Skip to main content

လုပ်မိခဲ့သောအမှားတစ်ခု

ကျွန်မတို့အဖွဲ့တွေကတော့ကျောင်းမှာအသောင်းကျန်းဆုံးဘဲ။ ကျွန်မတို့နေတာ (၅)ယောက်ကိုတစ်ခန်း။ ကျယ်တော့ကျယ်ပါတယ်။ အခန်းနာမည်က White Jasmine စပယ်ဖြူ ပေါ့။ ဖြူဖြူစင်စင်လေးတွေပေါ့လေ။ နောက်ကွယ်မှာသူများခေါ်တဲ့နာမည်ကတော့ Black Jasmine အမဲရောင်စပယ်ပေါ့။ စပယ်ပန်းဆိုတာအမဲမှမရှိတာလေ... လူတွေကနာလိုလို့တမင်ခေါ်တာ..ဒါထားလိုက်တော့..ကျွန်မတို့ငါးယောက်ကို မြင်သာအောင်ပြောရမယ်ဆိုရင် တစ်ယောက်က တော်တော့်ကိုဝတယ်၊သူ့မှာကောင်လေးရှိတယ်။ သူ့ရည်းစားပေါ့ သူ့ထက်တော်တော်အသက်ငယ်တယ်။ ချောလဲတော်တော့်ကိုချောတယ် ၊ လီယိုနာဒိုဒီကာပရီယို လိုရုပ်မျိုး တစ်ခုဘဲပြောစရာရှိတာသူက ငယ်ငယ်ကဖျားတော့ ဌက်ဖျားပိုးကဦးနှောက်ထဲဝင်ဖူးတယ်။ တစ်ခါတစ်လေနဲနဲဂေါက်တာကလွဲလို့မဆိုးပါဘူး။.
နောက်တစ်ယောက်ကတော့ မျိုး လို့ခေါ်တယ်။ သူကပေါကြောင်ကြောင်လေး...ဒါပေမယ့်ချစ်စရာလေးပါ..သူများအမြင်ကတော့ငပေါလေးပေါ့။
နောက်နှစ်ယောက်ကညီအမ၊ တစ်ယောက်ကရည်းစားရှိတယ်။ သူ့ရည်းစားကတော်တော့ကိုဒေါသကြီးတယ်။
ကျန်တစ်ယောက်ကတော့ရည်းစာမရှိပေမယ့်ကြိုက်တဲ့သူများတယ်။ ဘယ်သူ့ကိုမှအဖြေမပေးဘူး..ဒီလို..ဒီလိုပေါ့..
ပြီးတော့ကျွန်မ...
ကျွန်မနဲ့ပိုရင်းနှီးတာက ၀၀လေးတစ်ယောက်၊ လောလောဆယ်သူ့ဘဲလေးက ကျောင်းမှာမရှိဘူး။
အဲဒီနှစ်က Fresher Welcome မှာကောင်လေးခပ်ချောချော၊ ထောင်ထောင်မောင်းမောင်းတစ်ယောက်ကို ကျွန်မတို့အဖွဲ့က သတိထားမိတယ်။ အဲဒီကောင်လေးကစရောက်တဲ့အသစ်။ သိရသလောက်သူ့မှာခပ်ရုပ်ဂေါဂေါ (တောစတိုင်) ငယ်ရည်းစားတစ်ယောက်ရှိတယ်။ သူ့ရည်းစားလဲကျောင်းကိုရောက်လာတယ်။ များသောအားဖြင့် အဲဒီလိုလူမျိုးတွေ (မြန်မာစကားတောင်ပီအောင်မပြောတတ်ဘူး) ကျောင်းရောက်လာရင်..အရင်ဆုံးပြောတတ်တာသူများအတင်းဘဲ။ တော်တော်အမြင်ကတ်ဖို့ကောင်းတယ်။ ဒါနဲ့ ကျွန်မတို့အဖွဲထဲကတစ်ယောကစတယ်။ ဟေ့ ငကူး..ဟိုဘဲလေးမိုက်တယ်တဲ့။ အေး..ဟုတ်တယ်ဆိုးဘူး..လို့ပြောလိုက်တယ်။ ဒါနဲ့ဒီလိုနေလာပြီး (၃)လလောက်မှာ အမှန်က ကျွန်မတို့အဖွဲ့ က သူတို့ထက်စာရင် Senior ကျတယ်လေ.. ကျောင်းလဲပြီးခါနီးပြီ။ အဖွဲ့ထဲကတစ်ယောက်ယောက်ကိုတော့လာမထိနဲ့။ မရဘူး။ အဲဒီမှာ ခုနကောင်လေးရဲ့ ရည်းစားလုပ်သူက..ရေချိုးတဲ့နေရာမှာ ကျွန်မသူငယ်ချင်းဝတုတ်တုတ်လေးကို..ဘာပြောလဲဆိုတော့.. သူ့ဘဲကောင်ချောချောလေးရှိတယ်မဟုတ်လား.. အဲဒါကလေးကိုမုန့်ပေးကြိုက်တာ၊ သူ့ရုပ်သူ့ကိုယ်လုံးမှအားမနာ... ဆိုပြီး လိုက်ပြောတယ်။ ကျွန်မသူငယ်ချင်းရဲ့ကောင်လေးကလဲ အဲဒီကောင်မလေးတို့နဲ့ နေရာဒေသအတူတူဘဲလာကြတာ.. ဒါနဲ့ ကျွန်မသူငယ်ချင်းဝတုတ်လေး(အထွေးလို့ကျွန်မခေါ်တယ်)က ကြားတော့စိတ်မကောင်းဘူး...တစ်နေ့ အခန်းထဲမှာ သင်္ဘောသီးသုပ်ဝိုင်းထိုင်စားရင်းနဲ့ သူငယ်ချင်းကရင်ဖွင့်နေတော့ ကျန်တဲ့သုံးယောက်ကလဲဒေါသတွေထွက်နေကြတယ်။ အဲဒီအချိန်ကျွန်မကစာကြည့်တိုက်ကနေပြန်အလာ (ကျွန်မတို့၅ယောက်မှာ Business Admin ကိုကျွန်မတစ်ယောက်ဘဲယူတော့ ကျန်တဲ့သူတွေနဲ့ စာအတူကြည့်လို့မရဘူး) ဟေး...ဘာတွေဖြစ်နေကြလဲဆိုတော့ သူတို့ကပြောပြတော့ ကျွန်မလဲတော်တော်ဒေါသထွက်သွားတယ်။ ကျွန်မသူငယ်ချင်းက ၀တယ်။ အသက်ကြီးတယ်။ ဟုတ်တယ် ဒါပေမယ့် အဲဒီကောင်လေးကအရင်စလိုက်တာ.. အတင်းတောင်းကြိုက်တာ ကျွန်မအသိဆုံး။ ပြီးတော့ အဲဒီကောင်လေးက သူ့မမ ကိုဘယ်လောက်ချစ်လဲဆိုတာ ကိုကျွန်မသိတယ်။
ဒါနဲ့နေပါအုံး..အဲဒီအကြောင်းကိုစဖွတဲ့သူက ဟိုကောင်လေးရဲ့ ဆော်မဟုတ်လား.. သူကဘာကိစ္စနဲ့ သူများအကြောင်းကိုလိုက်ပြောနေတာလဲ။ သူ့မှာလဲဘဲရှိတာဘဲ.. သူက အထွေးရည်းစားကိုကြိတ်ကြိုက်နေလို့လား လို့ကျွန်မပြောလိုက်တယ်။ ဒါနဲ့ ကျွန်မပြောတယ်..ကောင်းပြီလေကြည့်သေးတာပေါ့လို့.....
ဒါနဲ့ကျွန်မတို့အဖွဲ ကိစ္စတစ်ခုကိုတိုင်ပင်ကြတယ်။ မိန်းမချင်းချင်းသွားမေး ရန်ဖြစ်လို့ကောင်းတဲ့ကိစ္စမဟုတ်ဘူးလေ..သူတို့ဂျန်းတောတွေကအရှက်မရှိအော်ဟစ်ဆဲဆိုရင်ပိုဆိုးကုန်မယ်... ဒီတော့..
တစ်ရက်ကျွန်မညနေပိုင်း စာကြည့်တိုက်မသွားခင် အသည်းပုံချိုချဉ်လေးတစ်လုံး..သူတို့အငယ်တန်းတွေစာကြည့်တဲ့အခန်းရှေ့ကိုသွားပြီး အဲဒီကောင်လေးကိုခေါ်လိုက်တယ်.. သူကတော့ကြောင်တောင်တောင်နဲ့... ကျွန်မဆိုတဲ့သူကတော်ရုံအဖက်လုပ်ပြီးမိန်းကလေးချင်းတောင်စကားမပြောဘူး... ကျန်တဲ့ယောက်ျားလေးတွေခေါင်းက အားလုံးလှည့်လာတယ်.. ကျွန်မပြောတယ်..ရော့..ဒီမှာ.. သူများပေးခိုင်းလိုက်တာ လို့ပြောပြီး သူ့ကိုပေးပြီး ပြန်ထွက်လာတယ်.. နောက်မှာတော့ဆူညံပြီးကျန်ခဲ့တယ်။ ဒါပထမတစ်ရက်....
နောက်တစ်ရက်... ကျွန်မတို့အထဲက တစ်ယောက် တစ်ရက်အလှည့်ကျ သွားသွားပေးတယ်...
ဒီမှာကောင်လေးရင်ခုန်နေပြီ... ကျွန်မတို့အဖွဲ့ကိုတွေ့ရင် သို့လောသို့လောနဲ့..ဘယ်တစ်ယောက်မှန်းသူမသိဘူး...အဲဒီမှာသူ့ကောင်မလေးနဲ့ အစဉ်မပြေတော့ဘူး..သူစိတ်လေနေပြီ... သူ့စိတ်ထင် ကျန်တဲသုံးယောက်ကတော့မဖြစ်နိုင်ဘူး.. ကျွန်မ နဲ့ နောက်ညီမနှစ်ယောက်ထဲကအကြီးမ...မျိုးဆိုတဲ့ငပေါလေးကလဲ...ခပ်တည်တည်နဲ့ တစ်ရက် ထမင်းစားတဲ့နေရာကိုအဲဒီကောင်လေးကိုလက်ဆွဲပြီးခေါ်လာတယ်.. ပြီးကျွန်မတို့စားပွဲမှာအတူထိုင်စားကြတယ်.. သူ့ကောင်မလေးနဲ့ပြသနာအကြီးကျယ်ကိုတက်တာ...အမှန်ကတော့မလုပ်သင့်ပါဘူး။ဒါပေမယ့် ဆယ်ကျော်သက်အရွယ် ကလဲစားချေချင်တဲ့စိတ်ကကြီးစိုးနေတော့အဲဒီအချိန်တုန်းကမှားတယ် မှန်တယ်ဆိုတာမဝေခွဲတတ်ခဲ့ဘူး။ အဲဒီကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်ဆီကသတင်းအရ အဲဒီကောင်လေးက သူ့ကောင်မလေးကိုဖြတ်လိုက်တယ်။ အဆက်သွယ်လဲမလုပ်တော့ဘူး။ အဲဒီကောင်မလေးငိုငိုယိုယိုနဲ့...လူရုပ်တောင်မပေါ်တော့ဘူး (နဂိုကလဲမလှပါဘူး)။ ဒါပေမယ့် သူဘယ့်သူ့ကိုမှအပြစ်တင်လို့မရဘူး။ ဘာလို့လဲဆိုတော့ကျွန်မတို့အဖွဲ့ထဲမှာ ဘယ်သူ့က သူ့ကောင်လေးကို ချိုချဉ်လေးတွေပေးနေတယ်..စိတ်လှုတ်ရှားအောင်လုပ်နေလဲဆိုတာ သူ့ကောင်လေးကိုယ်တိုင်မသိသလို..ဘယ်သူမှလဲမသိဘူး.... ဒါပေမယ့် ကောင်လေးက ကျွန်မဘယ်သွားသွား စူးစူးရဲရဲကိုလိုက်ကြည့်တာ... ဒါနဲ့ ကျွန်မပြောတယ်..မဖြစ်ဘူး ဒီကိစ္စကိုရပ်တော့ ငါ့ဘက်မြှားလှည့်လာပြီ.. တော်ကြာငါလို့ထင်နေအုံးမယ်... ဒါနဲ့အစည်းဝေးထိုင်လိုက်တယ် (ငါးယောက်အစည်းဝေးပေါ့) တော်ပြီ..ဒီကိစ္စရပ်တော့မယ်။ အဲဒီကောင်မလေးလဲမှတ်လောက်သားလောက်ရှိပြီ ဆိုပြီး ကျွန်မတို့ငါးယောက်နဂိုအတိုင်းခပ်တန်းတန်းပြန်နေလိုက်ကြတယ်။ အရင်ကဆို အဲဒီကောင်လေးကိုတွေ့တိုင်းပြုံးပြ၊ စကားပြော ၊ ငါးယောက်စလုံးပါ။ ကောင်လေးကတော့သူ့ကောင်မလေးနဲ့ပြတ်သွားတယ်။ ကျွန်မသူ့ကောင်မလေးဆီသွားတယ်။ နောက်ဆိုရင် သူများချစ်သူရည်းစားတွေအကြောင်းကို သေချာမသိဘဲနဲ့ နောက်ကွယ်မှာသူများထင်ယောင်ထင်မှားဖြစ်အောင်မလုပ်ပါနဲ့၊ အခန့်မသင့်ရင် ချစ်သူခြင်းတောင်ကွဲကွာသွားနိုင်တယ်။ အဲဒါမင်းကိုဥပမာပေးတာလို့ ပြောလိုက်တယ်။
နောက်ပိုင်းလဲပြန်ဆက်မဆက်တော့မသိဘူး။ ကောင်လေးကတော့ ကျွန်မကျောင်းပြီးအလုပ်လုပ်တော့ ရုံးထိလိုက်လာတယ်။ ပြီးတော့ကျွန်မကိုမုန့်လိုက်ကြွေးလိုက်သေးတယ်။ အခုတော့သူလဲတစ်ခြားနိုင်ငံရောက်သွားပါပြီ။ သွားခါနီးထိကျွန်မကိုလာတွေ့ပါသေးတယ်။ အချိန်က (၃)နှစ်လောက်ကွာသွားတော့ ကျွန်မက ကောင်မလေးနဲ့ပြန်မဆက်ဘူးလားလို့မေးတော့ ကျွန်တော်နဲ့သူနဲ့ကရည်းစားဆိုပေမယ့် အထက်တန်းတုန်းကသူငယ်ချင်းတွေမြှောက်ပေးလို့ ဖြစ်သွားကြတာပါ.. တစ်ကယ်တမ်းချစ်ရင်တော့လဲ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ပြန်ဆက်မှာပေါ့တဲ့။ ကျွန်မကိုမေးတယ်... အဲဒီအချိန်တုန်းက ဘယ်သူလဲတဲ့...ကျွန်မကမထူးတော့ဘူးဆိုပြီး အဖြစ်မှန်ကိုပြောပြလိုက်တယ်။ အဲဒီတော့ သူကပြောတယ် ကျွန်တော်က ကူးကူးဖြစ်ပါစေလို့ ဆုတောင်းနေတာတဲ့..သေရော...
အမှန်က မလုပ်သင့်တဲ့အမှားကို လုပ်ခဲ့ကြတယ်လို့ အသက်လေးရလာတော့စဉ်းစားမိတယ်။ တစ်ကယ်တော့အရေမရ၊ အဖတ်မရ.... လုပ်တုန်းကတော့ တစ်ခုကိုဘဲအာရုံစိုက်နေတော့မှားတယ်မှန်တယ်မစဉ်းစားမိကြဘူး။ နောက်ပိုင်းမှာတော့ သင်ခန်းစာယူပြီး သူများကိုယ့်ကိုဘာပြောပြော၊ ကိုယ့်သူငယ်ချင်းတွေကိုဘာပြောပြော ကလဲစားချေဖို့မစဉ်းစားတော့ပါဘူး။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ