Pages

Wednesday, March 26, 2008

ကျွန်တော်လင့်နို့လူသားပါ

ဒါကတော့ ရဲစခန်းမှာသွားပြီးမကျေနပ်တာကိုသွားတိုင်တဲ့ကျောင်းသားလေးတစ်ယောက်အကြောင်းပါ။

ကျောင်းသား - စခန်းမှူးကြီးခင်ဗျား ကျွန်တော် ကော်ဖီဆိုင်မှာကိုယ်ထိလက်ရောက်
ဆော်ကားသွားတဲ့ရဲသားတစ်ယောက်အကြောင်းတိုင်ချင်လို့ပါ။
ဆာဂျင် - မင်းနာမည်ပြောပါ။
ကျောင်းသား - Batman ပါ
ဆာဂျင် - ဘာာာာာ... Batman???
ကျောင်းသား - ဟုတ်ကဲ့ Batman ပါ
ဆာဂျင် - ဒါ..မင်းငါ့ကိုလာနောက်နေတာမဟုတ်လား..
ကျောင်းသား - ဟာ..မဟုတ်ရပါဘူးဗျာ
ဆာဂျင် - ဒါဆိုလဲမင်းအဖေနာမည်ရော
ကျောင်းသား - Superman (စူပါမင်း) ပါ
ဆာဂျင် - Superman??? မင်းငါ့ကိုလာနောက်ပြီးငါ့အချိန်တွေလာဖြုန်းနေတာလား
ကျောင်းသား - မဟုတ်ပါဘူးဗျာ
ဆာဂျင် - မင်းပြောတော့မင်းနာမည် Batman မင်းအဖေနာမည် Superman ဆို
ကျောင်းသား - ဟုတ်ပါတယ်ခင်ဗျာ
ဆာဂျင် - မင်းတော်တော်တရားလွန်နေပြီ... ငါမင်းကိုအလုပ်ခွင်မှာလာရောက်လိမ်လည်
နှောက်ယှက်မှုနဲ့ ဒဏ်ငွေခတ်မယ်။ ပေး မင်းကျောင်းသားကဒ်

1 Comments:

သဉ္ဇာ - Thinzar said...

haha.. so funny..အဲလိုနာမည်နဲ့သူ တကယ်ကြီးရှိတာလား

Post a Comment

ကူးကူးရေ...

 
Powered by Blogger