Pages

Friday, March 14, 2008

တမ်းတ

Photobucket
လွမ်းတယ်.....ဟိုးကောင်းကင်ထက်
လင်းလက်လက်ကြယ်
တိမ်ဆိုင်တွေကြား..ခရီးသွားရင်း
ဒေသသစ်ရှာ၊ နင်လည်း
ရင်ခွင်သစ်ရှာနေပြီလား

သတိရတယ်...ဖော်ကွဲဥသြရဲ့
ရင်ကွဲသံစဉ်ကြား
နင်ထားရစ်ခဲ့ အလွမ်းတွေများ
ပြန်ရလေမလာ..အတွေးနဲ့
တမ်းတမ်းတတ
မျှော်လင့်မိပါရဲ့။

နှောင်ကြိုးတွေ ချည်ထုံးခံလိုက်ရတဲ့
ငါ့အသည်းသံယောဇဉ်လဲ
မမြဲခဲ့ပါဘူး
မျက်ရည်ကကြိုးနဲ့ အသဲကွဲတေးသံ
အဖော်မဲ့လွင်ပြင်မှာ
တိုးတိတ်ရွတ်ဆို
နင်နားလည်ပေးမယ်ဆိုရင်
ငါငိုပါရစေ..............

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger