Skip to main content

ငါးမျှားခြင်း - ၀ါသနာ

 
ကျွန်မစိတ်ဝင်စားတဲ့အရာတွေအမြဲပြောင်းလဲနေတယ်။ မပြောင်းလဲသေးတာကတော့ ငါးမျှားဖို့အရမ်းဝါသနာပါတာကိုဘဲ။  ငါးတွေ့ရင်မနေနိုင်ဘူး။ 
အိမ်မှာတော့ ငါးလေးတွေလဲမွေးထားတယ်။ နိုင်ငံရပ်ခြားရောက်ကတည်းက ငါးမျှားခွင့် မကြုံခဲ့ဘူး။  ဒီတစ်ခါတော့ rideau canal ဘက်ကိုလမ်းလျှောက်ရင်းနဲ့ ကိုးရီးယားအန်တီတွေ လေးငါးယောက်စုပြီးငါးမျှားနေတာစိတ်ဝင်စားလို့အကြာ ကြီးရပ်ကြည့်နေမိတယ်။
ငါးမိတာမြန်လိုက်တာ..ဖတ်ကနဲ့ ဖတ်ကနဲ့ အသည်းကိုယားနေတာ...  ငါးမိတော့ ချိတ်က ပြန်ဖြုတ်ပြီး ရေထဲ ၀ှီးကနဲ့ပြန်လွှတ်ချချလိုက်တာတွေတော့ ဘာများလုပ် ပါလိမ့်။  ပြန်လွှတ်ရင်လဲဘာလို့များ ငါးမျှားနေသေးလဲဆိုပြီး စဉ်းစားမိတယ်။
နောက်မှ အဲဒီမှာနေတဲ့သူက ရှင်းပြတာ ငါးမျှားဖို့လိုင်စင်လျှောက်ရတဲ့အကြောင်း၊ မျှားလို့ရရင်လဲ ငါးအကောင်ရေနဲ့အမျိုးအစားကန့်သတ်ထားတဲ့အကြောင်း ပြောပြ ပါတယ်။  ကျွန်မက ဘာဖြစ်လဲ ဘယ်သူမှလာစစ်တာလဲမဟုတ် မိတာအကုန်ယူသွား လဲပြီးတာဘဲဆိုတော့ ....မရဘူးလေ အဲဒါကိုယ့်အကျင့်နဲ့ဆိုင်တယ်.. 
သူများလာစစ်မှမဟုတ်ဘူး..လိုင်စင်လျှောက်ကတည်းက ကတိဝန်ခံချက်ရှိပြီးသားမို့ လိုက်လျှောက်မယ်မလျှောက်ဘူးဆိုတာ ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်လို့ရှင်းပြတော့ ရင်ထဲနဲနဲ ထိသွားတယ်..  ကျွန်မလား..မိရင်အကုန်ယူမှာ :D 
ottawa ရောက်တော့ တရုတ်/ဗီယမ်နမ် ဆိုင်တွေကိုအားကိုးရပါတယ်။ အဲဒီမှာ ထိုင်းက သွင်းတဲ့ဟင်းသီးဟင်းရွက်အကုန်စုံရတယ်။  အရွက်စားချင်ရင် အဲဒီကို သွား လို့ဆိုရမလိုဘဲ။ရေချိုငါးလဲအဲဒီမှာရပါတယ်။တလားပီးယား.. သေနေပီ တောင့် နေတာဘဲ။း)
supermarket တွေမှာတော့ ရှိပါတယ်၊ ဒါပေမယ့် များသောအားဖြင့် salad လုပ်တဲ့ အရွက်တွေများတယ်။ အချဉ်ဟင်းချက်ဖို့အရွက်လိုက်ရှာတာ နောက်ဆုံး broccoli အသေးလေးတွေပါတဲ့အရွက်ဘဲဝယ်လာရတယ်။ ချက်ကြည့်တာတော်တော်ခါးတယ်။ ဒါပေမယ့်မဆိုးပါဘူး။
ငါးမျှားတဲ့အကြောင်းကနေ စားစရာဆီရောက်သွားပြန်ပြီ။ 
ငါးမျှားချင်လွန်းတဲ့ကျွန်မအတွက်Canadian tireမှာငါးမျှားတံတစ်ခုအရင်သွားဝယ်
ပေးရပါတယ်။ တစ်ရက်စာ လိုင်စင် တစ်ခါတည်းဝယ်ရပါတယ်။ ငါးမျှားတံနဲ့ တွဲလျှက် ဂျယ်လီလိုလို၊ ရာဘာပျော့ တီကောင်ပုံလေး၊ ပြည်ကြီးငါးပုံလေးတွေပါတယ်။ အဲဒါ တီကောင်အစားသုံးမယ်ပေါ့။  ငါးမျှားဖို့ gatineau park ကိုရောက်လာပြီ။


ကိုယ်လိုသူလိုငါးလာမျှားတဲ့သူတွေလဲရှိတယ်..ကန်ကြီးကအကြီးကြီးဘဲ.. လှေလှော် ပြီး မြစ်လယ်ထိသွားတယ်.. 
ငါးမျှားတံမသုံးတတ်လို့ လှေအကြီးနဲ့ငါးလာမျှားကြတဲ့ တရုတ်တွေကို အကူညီ တောင်းပြီးဆင်ခိုင်းရသေးတယ်။။  ငါးလဲမတွတ်ပါ။ နောက်ဆုံးတော့ လှေ အလှည့်မှာ ငါးဘဲကံဆိုးတာလား.. ကျွန်မဘဲကံကောင်းသလားမသိ.. လှုပ်စိစိဖြစ်နေ လို့ဆွဲလိုက်တော့ ငါးတစ်ကောင်ပါလာပါတယ်.. ပျော်လိုက်တာဖြစ်ခြင်း...
ဒီရာဘာပျော့စိတွေနဲ့မျှား ဘယ်ငါးကစားမလဲလေ.. တီကောင်မဟုတ်၊ ၀ါးပိုးမဟုတ်၊ ငါးသေးသေးမဟုတ်နဲ့... ဒါပေမယ့် တစ်ကောင်ရလဲမဆိုးဘူးဆိုပြီး ပြန်ယူလာပါတယ်။
 နောက်ရက်တွေမှာ တက်ကြွပြီး မြစ်မှာ ငါးသွားမျှားတာ တစ်နေသာကုန်သွားတယ် မရဘူး။  အဲတော့ တောင်ကီ/တီကောင် ၀ယ်ဖို့ အရှာထွက်ရတယ်။  Canadian tire မှာ ရောင်းလေ့ရှိပေမယ့် ရာသီဥတုအေးလာတော့ သူတို့မှာလဲမရှိတော့ဘူး။ 
ဒါနဲ့ခပ်တည်တည်ဘဲ petstore မှာသွားပြီးတီကောင်သွားမေးပါတယ်။ သူတို့က ဘာလုပ်မလို့လဲဆိုတော့ ငါးလေးတွေကို ကျွေးမလို့လို့ လိမ်လိုက်တယ်။ ဟီး
တီကောင်တော့ရှိတယ်..ဒါပေမယ့် ခြေမွှပြီး အသင့်ကျွေးဖို့ လုပ်ထားတာတွေ freezer ထဲကထုတ်ပေးတယ်.. အဲဒါနဲ့ငါးမျှားလို့ဘယ်ရမလဲလေ..
ဒါနဲ့စိတ်ပျက်ပြီးပြန်ထွက်လာတယ်။ 
နောက်နေ့မှာတော့ အဲဒီကိုရောက်နေတဲ့မြန်မာအကိုကြီးတစ်ယောက်ကို ငါးမျှားတံ သေချာသွားဆင်ခိုင်းပြီးမှ သူက လိုင်စင်သွားဝယ်မနေနဲ့ အပျော်ဌားတာဘဲ။ ကိုယ့်ဟာယူသွားဆိုပြီးပေးတော့အတော်ပါဘဲ.....  နေတဲ့နေရာနဲ့နီးတဲ့ rideau canal မှာဘဲ အားတိုင်းသွားမျှားတော့တာ.. မရဘူးသိလား..
အဲဒီအကိုကြီးကပြောပြတယ်..အေးနေပီ ငါးရမှာမဟုတ်ဘူးတဲ့... ကျွန်မကလက်မလျှော့။ ရေမှမခဲသေးတာလေ..  နောက်ဆုံးတော့ ဥဏ်ကြီးရှင်က ပုဇွန် နဲ့မျှားမယ်ဆိုပီး freeze လုပ်ထားတဲ့ပုဇွန်လေးတွေဓားလေးနဲ့ အစိတ်စိတ်ခြမ်းပြီး ငါးမျှားတံပေါ်စချိတ်တဲ့နေ့မှာဘဲ မိလိုက်တဲ့ငါးတွေ.. ပြန်လွှတ်လဲ ပြန်လာကိုက်တာ ဘဲ။ ပုဇွန်ကြိုက်သကိုး...
ငါးမျှားရတာအရသာရှိတာလဲ ငါးကိုမြင်နေရတာ.. လာကိုက်ဖို့ မကိုက်ဖို့ စဉ်းစား နေတဲ့ ငါးတွေကို လှမ်းကြည့်နေရတာကိုသဘောကျတာ..
အကောင်တွေကိုညှင်းဆဲတာလားဆိုတော့ ဟုတ်ပါတယ်။ မကောင်းပါဘူး..ဒါပေမယ့် ၀ါသနာကိုး...း(

မိပြီ တစ်ကောင်
 ငါးထိုင်မျှားတဲ့ခုံတန်းလေး.. ခုတော့ ရေခဲတွေဖုံးပေါ့..း)
၁ နာရီအတွင်းရသောငါးများ..း))
မြန်မာဝတ်စုံဝတ်ဖို့ကို ထမီတစ်ကွင်းနဲ့မလောက်လို့အမြဲဆက်ရတယ်။
ကျွန်မ ဒီဇိုင်နာမမ က တော်ပါတယ်။  ဒါပေမယ့် လူက ၀ါးလုံးပုံဆိုတော့ ခြံစည်းရိုး ထမီပတ်ထားသလိုဖြစ်နေတာကတော့ ကိုယ့်ဘ၀နဲ့ကိုယ်ရှိပါစေတော့ရယ်။ 
 the end ~

Comments

  1. ငါးကြော်ကြိုက်လို့ ဒီနေ့ပဲ ကြော်စားနေတာ။
    ကိုယ်တိုင်တော့ ဖမ်းဘူး။
    မြန်မာဝတ်စုံလေးနဲ့ လှမယ့် ပုံ :)

    ReplyDelete
  2. မစနကူး ရေ
    ပြမယ်.ပြလဲ မျက်နှာပါ အပါအ၀င် ၊ကိုယ်.ပုံကို ရဲရဲတင်းတင်းသာပြပါ။
    သေသေချာချာဘလော.ရေးနေတဲ.သူတွေဘဲဟာ ၊ ဒီဘလော.ဂ်ကိုဖတ်တော.၊ ဘလော.ဂ်ပိုင်ရှင်ကိုလဲ မြင်ဖူးချင်လာလို.လေ။
    ပိုင်ရှင်က မပြခိုင်းလို.ဆိုလဲ နားလည်ပါတယ်။ မြင်ဖူးချင်တာ သပ်သပ်ပါဘဲ။
    ကျမကတော. မစနကူးမျက်နှာကို မျက်စိထဲပုံဖော်ကြည်.လို.မရဘူးဖြစ်နေတယ်။

    ReplyDelete
  3. ဟုတ်ပါ့နော်..ပုံတင်ထားပါတယ်။ မတွေ့ဖြစ်လို့ဖြစ်မှာပါ။
    အဓိက က ကိုယ့်ပုံအကြောင်းရေးတာမဟုတ်လို့ ပုံကို တိုက်ရိုက်ကြီးမပြတာပါ။ ( ရုပ်ဆိုးဆိုး ပိန်ရှည်ရှည်လေးမြင်ယောင် လိုက်)
    ဘလော့စရေးကတည်းက မျက်နှာဖော်တာမျိုးမလုပ်ပါဘူးလို့ ကတိပေး ထားပေမယ့် တစ်ခါတစ်လေ နဲနဲပါသွားတာမျိုးတော့ရှိတယ်..း))))
    သူများကိုပုံတင်ခိုင်းတဲ့သူကလဲ anonymous ကြီးနဲ့ပါလား..း)
    နောက်တာ..

    ReplyDelete
  4. မျက်နှာဖျက်ထားတာ.. ကိုးရီးယား အန်တီကြီးမို့ပါ.. သူတို့က ငါးမျှားလိုင်စင် နဲ့ မျှားနေကြတာလေ... တရားဝင်လားဘာလားမသိလို့ပါ။
    ဒါကြောင့် အရွက်လေးကပ်ထားပေးပြီး မျက်နှာဖျက်ထားတာ..း)

    ReplyDelete
  5. Thanks for sharing KuuKuu.I miss every where in Ottawa.Rideau canal turned into skate ring now.I always enjoyed going into Gatineau especially fall.I did fishing too.In spring,I caught some little shrimps in St.Laurence river .
    Gyidaw

    ReplyDelete
  6. ငါးကြိုက်ပေမဲ့ ကိုယ်တိုင်တော့မဖမ်းဖူးဘူး။ မြန်မာဝတ်စုံလေးလှတယ်။

    ReplyDelete
  7. ဟုတ်တယ် နော် အစ်မ ငါးမျှားရတာ စိတ်အပန်းပြေ ဗိုက်လဲ ၀ ..ကန်မဟုတ်ရင် ဒီရေတက်တဲ့ အချိန်ဆိုပို ရတယ်..ေ၇ကျ၇င်တော့ မ၇တော့ဘူး အရင်တုန်း ကျွန်တော်တို့ လဲ ကျောင်းတက်တုန်း သူငယ်ချင်းတွေနဲ့  သောကြာနေ ညဆိုရင် သွား တညလုံးသွား စနေနေ့ မှပြန်လာတယ် ငါးမ၇တဲ့ နေတွေလဲများပ..၇တော့လဲ အကောင်သေးလို့ ယူမရတာလဲ ပြန်လွှတ်ပေါ့ ခုတော့ မလုပ်တော့ဘူး ငါးတွေ hook ကို မျိုထားတာ ပြန်ဖျုတ်၇တာ ငါးတွေ ကိုကြည့် မခံစားနိုင်တော့လို့  သူများတွေ ကတော့ပြောသား ငါးတွေမှာ နာကျင်ခံစားမှု မ၇ှိဘူးလို့ သို့ သော်..

    ReplyDelete
  8. I like that kind of fish, taste similar to Nga Pyay Ma. And also cheap I think around $3.00 in Washington DC area Chinese super market.

    ReplyDelete
  9. လှမှလှ ဟာကို.. ဝါးလုံးပုံတဲ့ ပြောချက်က.. :)
    ငါးတော့ တစ်ခါမှ မမျှားဖူးဘူး။

    ReplyDelete
  10. ဒို့ လည်းအလုပ်ထဲမှာသူငယ်ချင်းတွေနဲ့ အတူနေတုန်းကငါးမျှားတယ်။ ကျောပိုးအိတ်ထဲမှာကိုငါးမျှားချိတ်အမြဲထဲ့ထားတာ။နောက်တော့မှ သူတပါးအသက်သတ်တာထိန်းဘို့ ကြိုးစားတော့မှမလုပ်တော့တာ။ ငါးရပြီးပြန်လွှတ်တာလည်းလုပ်ချင်ပါဘူး။ကိုယ်ကမျှားကတည်းကစားချင်နေပြီ။ငါးမျှားတဲ့တနေ့ သူငယ်ချင်းတယောက်ကအမြဲအားရင်ဘုရားစာရွတ်နေတဲ့သူကငါးဖြုတ်ပေးတယ်။ ရီလိုက်ကြရတာ။ (လွှတ်ဘို့ မဟုတ်ဘူး စားဘို့ ..ဟီးဟီး)
    အိုင်အိုရာ

    ReplyDelete
  11. ဟုတ်တယ်..မိရင်တော့စားချင်တာဘဲ.. ဟီးဟီးး
    ဒါပေမယ့် မကိုင်တတ်လို့ သူများကိုပေးပစ်ရတာ..
    ငါးကိုင်ရတာတယ်ခက်သကိုး.. ငါးစိမ်းသည်..ငါးစိမ်းသည်နဲ့ နာမည်သာဆိုတာ သူတို့အလုပ်ပညာသားပါတယ်..း)))

    ReplyDelete
  12. မြတ်ကြည်ရေ.. တကယ်ဝါးလုံးပါ.. ၀ါးလုံးတောင်မှ ၆ ပေနီးပါး ၀ါးလုံးရှည်..း))

    ReplyDelete
  13. ကိုယ်လုံးလေးကမိုက်တယ် ကူးကူးရေ တို့နဲ့များတခြားစီပဲ ..း))
    သတ္တိကောင်းတယ်ပြောရမယ် ငါးဖမ်းရဲတာ
    တို့ကငါးမဖမ်းရဲဘူး အဲလိုအရှင်တွေဖလတ်ဖလတ်ခုန်နေရင် ပြေးရေား)))

    ReplyDelete
  14. ရူခင်းတွေက လှလိုက်တာ ကူးကူးရေ..ငါးမျှားချင်စိတ်တောင် ပေါက်တယ်..ငါးမျှားတိုင်းလည်း တကောင်မှ မမိဘူး..မြန်မာဝတ်စုံလေးက လှတယ်...

    ReplyDelete
  15. ငါးရှိတဲ့နေရာမှာမျှားလေလို့.... ပြီးတော့ သူတို့ကြိုက်တတ်တဲ့အစာမှ ရတာ..း))
    မဒမ်ကိုးရေ.. ကူးက ငါးတွေ့သိပ်ပျော်.. ကိုင်တော့သိပ်မကိုင်ရဲဘူး..
    ငါးစာတို့.. ငါးမျှားတံက ဖြုတ်တာတော့သူများကိုခိုင်းရတာလေ..
    ကိုယ်ကတော့ ငါးမျှားတံကိုင်ပြီး ငါးတွတ်ရင် ဆွဲရုံလောက်ဘဲ..း)

    ReplyDelete
  16. ငယ်ငယ်တုန်းကတော့ ငါးလေးတွေ မွေးတယ်
    ဒါပေမယ့် အဲ့ဒါက လုံးဝမမျှတတဲ့လုပ်ရပ်တစ်ခုဆိုတာ
    နည်းနည်းကြာတော့ အဖြစ်အပျက်တစ်ခုကိုကြားခံလို့
    သိလိုက်ရတော့ ...ဘယ်လောက်ဝါဿနာ ပါ ..ပါ မမွေးတော့ဘူး
    ငါးဖမ်းတာလည်း ထိုနည်းတူပဲ ....
    သနားဖို့ကောင်းပါတယ် ကိုယ့်အတွက်နဲ့
    သူတို့က တကွဲတပြားဖြစ်နေရတယ်
    အမ က ရက်စက်တတ်တာပဲ...
    မှားသွားတာရှိရင် ဆောရီးပါ...

    ReplyDelete
  17. သနားပါတယ် ငါးလေးတွေ မမျှားပါနဲ့လား မမ ရယ် တယောက်မမျှားတော့ လဲ ငါးလေးတွေအတွက် တယောက်စာဘေးကင်းတာပေါ့ ငါးလေးတွေဘယ်လောက်နာရှာမလဲနော်

    ReplyDelete
  18. ဟုတ်တယ်နော်.. သနားဖို့တော့ကောင်းတယ်..
    ချစ်လဲချစ်တယ်... ၀ါသနာက ပါနေတော့ ဘာပြောရမှန်းမသိတော့ဘူး။
    နောက်ဆိုလဲ မမျှားဖြစ်အောင်ကြိုးစားနေပါတယ်။း)

    ReplyDelete
  19. အပြာရောင်ရှုခင်းလေးက ချစ်စရာလေးနော်
    အဲဒီရှုခင်း အလှဆုံးဘဲး))
    ကူးကူးရေ..
    ပုံလေးတွေအားလုံးလှတယ် သိလား..

    ReplyDelete
  20. ကျွန်တော်လဲ ငါးမျှားဝါသနာပါတယ်ဗျ
    ဒါပေမဲ့ငယ်ငယ်တုန်းက ပဲမျှားခွင်ကြုံ
    ခဲ့ရတယ်။ ခုမျာားတော့ ဝေးနေပါပြီ
    ခုလိုတွေ့ရပြန်တော့လဲ စိတ်ကမယိုးမရွ
    ဖြစ်ရပြန်တယ်။ကျွန်တော်သာဆို ပြန်လွှတ်
    မှာမဟုတ်ဝူးဗျ ကိုယ်ခက်ခက်ခဲခဲ မျှားထား
    ရတဲ့ ငါးကိုများ နှမြောစရာဗျာ တိတ်တိတ်
    လေးယူပြန်သွားမိမှာသေချာတယ်။

    ReplyDelete
  21. နာမည်လေးလှသလိုလူလေးလဲလှမယ်ထင်ပါ့
    ငါးမျှားတာတော့လမင်းကြောက်ကြောက်

    ReplyDelete
  22. ဗမာတွေကတော့ ပုနေတဲ့သူတွေထက် နဲနဲသာတာနဲ့ ငါ့ကိုယ်ငါ ရှည်လှပေါ့ ကြည့်ရတာ ဘုတ်ပွ ဂင်တိုထဲကပါပဲး)

    ReplyDelete
  23. ငယ်ငယ်က မျှားဖူးတယ် အရဿာရှိတယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ခုတော့ ငရဲကြီးမှာ ကြောက်လို့  မမျှားတော့ဘူး။ ကြောက်တယ်ဗျ။

    ReplyDelete
  24. ဘယ်နိင်ငံမှာနေတာလဲ ဟင်....ရေးတာလေးတွေကောင်းပါတယ်........

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ