာ..ဟိုပြေးဒီပြေးနဲ့.. ကလေးလေးဘဲရှိသေးတာကိုး... ကျွန်မလဲတော်တော်ပျော်တယ်။။ ရုံးတက်ရတာ စိတ်မဖြောင့်ဘူး.. သူ့ကိုဘာနာမည်ပေးရင်ကောင်းမလဲ.. သူအိပ်ဖို့နေရာ ကျွန်မကုတင်ဘေးမှာ... သူ့အတွက် ကော်ဗုံးနဲ့အိမ်ကလေးဝယ်ပေးရမယ်။ သူအားရင်ကိုက်ဖို့အရိုးအတုလေးတွေလဲဝယ်ရမယ်။ ဆေးတွေဘာတွေကြိုတင်ထိုးထားဖို့ ဆရာဝန်ဆီခေါ်သွားရမယ်.. စိတ်ကူးနေလိုက်တာ.. နေ့လည်ထမင်းစားချိန်တောင်ကျွန်မချစ်သူနဲ့ စကားမပြောနိုင်ဘူး...သူနဲ့ဘဲအလုပ်ရှုပ်နေတာ.. ဒါပေမယ့် အဲဒါ secret, ဘယ်သူ့ကိုမှမပြောဘူး... သူ့ကိုအစာကြွေး..အစာစားတာ ဟိုကျဒီကျနဲ့ ရှုပ်ပွနေတာကိုလိုက်ရှင်း..ကျွန်မဖိနပ်တွေလဲ တစ်ဖက်က ခုံအောက်ရောက်..နောက်တစ်ဖက်က အိမ်နောက်ဖေးရောက်... သူလျှောက်ကိုက်သွားတာနေမှာ... ခွေးလေးနဲ့တောင်တွဲပြီးဓာတ်ပုံတွေဘာတွေရိုက်လိုက်သေးတယ်... ပြီးရင်အိမ်ကိုပို့ပြီးခွေးလေးတစ်ကောက်ရတဲ့အကြောင်းကြွားမယ်ပေါ့.....ဒါနဲ့ ထမင်းစားချိန်ပြီးတော့ကျွန်မအိမ်တံခါးကိုသော့ခတ်ပြီး သူ့ကိုအထဲမှာထားခဲ့တယ်... မအော်ဘူး..သူကဆော့နေတာ.. ရုံးရောက်တော့ ထုံးစံအတိုင်းအလုပ်များနေတာ..ရုတ်တရက် reception က announcement ဆိုပြီးလာတော့..ကျွန်မရင်ထိတ်သွားတာ.. ခွေးလေးကပိုင်ရှင်တော့ရှိမှာပါ.. ပြီးတော့ ကျွန်မနေတဲ့ campus ထဲက အိမ်တစ်အိမ်အိမ်ကလဲဖြစ်နိုင်တယ်... အဲဒီ မှာ စကြားရတာကတော့... စာရင်းစစ် မစ်စတာ (....) အိမ်က ခွေးကလေးတစ်ကောင် အပြင်ထွက်ပြီး ပျောက်သွားတယ်။ တွေ့ရင်ပြန်လာပေးပါ။ ခြံဝင်းက အကျယ်ကြီး၊ အစောင့်တွေလဲ အမြဲလိုလိုလှည့်နေတော့ တော်ရုံခွေးလေးက ခြံပြင်လမ်းမကိုထွက်ဖို့မလွယ်ဘူး။ Gardener တွေလဲအများကြီးရှိတယ်လေ။ ကြော်ငြာတာတစ်ခါ.... ဒီမှာတော့ နှလုံးခုန်အရမ်းမြန်နေပြီ...ဘာလုပ်ရမှန်းလဲမသိဘူး..ဒါနဲ့... ကျွန်မဖုန်းခေါ်ပြီး.. အကျိုးကြောင်းပြောပြတော့..သူက လိုချင်ရင်တစ်ကောင်သွားဝယ်လိုက်ပါ...ကိုယ်ဝယ်ပေးမယ် သူများခွေးလေးကိုပြန်ပေးလိုက်ပါတဲ့...သိသွားရင်မကောင်းဘူး..ဘာညာနဲ့...
ကျွန်မက..၀ယ်ရင်လဲအဲလိုခွေးလေးနဲ့

ပုံစံတူတာဘယ်ရမလဲဆိုပြီးဂျီနေသေးတယ်..သူက ရပါတယ်..အဲလိုဆုတ်ဖွားလေးတွေအများကြီးရောင်းနေတာ..ပြန်ပေးလိုက်ပါရှက်စရာကြီးဆိုတော့..
နောက်ဆုံးတော့လဲ... ခွေးလေးကိုချီပြီး.... အဲဒီပိုင်ရှင်အိမ်မှာသွားပြန်ပို့လိုက်ရတယ်... ၀မ်းနဲလိုက်တာပြောမနေနဲ့ စိတ်လဲမကောင်းဘူး...မျက်နှာငယ်ငယ်လေးနဲ့လမ်းပြန်လျှောက်လာတယ်... ညပိုင်းကျတော့..ကျွန်မကသူ့ကို ခိုးခဲ့တဲ့ခွေးလေးပုံပြတော့မှ...အေးဟ ..ချစ်စရာလေး..ကူးကူးခိုးချင်တယ်ဆိုရင်လဲခိုးချင်စရာလေး၊ ကိုယ်သွားခိုးပေးမယ်ဆိုပြီးနောက်နေသေးတယ်...
(စိတ်တိုတယ်) ဘာဘဲဖြစ်ဖြစ် ခွေးလေးကိုခိုးတဲ့သူလေးတစ်ရက်ကူးကူးဖြစ်ခဲ့ဖူးပါတယ်....
ဒီမှာလေ....ဒီအကောင်လေးပေါ့

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ