Pages

Monday, February 20, 2012

ငါးမျှားခြင်း - ၀ါသနာ

 
ကျွန်မစိတ်ဝင်စားတဲ့အရာတွေအမြဲပြောင်းလဲနေတယ်။ မပြောင်းလဲသေးတာကတော့ ငါးမျှားဖို့အရမ်းဝါသနာပါတာကိုဘဲ။  ငါးတွေ့ရင်မနေနိုင်ဘူး။ 
အိမ်မှာတော့ ငါးလေးတွေလဲမွေးထားတယ်။ နိုင်ငံရပ်ခြားရောက်ကတည်းက ငါးမျှားခွင့် မကြုံခဲ့ဘူး။  ဒီတစ်ခါတော့ rideau canal ဘက်ကိုလမ်းလျှောက်ရင်းနဲ့ ကိုးရီးယားအန်တီတွေ လေးငါးယောက်စုပြီးငါးမျှားနေတာစိတ်ဝင်စားလို့အကြာ ကြီးရပ်ကြည့်နေမိတယ်။
ငါးမိတာမြန်လိုက်တာ..ဖတ်ကနဲ့ ဖတ်ကနဲ့ အသည်းကိုယားနေတာ...  ငါးမိတော့ ချိတ်က ပြန်ဖြုတ်ပြီး ရေထဲ ၀ှီးကနဲ့ပြန်လွှတ်ချချလိုက်တာတွေတော့ ဘာများလုပ် ပါလိမ့်။  ပြန်လွှတ်ရင်လဲဘာလို့များ ငါးမျှားနေသေးလဲဆိုပြီး စဉ်းစားမိတယ်။
နောက်မှ အဲဒီမှာနေတဲ့သူက ရှင်းပြတာ ငါးမျှားဖို့လိုင်စင်လျှောက်ရတဲ့အကြောင်း၊ မျှားလို့ရရင်လဲ ငါးအကောင်ရေနဲ့အမျိုးအစားကန့်သတ်ထားတဲ့အကြောင်း ပြောပြ ပါတယ်။  ကျွန်မက ဘာဖြစ်လဲ ဘယ်သူမှလာစစ်တာလဲမဟုတ် မိတာအကုန်ယူသွား လဲပြီးတာဘဲဆိုတော့ ....မရဘူးလေ အဲဒါကိုယ့်အကျင့်နဲ့ဆိုင်တယ်.. 
သူများလာစစ်မှမဟုတ်ဘူး..လိုင်စင်လျှောက်ကတည်းက ကတိဝန်ခံချက်ရှိပြီးသားမို့ လိုက်လျှောက်မယ်မလျှောက်ဘူးဆိုတာ ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်လို့ရှင်းပြတော့ ရင်ထဲနဲနဲ ထိသွားတယ်..  ကျွန်မလား..မိရင်အကုန်ယူမှာ :D 
ottawa ရောက်တော့ တရုတ်/ဗီယမ်နမ် ဆိုင်တွေကိုအားကိုးရပါတယ်။ အဲဒီမှာ ထိုင်းက သွင်းတဲ့ဟင်းသီးဟင်းရွက်အကုန်စုံရတယ်။  အရွက်စားချင်ရင် အဲဒီကို သွား လို့ဆိုရမလိုဘဲ။ရေချိုငါးလဲအဲဒီမှာရပါတယ်။တလားပီးယား.. သေနေပီ တောင့် နေတာဘဲ။း)
supermarket တွေမှာတော့ ရှိပါတယ်၊ ဒါပေမယ့် များသောအားဖြင့် salad လုပ်တဲ့ အရွက်တွေများတယ်။ အချဉ်ဟင်းချက်ဖို့အရွက်လိုက်ရှာတာ နောက်ဆုံး broccoli အသေးလေးတွေပါတဲ့အရွက်ဘဲဝယ်လာရတယ်။ ချက်ကြည့်တာတော်တော်ခါးတယ်။ ဒါပေမယ့်မဆိုးပါဘူး။
ငါးမျှားတဲ့အကြောင်းကနေ စားစရာဆီရောက်သွားပြန်ပြီ။ 
ငါးမျှားချင်လွန်းတဲ့ကျွန်မအတွက်Canadian tireမှာငါးမျှားတံတစ်ခုအရင်သွားဝယ်
ပေးရပါတယ်။ တစ်ရက်စာ လိုင်စင် တစ်ခါတည်းဝယ်ရပါတယ်။ ငါးမျှားတံနဲ့ တွဲလျှက် ဂျယ်လီလိုလို၊ ရာဘာပျော့ တီကောင်ပုံလေး၊ ပြည်ကြီးငါးပုံလေးတွေပါတယ်။ အဲဒါ တီကောင်အစားသုံးမယ်ပေါ့။  ငါးမျှားဖို့ gatineau park ကိုရောက်လာပြီ။


ကိုယ်လိုသူလိုငါးလာမျှားတဲ့သူတွေလဲရှိတယ်..ကန်ကြီးကအကြီးကြီးဘဲ.. လှေလှော် ပြီး မြစ်လယ်ထိသွားတယ်.. 
ငါးမျှားတံမသုံးတတ်လို့ လှေအကြီးနဲ့ငါးလာမျှားကြတဲ့ တရုတ်တွေကို အကူညီ တောင်းပြီးဆင်ခိုင်းရသေးတယ်။။  ငါးလဲမတွတ်ပါ။ နောက်ဆုံးတော့ လှေ အလှည့်မှာ ငါးဘဲကံဆိုးတာလား.. ကျွန်မဘဲကံကောင်းသလားမသိ.. လှုပ်စိစိဖြစ်နေ လို့ဆွဲလိုက်တော့ ငါးတစ်ကောင်ပါလာပါတယ်.. ပျော်လိုက်တာဖြစ်ခြင်း...
ဒီရာဘာပျော့စိတွေနဲ့မျှား ဘယ်ငါးကစားမလဲလေ.. တီကောင်မဟုတ်၊ ၀ါးပိုးမဟုတ်၊ ငါးသေးသေးမဟုတ်နဲ့... ဒါပေမယ့် တစ်ကောင်ရလဲမဆိုးဘူးဆိုပြီး ပြန်ယူလာပါတယ်။
 နောက်ရက်တွေမှာ တက်ကြွပြီး မြစ်မှာ ငါးသွားမျှားတာ တစ်နေသာကုန်သွားတယ် မရဘူး။  အဲတော့ တောင်ကီ/တီကောင် ၀ယ်ဖို့ အရှာထွက်ရတယ်။  Canadian tire မှာ ရောင်းလေ့ရှိပေမယ့် ရာသီဥတုအေးလာတော့ သူတို့မှာလဲမရှိတော့ဘူး။ 
ဒါနဲ့ခပ်တည်တည်ဘဲ petstore မှာသွားပြီးတီကောင်သွားမေးပါတယ်။ သူတို့က ဘာလုပ်မလို့လဲဆိုတော့ ငါးလေးတွေကို ကျွေးမလို့လို့ လိမ်လိုက်တယ်။ ဟီး
တီကောင်တော့ရှိတယ်..ဒါပေမယ့် ခြေမွှပြီး အသင့်ကျွေးဖို့ လုပ်ထားတာတွေ freezer ထဲကထုတ်ပေးတယ်.. အဲဒါနဲ့ငါးမျှားလို့ဘယ်ရမလဲလေ..
ဒါနဲ့စိတ်ပျက်ပြီးပြန်ထွက်လာတယ်။ 
နောက်နေ့မှာတော့ အဲဒီကိုရောက်နေတဲ့မြန်မာအကိုကြီးတစ်ယောက်ကို ငါးမျှားတံ သေချာသွားဆင်ခိုင်းပြီးမှ သူက လိုင်စင်သွားဝယ်မနေနဲ့ အပျော်ဌားတာဘဲ။ ကိုယ့်ဟာယူသွားဆိုပြီးပေးတော့အတော်ပါဘဲ.....  နေတဲ့နေရာနဲ့နီးတဲ့ rideau canal မှာဘဲ အားတိုင်းသွားမျှားတော့တာ.. မရဘူးသိလား..
အဲဒီအကိုကြီးကပြောပြတယ်..အေးနေပီ ငါးရမှာမဟုတ်ဘူးတဲ့... ကျွန်မကလက်မလျှော့။ ရေမှမခဲသေးတာလေ..  နောက်ဆုံးတော့ ဥဏ်ကြီးရှင်က ပုဇွန် နဲ့မျှားမယ်ဆိုပီး freeze လုပ်ထားတဲ့ပုဇွန်လေးတွေဓားလေးနဲ့ အစိတ်စိတ်ခြမ်းပြီး ငါးမျှားတံပေါ်စချိတ်တဲ့နေ့မှာဘဲ မိလိုက်တဲ့ငါးတွေ.. ပြန်လွှတ်လဲ ပြန်လာကိုက်တာ ဘဲ။ ပုဇွန်ကြိုက်သကိုး...
ငါးမျှားရတာအရသာရှိတာလဲ ငါးကိုမြင်နေရတာ.. လာကိုက်ဖို့ မကိုက်ဖို့ စဉ်းစား နေတဲ့ ငါးတွေကို လှမ်းကြည့်နေရတာကိုသဘောကျတာ..
အကောင်တွေကိုညှင်းဆဲတာလားဆိုတော့ ဟုတ်ပါတယ်။ မကောင်းပါဘူး..ဒါပေမယ့် ၀ါသနာကိုး...း(

မိပြီ တစ်ကောင်
 ငါးထိုင်မျှားတဲ့ခုံတန်းလေး.. ခုတော့ ရေခဲတွေဖုံးပေါ့..း)
၁ နာရီအတွင်းရသောငါးများ..း))
မြန်မာဝတ်စုံဝတ်ဖို့ကို ထမီတစ်ကွင်းနဲ့မလောက်လို့အမြဲဆက်ရတယ်။
ကျွန်မ ဒီဇိုင်နာမမ က တော်ပါတယ်။  ဒါပေမယ့် လူက ၀ါးလုံးပုံဆိုတော့ ခြံစည်းရိုး ထမီပတ်ထားသလိုဖြစ်နေတာကတော့ ကိုယ့်ဘ၀နဲ့ကိုယ်ရှိပါစေတော့ရယ်။ 
 the end ~

25 Comments:

ငါးကြော်ကြိုက်တဲ့ ကြောင် said...

ငါးကြော်ကြိုက်လို့ ဒီနေ့ပဲ ကြော်စားနေတာ။
ကိုယ်တိုင်တော့ ဖမ်းဘူး။
မြန်မာဝတ်စုံလေးနဲ့ လှမယ့် ပုံ :)

Anonymous said...

မစနကူး ရေ
ပြမယ်.ပြလဲ မျက်နှာပါ အပါအ၀င် ၊ကိုယ်.ပုံကို ရဲရဲတင်းတင်းသာပြပါ။
သေသေချာချာဘလော.ရေးနေတဲ.သူတွေဘဲဟာ ၊ ဒီဘလော.ဂ်ကိုဖတ်တော.၊ ဘလော.ဂ်ပိုင်ရှင်ကိုလဲ မြင်ဖူးချင်လာလို.လေ။
ပိုင်ရှင်က မပြခိုင်းလို.ဆိုလဲ နားလည်ပါတယ်။ မြင်ဖူးချင်တာ သပ်သပ်ပါဘဲ။
ကျမကတော. မစနကူးမျက်နှာကို မျက်စိထဲပုံဖော်ကြည်.လို.မရဘူးဖြစ်နေတယ်။

Sandakuu said...

ဟုတ်ပါ့နော်..ပုံတင်ထားပါတယ်။ မတွေ့ဖြစ်လို့ဖြစ်မှာပါ။
အဓိက က ကိုယ့်ပုံအကြောင်းရေးတာမဟုတ်လို့ ပုံကို တိုက်ရိုက်ကြီးမပြတာပါ။ ( ရုပ်ဆိုးဆိုး ပိန်ရှည်ရှည်လေးမြင်ယောင် လိုက်)
ဘလော့စရေးကတည်းက မျက်နှာဖော်တာမျိုးမလုပ်ပါဘူးလို့ ကတိပေး ထားပေမယ့် တစ်ခါတစ်လေ နဲနဲပါသွားတာမျိုးတော့ရှိတယ်..း))))
သူများကိုပုံတင်ခိုင်းတဲ့သူကလဲ anonymous ကြီးနဲ့ပါလား..း)
နောက်တာ..

Sandakuu said...

မျက်နှာဖျက်ထားတာ.. ကိုးရီးယား အန်တီကြီးမို့ပါ.. သူတို့က ငါးမျှားလိုင်စင် နဲ့ မျှားနေကြတာလေ... တရားဝင်လားဘာလားမသိလို့ပါ။
ဒါကြောင့် အရွက်လေးကပ်ထားပေးပြီး မျက်နှာဖျက်ထားတာ..း)

Anonymous said...

Thanks for sharing KuuKuu.I miss every where in Ottawa.Rideau canal turned into skate ring now.I always enjoyed going into Gatineau especially fall.I did fishing too.In spring,I caught some little shrimps in St.Laurence river .
Gyidaw

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

Shinlay said...

ငါးကြိုက်ပေမဲ့ ကိုယ်တိုင်တော့မဖမ်းဖူးဘူး။ မြန်မာဝတ်စုံလေးလှတယ်။

AMK said...

ဟုတ်တယ် နော် အစ်မ ငါးမျှားရတာ စိတ်အပန်းပြေ ဗိုက်လဲ ၀ ..ကန်မဟုတ်ရင် ဒီရေတက်တဲ့ အချိန်ဆိုပို ရတယ်..ေ၇ကျ၇င်တော့ မ၇တော့ဘူး အရင်တုန်း ကျွန်တော်တို့ လဲ ကျောင်းတက်တုန်း သူငယ်ချင်းတွေနဲ့  သောကြာနေ ညဆိုရင် သွား တညလုံးသွား စနေနေ့ မှပြန်လာတယ် ငါးမ၇တဲ့ နေတွေလဲများပ..၇တော့လဲ အကောင်သေးလို့ ယူမရတာလဲ ပြန်လွှတ်ပေါ့ ခုတော့ မလုပ်တော့ဘူး ငါးတွေ hook ကို မျိုထားတာ ပြန်ဖျုတ်၇တာ ငါးတွေ ကိုကြည့် မခံစားနိုင်တော့လို့  သူများတွေ ကတော့ပြောသား ငါးတွေမှာ နာကျင်ခံစားမှု မ၇ှိဘူးလို့ သို့ သော်..

khin said...

I like that kind of fish, taste similar to Nga Pyay Ma. And also cheap I think around $3.00 in Washington DC area Chinese super market.

မြတ်ကြည် said...

လှမှလှ ဟာကို.. ဝါးလုံးပုံတဲ့ ပြောချက်က.. :)
ငါးတော့ တစ်ခါမှ မမျှားဖူးဘူး။

Anonymous said...

ဒို့ လည်းအလုပ်ထဲမှာသူငယ်ချင်းတွေနဲ့ အတူနေတုန်းကငါးမျှားတယ်။ ကျောပိုးအိတ်ထဲမှာကိုငါးမျှားချိတ်အမြဲထဲ့ထားတာ။နောက်တော့မှ သူတပါးအသက်သတ်တာထိန်းဘို့ ကြိုးစားတော့မှမလုပ်တော့တာ။ ငါးရပြီးပြန်လွှတ်တာလည်းလုပ်ချင်ပါဘူး။ကိုယ်ကမျှားကတည်းကစားချင်နေပြီ။ငါးမျှားတဲ့တနေ့ သူငယ်ချင်းတယောက်ကအမြဲအားရင်ဘုရားစာရွတ်နေတဲ့သူကငါးဖြုတ်ပေးတယ်။ ရီလိုက်ကြရတာ။ (လွှတ်ဘို့ မဟုတ်ဘူး စားဘို့ ..ဟီးဟီး)
အိုင်အိုရာ

Sandakuu said...

ဟုတ်တယ်..မိရင်တော့စားချင်တာဘဲ.. ဟီးဟီးး
ဒါပေမယ့် မကိုင်တတ်လို့ သူများကိုပေးပစ်ရတာ..
ငါးကိုင်ရတာတယ်ခက်သကိုး.. ငါးစိမ်းသည်..ငါးစိမ်းသည်နဲ့ နာမည်သာဆိုတာ သူတို့အလုပ်ပညာသားပါတယ်..း)))

Sandakuu said...

မြတ်ကြည်ရေ.. တကယ်ဝါးလုံးပါ.. ၀ါးလုံးတောင်မှ ၆ ပေနီးပါး ၀ါးလုံးရှည်..း))

မဒမ်ကိုး said...

ကိုယ်လုံးလေးကမိုက်တယ် ကူးကူးရေ တို့နဲ့များတခြားစီပဲ ..း))
သတ္တိကောင်းတယ်ပြောရမယ် ငါးဖမ်းရဲတာ
တို့ကငါးမဖမ်းရဲဘူး အဲလိုအရှင်တွေဖလတ်ဖလတ်ခုန်နေရင် ပြေးရေား)))

san htun said...

ရူခင်းတွေက လှလိုက်တာ ကူးကူးရေ..ငါးမျှားချင်စိတ်တောင် ပေါက်တယ်..ငါးမျှားတိုင်းလည်း တကောင်မှ မမိဘူး..မြန်မာဝတ်စုံလေးက လှတယ်...

စန္ဒကူး said...

ငါးရှိတဲ့နေရာမှာမျှားလေလို့.... ပြီးတော့ သူတို့ကြိုက်တတ်တဲ့အစာမှ ရတာ..း))
မဒမ်ကိုးရေ.. ကူးက ငါးတွေ့သိပ်ပျော်.. ကိုင်တော့သိပ်မကိုင်ရဲဘူး..
ငါးစာတို့.. ငါးမျှားတံက ဖြုတ်တာတော့သူများကိုခိုင်းရတာလေ..
ကိုယ်ကတော့ ငါးမျှားတံကိုင်ပြီး ငါးတွတ်ရင် ဆွဲရုံလောက်ဘဲ..း)

Sofar Away Fromu said...

ငယ်ငယ်တုန်းကတော့ ငါးလေးတွေ မွေးတယ်
ဒါပေမယ့် အဲ့ဒါက လုံးဝမမျှတတဲ့လုပ်ရပ်တစ်ခုဆိုတာ
နည်းနည်းကြာတော့ အဖြစ်အပျက်တစ်ခုကိုကြားခံလို့
သိလိုက်ရတော့ ...ဘယ်လောက်ဝါဿနာ ပါ ..ပါ မမွေးတော့ဘူး
ငါးဖမ်းတာလည်း ထိုနည်းတူပဲ ....
သနားဖို့ကောင်းပါတယ် ကိုယ့်အတွက်နဲ့
သူတို့က တကွဲတပြားဖြစ်နေရတယ်
အမ က ရက်စက်တတ်တာပဲ...
မှားသွားတာရှိရင် ဆောရီးပါ...

အယ်နီ said...

သနားပါတယ် ငါးလေးတွေ မမျှားပါနဲ့လား မမ ရယ် တယောက်မမျှားတော့ လဲ ငါးလေးတွေအတွက် တယောက်စာဘေးကင်းတာပေါ့ ငါးလေးတွေဘယ်လောက်နာရှာမလဲနော်

စန္ဒကူး said...

ဟုတ်တယ်နော်.. သနားဖို့တော့ကောင်းတယ်..
ချစ်လဲချစ်တယ်... ၀ါသနာက ပါနေတော့ ဘာပြောရမှန်းမသိတော့ဘူး။
နောက်ဆိုလဲ မမျှားဖြစ်အောင်ကြိုးစားနေပါတယ်။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

အပြာရောင်ရှုခင်းလေးက ချစ်စရာလေးနော်
အဲဒီရှုခင်း အလှဆုံးဘဲး))
ကူးကူးရေ..
ပုံလေးတွေအားလုံးလှတယ် သိလား..

ဖြိုးဇာနည် said...

ကျွန်တော်လဲ ငါးမျှားဝါသနာပါတယ်ဗျ
ဒါပေမဲ့ငယ်ငယ်တုန်းက ပဲမျှားခွင်ကြုံ
ခဲ့ရတယ်။ ခုမျာားတော့ ဝေးနေပါပြီ
ခုလိုတွေ့ရပြန်တော့လဲ စိတ်ကမယိုးမရွ
ဖြစ်ရပြန်တယ်။ကျွန်တော်သာဆို ပြန်လွှတ်
မှာမဟုတ်ဝူးဗျ ကိုယ်ခက်ခက်ခဲခဲ မျှားထား
ရတဲ့ ငါးကိုများ နှမြောစရာဗျာ တိတ်တိတ်
လေးယူပြန်သွားမိမှာသေချာတယ်။

ချစ်စံအိမ် said...

နာမည်လေးလှသလိုလူလေးလဲလှမယ်ထင်ပါ့
ငါးမျှားတာတော့လမင်းကြောက်ကြောက်

Anonymous said...

ဗမာတွေကတော့ ပုနေတဲ့သူတွေထက် နဲနဲသာတာနဲ့ ငါ့ကိုယ်ငါ ရှည်လှပေါ့ ကြည့်ရတာ ဘုတ်ပွ ဂင်တိုထဲကပါပဲး)

...အလင်းစက်များ said...

ငယ်ငယ်က မျှားဖူးတယ် အရဿာရှိတယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ခုတော့ ငရဲကြီးမှာ ကြောက်လို့  မမျှားတော့ဘူး။ ကြောက်တယ်ဗျ။

Anonymous said...

ဘယ်နိင်ငံမှာနေတာလဲ ဟင်....ရေးတာလေးတွေကောင်းပါတယ်........

Post a Comment

ကူးကူးရေ...

 
Powered by Blogger