Pages

Tuesday, February 15, 2011

ဘာဂါ (Burger)

ကွာလာလမ်ပူရောက်တိုင်း သဘောကျတဲ့ ဘာဂါ ဆိုင်လေးပါ။
မြန်မာတို့ဆုံစည်းရာ ဇေယျာစားသောက်ဆိုင်နဲ့လဲနီးသလို china town နဲ့လည်းနီးတယ်။
ညနေဆို သူ့ဆိုင်မှာလူတွေအုံနေတာဘဲ။ ဘာဂါ လုံးဝမကြိုက်တဲ့ ကျွန်မတောင်မှ အဲဒီဆိုင်က ဘာဂါလေးကို ကြိုက်သွားတာလေ။  သူ့ဆိုင်လေးဘေး ကားလမ်းကူးရင် မျက်နှာချင်းဆိုင်မှာ Mc-Donald ဆိုင်ရှိတယ်..
အဲဒီမှာတော့ လူဘယ်နှစ်ယောက်လဲဆိုတာရေလို့ရတယ်..  ဒီဦးကတုံးဆိုင်လေးမှာတော့ လူတွေ ၀ိုင်းအုံနေတာ။  သူက ဘာဂါလုပ်နေရင် သီချင်းလဲဆိုသေးတယ်၊  ကက်ဆက်လေးဖွင့် သီချင်းလေးတစ်ကြော် ကြော်နဲ့ လုပ်တာလဲ မြန်သလားမမေးနဲ့.. အရသာလဲရှိ.. တစ်နေ့တစ်နေ့ ရောင်းရတဲ့ ဘာဂါတွေ နည်းတာမ ဟုတ်ဘူး။ အဖြူတွေရော၊ အမဲတွေရော.. ကျွန်မတို့လို လူတွေပါ တစ်ပုံကြီးဘဲ။
ညနေသူ့ဆိုင်ရှေ့ဖြတ်တိုင်းဝယ်နေကျမို့ တစ်ရက်တော့ တစ်ကူးတစ်က ဗီဒီယိုသွားရိုက်လာခဲ့တယ်။  ဖိုင်က ရှည်တော့ edit လုပ်ရမှာမို့ အချိန်ကြာသွားတယ်။  တစ်နှစ်နီးပါးရှိတော့မယ်။
ဒါတောင် ချစ်သူကို လုပ်ပေးဖို့ ပူဆာ တာ (၆)လ၊  အခုတော့ စိတ်ကောင်းလေးဝင်လို့ထင်ပါတယ်.. edit လုပ်ပေးတယ်.
မလေးက အစားသောက်တွေက လမ်းဘေးက အစာတောင် ကျွန်မအတွက် စိတ်ချ စားလို့ရတယ်။  ကျွန်မနေ တိုင်နိုင်ငံက ၀က်သားမပါရင် အစာလို့သူတို့မထင်ဘူး၊ ဒါကြောင့်အပြင်ထွက်ရင် အရမ်း ဒုက္ခရောက်တယ်။  မလေးရောက်ရင်တော့ စိတ်ချလက်ချ စားတော့တာဘဲ..  ။
ကဲ စိတ်ဝင်စားရင်တော့ စိတ်ရှည်ရှည်လေးထားပြီး ဗီဒီယိုဖိုင်လေးဖွင့်ကြည့်လို့ရပါပြီ။  နောက်ဆုံးမှာ ကြက်ဥ နဲ့ ဘာဂါရောင်းတဲ့ ဦးလေးဂေါင်းနဲ့ က ပုံစံတူတာတွေ့လိမ့်မယ်။ 

2 Comments:

သဉ်ဇာ - Thinzar said...

အဲနားရောက်ရင် သွားဝယ်စားဦးမှဘဲ :)

ဂျမ်းဘုံ said...

ဟိ.. ramli burger လို့ခေါ်တယ်ပြောတယ်..

Post a Comment

ကူးကူးရေ...

 
Powered by Blogger