Pages

Wednesday, February 2, 2011

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။ 
 သတ်သတ်လွတ် ဘာဘီကယူးးးးး
ငါးကင်
 ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀
 ကြက်ဥထမင်းကြော်
 ကျောက်ပွင့်သုပ်
 ပင်လယ်ငါး ပဲငပိချက်
 ငါးနီတူသုပ်
 ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀
ငါးခေါင်းချဉ်ရေ
  ပင်လယ်ငါးမချက်မှီ
 ပင်လယ်ငါးချက်
 ငပိရည်တို့စရာ
 ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ
ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်)


15 Comments:

Anonymous said...

ကူးကူးစ်စ်စ်ရေရရရရရရ
ငါးတွေလတ်ဆတ်မဲ့ပုံလေးတွေ..
ငွေဆောင်မရောက်ဖူးဘူး.။

ပေါက်

ဆောင်း said...

ကျောက်ပုစွန်က လှလိုက်တာ။ ကျောက်ပွင့်သုပ်က အမြင်ဆန်း တယ်။ ကျောက်ပွင့်က ဘာ အရောင်လဲ။

လရိပ်အိမ် said...

ကျောက်ပုဇွန်စားချင်တယ်ယ်ယ်ယ်။ သရေကျသွား၏။

rose said...

အစ်မကူးကူး.... ငါး၊ ပုဇွန်တွေ လာငမ်းသွားတယ်။ ပင်လယ်စာဆို ရို့စ်က ကြိုက်မှကြိုက်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂဏန်းမပါဘူးလား
ပင်လယ်စာတွေ စုံနေတာဘဲ..
ကျောက်ပုဇွန်ကတော့ ဈေးလဲကြီး စာလို့လည်းကောင်း နေမှာဘဲ... စားချင်လိုက်ပါဘိ

စန္ဒကူး said...

ကျောက်ပွင့်ကအဖြူရောင်လေး...
အားရပါးရစားသွားကြအဲလေ..ငမ်းသွားကြ
ကျောက်ပုဇွန်ကဈေးကြီးတယ်.. ကူးစားဖို့ဟုတ်ဘူး..
အဖွားစားဖို့ပြန်ဝယ်သွားတာ...
အိမ်ရောက်တော့ မာမီကအသားနွှာပြီးအဖွားကိုချက်ကြွေးတာ.. အဖွားက သူတို့ရွာမှာတစ်ခါမှမမြင်ဖူးလို့ဆိုပီး ကျောက်ပုဇွန်အခွံမကျိုး အောင် သေချာ လုပ်ပြီး အခြောက်လှမ်း ပြန်ယူသွားသေးတယ်။

subuueain said...

ကျောက်ပုစွန်စားချင်တယ်

Shinlay said...

စားချင်းတယ်ဗျို့ ......

Tun Tun said...

What a lovely cat.

ရွှေရတုမှတ်တမ်း said...

ကျောက်ပုဇွန်က ဈေးကြီးပါလား..ဒီက seafood ဆိုင်တွေတောင် အဲလောက်ဈေးမကြီးဘူး

rose of sharon said...

ကျောက်ပုဇွန်ကဈေးကြီးလိုက်တာ ... ဒီမှာ အဲဒီအရွယ်တစ်ကောင်ကို အစိမ်းဝယ်ရင် ၅ဒေါ်လာလောက်ဘဲ၇ှိတယ်... ကြောင်လေးကချစ်စရာလေး

အဖြူရောင်နတ်သမီး said...

အကင်လေးတွေ စားချင်တယ်..

သဉ်ဇာ - Thinzar said...

ငွေဆောင်တောင် သွားချင်လာပြီ.. ကျောက်ပွင့်သုပ်စားချင်တယ်။

Anonymous said...

I am genuinely delighted to read this web site
posts which carries lots of helpful information, thanks for providing such data.



Feel free to surf to my web blog ranger forum

Anonymous said...

Thanks for finally writing about > "ငွေဆောင် အစားစာများ" < Loved it!

Also visit my site :: sshdjx.

com

Post a Comment

ကူးကူးရေ...

 
Powered by Blogger