Pages

Friday, March 7, 2008

သတ်သတ်လွတ်ဟင်းနေ့

ဒီနေ့ကတော့ တနင်္ဂနွေနေ့... မြန်မာပြည်ကလာလည်တဲ့ဒေါက်တာမမက ပြန်တော့မှာ. သူကညနေဆိုလေယဉ်နဲ့ အနောက်နိုင်ငံတစ်ခုကိုဆက်ခရီးဆက်ရအုံးမှာ. ကျွန်မဘာချက်ကျွေးရင်ကောင်းမလဲလို့တော်တော်ခေါင်းစားတယ်။ သူကသတ်သတ်လွတ်ဆိုတော့.. ကျွန်မနောက်ဆုံး ပဲနီလေးဟင်းရည်၊ ပဲပုပ်ကြော် ၊ မုန်ညှင်းဖြူကြော်နဲ့ ကြက်ဟင်းခါးသီးသုပ် (အမှန်က ကြက်ဟင်းခါးသီးသုပ် အကြံရတာပြီးခဲ့တဲ့အပတ်က Canadian ဆရာတို့လင်မယားကထမင်းခေါ်ကြွေးတော့ ကြက်ဟင်းခါးသီးသုပ်လဲပါတယ်။ ကျွန်မသူ့ဆီကနည်းမေးလာတာ။ ဒါပေမယ့် သူတို့အရသာကတော့ပေါ့ရွှတ်ရွှတ်ပေါ့)လုပ်ကျွေးမယ်လို့ဆုံးဖြတ်ပြီးတာနဲ့ စပြီးအလုပ်များတော့တာဘဲ။ ပဲနီလေးကို ရေစိမ်ထား။ ကြက်သွန်ဖြူ၊နီ၊ ဂျင်းနဲ့ဆီသတ်ပြီးပဲနီလေးကိုချက်။
ပဲပုပ် (မြန်မာပြည်ကရယ်ဒီမိတ်အထုတ်လေးဝယ်လာတာ) ကိုတော့ ငရုတ်သီးစိမ်းလေးနဲ့ စပ်စပ်ကြော်၊


ကြက်ဟင်းခါးသီးကိုခပ်ပါးပါးလေးလှီးပြီး ဆားနဲ့ နယ်ပြီးရေစင်အောင်ဆေး၊
ပြီးတာနဲ့ ရှာလကာရည်နဲနဲ + သံပုရာသီးလဲနှစ်လုံးလောက်ထပ်ညှစ်ထည့်ထားတဲ့ ရေထဲမှာ ကြက်ဟင်းခါးသီးတွေကိုစိမ်ထားလိုက်တယ်။
- ကြက်သွန်နီဥကြီးကြီးတွေကိုပါးပါးလှီးပြီး ရေဆေး
- မြေပဲကို မညက်တစ်ညက်ထောင်း
- ခရမ်းချဉ်သီးကို အစိတွေဖယ်ပြီး အတုံးလေးတွေလှီး
ပြီး ဆားနဲ့ အချိုမှုန့်နဲနဲလေး ထည့်၊ ပံငံပြာရည်နှစ်စက်လောက်ထည့်ပြီး နယ်လိုက်တယ်။ ပြောင်နေတာဘဲ..လောက်တောင်မလောက်ဘူး...


မုန်ညှင်းဖြူကိုတော့ကြက်သွန်နီကို အတုံးကြီးကြီးလှီးပြီး စိမ်းစိမ်းလေးကြော်ထားတာပါ။

ပြီးတော့ ကျွန်မစတန့်ထွင်တာရှိသေးတယ်... ကန်ဇွန်းဥကိတ်မုန့်လုပ်မယ်ဆိုပြီးတော့ပေါ့...
ကန်ဇွန်းဥတွေပါးပါးလှီး၊ ပြုပ်
ဂျုံမှုန့် + ကြက်ဥ (၂)လုံး) + အုန်းနို့အမှုန့်အားလုံးသမအောင်နယ်ပြီး
ပြုပ်ထားတဲ့ကန်ဇွန်းဥတွေကိုရောမွှေပြီး မီးအရှိန် ၂၂၀ လောက်နဲ့ ၁ နာရီလောက်ဖုတ်လိုက်တာ...
ဘာဖြစ်သွားလဲသိလား... ရှက်လို့မပြောတော့ဘူး... သူငယ်ချင်းကပြောတယ်.. နင်ပူတင်းလုပ်တာလားတဲ့..ကောင်းရော... အပေါ်ကမာပြီးတော့အထဲမှာပျော့စိနေတာ..စားလို့ရဘူး...

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger