Pages

Monday, February 13, 2012

Happy Valentine's Day ပါချစ်သူ

Happy Valentine's Day ပါချစ်သူမောင်....
 
မြန်မာပြည်မှာမွေးတဲ့တို့နှစ်ယောက် ဒီနေ့က သိပ်အထူးဆန်းတော့မဟုတ်ပေမယ့်
ရောမရောက် ရောမလိုကျင့်တယ်ဘဲဆိုဆို...
ကိုယ့်အနားကသူတွေဝိုင်းကျင်းပနေတဲ့အချစ်များနေ့ကို အမှတ်တရနေ့တစ်ခုအနေနဲ့ ထည့်လိုက်တာလဲ အချစ်ရှိတဲ့ သူတွေအတွက်အဆန်းမှမဟုတ်ဘဲလေ..
နှစ်တွေထပ်ထပ်တိုးလာသလို ရင်ထဲက သံယောဇဉ်တွေလဲ ထပ်ထပ်မြဲလာတာ ချစ်သူတို့သဘာဝပါ။
ချစ်သူက ကျွန်မကို ကိုယ့်ကိုယ်ကိုယ်ပိုချစ်တဲ့သူလို့လက်ခံပြီး ကျွန်မလိုချင် တာမှန်မသမျှမငြီးမငြူပြုပြင်နေထိုင်ပေးခဲ့တယ်။
ကျွန်မကတော့ ချစ်သူကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုးကိုပုံသွင်းယူပြီး တည်တည်ငြိမ်ငြိမ် လေး တစ်စက်မှမလျှော့တဲ့အချစ်နဲ့ချစ်နေခဲ့တယ်...
မောင်..လို့ခေါ်ပေမယ့် လူကြီးတစ်ယောက်လိုအစစရာရာသိတတ်နားလည်ပေးတဲ့ ကျွန်မချစ်သူကို မုန်းတယ်လို့ ကျွန်မအော်နေရင်တောင် သူက ပြုံးပီးကြည့်နေတယ်။
မင်းမမုန်းဘူးဆိုတာသိပါတယ်ဆိုပြီးရီနေတတ်တယ်...
အခုလိုရက်ပိုင်းတွေမှာကျွန်မစိတ်က အမြဲနောက်ကျိနေတယ်..
အရာရာကို ဘယ်လိုဆက်ရင်ဆိုင်ရမလဲဆိုတဲ့အတွေးတွေခြောက်လှန့်နေတယ်..
အရင်ကဖြစ်ဖူးတဲ့ဒဏ်ရာဟောင်းက နာကျင်မှုတွေလဲ လှိမ့်ခံနေရတယ်..
ချစ်သူချော့သိပ်တေးတွေနဲ့ ကြိုးစားအိပ်ခဲ့ရတယ်... 
ကျွန်မရဲ့ အတက်အကျစိတ်ခံစားမှုတိုင်းမှာ သူက လိုက်လျောညီထွေဖေးမပေးတယ်။
ကျွန်မခံစားမှုတိုင်းကို သူ့ရင်ထဲဆွဲဆွဲယူသွားတတ်လို့  ကျွန်မစိတ်တွေပေါ့ပါးစေတယ်။
ကျေးဇူးပါချစ်သူ....
ချစ်သူစဖြစ်ဖြစ်ချင်း ပထမဆုံး date မှာ ကျွန်မကို ရန်ကုန် တရိစ္ဆာန်ရုံခေါ်သွားခဲ့ဖူး တဲ့ ချစ်သူက နှစ်ပေါင်း၁၀စုနှစ်နီးပါးတိုင်တိုင်မပြောင်းမလဲ..ဒီတစ်ခေါက်ပြန်တွေ့တော့ နှစ်ပတ်လည်နေ့အထိမ်းမှတ် အကောင်လေးတွေရှိတဲ့နေရာ ခေါ်သွားခဲ့ပြန်တယ်။အကောင်လေးတွေ တွေ့ရင် ပျော်နေတတ်တဲ့ကျွန်မ စိတ်ကို သူသိနေတယ်။

တစ်ခါသာအနားမှာရှိခဲ့ဘူးတဲ့ Feb-14 တစ်ရက်ကို ကျွန်မအမြဲတန်ဖိုးထားနေအုံးမှာပါ။
အဝေးမှာရှိနေပေမယ့် အမြဲနွေးထွေးစေခဲ့တဲ့ Feb-14 ပေါင်းများစွာကိုလဲ တွယ်တာနေ ဆဲပါ။

13 Comments:

မြတ်ကြည် said...

Happy Valentines day Ma Ma Kuu. You are lucky to have the one. Wish you two the best :)

Sandakuu said...

thank you sis layy!!...
i'm lucky indeed!! :)) wish you all the same too sis..

မဒမ်ကိုး said...

နာမည်လှလှလေးနဲ့ကောင်မလေးရေ ချစ်သူများနေ့မှာ ချစ်သူရဲ့ချစ်ခြင်းများနဲ့ပျော်ရွှင်နိုင်ပါစေ...

ခင်မင်လျှက်

မဒိုးကန်

Sandakuu said...

ကျေးဇူးတင်ပါတယ် မဒိုးကန်ရေ....
အမနာမည်လေးလဲဆန်းသားနော်..း)

Anonymous said...

ပျော်ရွှင်ပါစေ ချစ်ကူးစ်ရေ :D


ချစ်တဲ့
မေလေး

အင်ကြင်းသန့် said...

ချစ်သူရကံကောင်းသော စန္ဒကူးတစ်ယောက် ချစ်သူများနေ့မှာသာမက တစ်သက်တာပတ်လုံး ချစ်သူနဲ့ထာဝရပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေ....

Candy said...

သိပ်ချစ်ကြတဲ့ ချစ်သူတွေထင်တယ်နော်
ပျော်ရွှင်ပါစေ မမ:D

အပြုံးပန်း said...

ချစ်သူများနေ့မို့
ချစ်သူများကို ပိုသတိယစေတာမို့
မှတ်မှတ်ရရနေ့ပါ စန္ဒကူးရေ။

အလွမ်းချောက်ထဲ ကျနေသူ said...

အလွမ်းသက်သာအောင် ပိုစ့်တွေ လိုက်ဖတ်ကာမှ အလွမ်းတွေ ပိုကုန်ပါပြီ :P

Anonymous said...

၁၀ နှစ် မှ သည်
နောင် နှစ်ပေါင်းများစွာ
ချစ်ရတဲ့သူနဲ့ ထာဝရ ပျော်ရွှင်နိုင်ပါစေ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

mstint said...

ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို အမြဲပိုင်ဆိုင်ပါစေ စန္ဒကူးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

san htun said...

ချစ်သူများနေ့ မှာ ချစ်သူနဲ့ အတူ ပျော်ရွှင်ပါစေ ကူးကူးရေ

Sandakuu said...

မေလေးစ် ... ကျေးဇူးနော်.. အာဘွားစ်စ်စ်စ်စ်စ်

အင်ကြင်းသန့်.. candy .. အပြုံးပန်း အလွမ်းသခင်...ဆောင်းနှင်း..အန်တီတင်း နဲ့ ကိုစံထွန်းရေ..
ဆုတောင်းလေးတွေအတွက်ကျေးဇူးပါနော်..း)

Post a Comment

ကူးကူးရေ...

 
Powered by Blogger