Pages

Sunday, February 6, 2011

ပွဲဈေးတန်း - ရန်ကုန် ၂၀၁၀

ရန်ကုန်ပြန်ရောက်တိုင်းပွဲဈေးတန်းလိုက်ရှာပြီးမရောက်မနေသွားဖြစ်တာလဲ ကျွန်မ၀ါသနာတစ် ခုပါ။  အရင့်အရင်နှစ်တုန်းက ကျွန်မတို့နေတဲ့ ဘက်နားက ရပ်ကွက်မှာ ပွဲဈေးတန်းရှိလို့ မောင်လေးနဲ့နှစ်ယောက် စက်ဘီးစီးပြီးသွားကြတယ်။ ကလေးတွေအတွက် ချားလဲ ၀င်စီးလိုက်တာဘဲ။ တွေ့သမျှဆိုင်တိုင်းအကုန်ဝင်စားတယ်။ အိမ်အပြန်တော့မာမီတို့အတွက် ထမင်းနဲဝယ်သွားပေးတယ်။ ဒီနှစ်လဲ ကံကောင်းချင်တော့ ပွဲဈေးတန်းကအရှည်ကြီး....
လျှောက်သွားပြီးဓာတ်ပုံအ၀ရိုက်လာခဲ့တယ်။
အောက်ပိုင်းမှာ စားစရာတွေပုံလဲအပီအပြင်ပါတယ်..  အကုန်ကိုစားခဲ့တာ..း))
မင်းသားက မရောက်လားသေးဘူး၊ မင်းသားလာကတဲ့အချိန်ထိစောင့်ချင်ပေမယ့် မောင်လေး ရုံးကအပြန်လှည့်ခေါ်မယ့်အချိန်နဲ့နီးနေလို့ပြန်ထွက်ခဲ့ရတယ်။
သေနတ်တွေလဲရောင်းပါသတဲ့...း))
ဘုရားပေါ်တက်ပြီး ရေချမ်းစင်က ရေလေးတစ်ခွက်သောက်ခဲ့သေးတယ်.. အေးးနေတာဘဲ။ 
ပွဲတန်းတစ်လျှောက်လုံးပျော်ခဲ့ပြီးမှ နောက်ဆုံးအပြန် ထွက်ခါနီးမှာမှ..မျက်မမြင်ဦးလေးကြီးတစ် ယောက် သမီးလေးကို ရှေ့ချပီးသီချင်းဆိုနေတာ တွေ့တယ်.. ညလဲနက်နေတော့ သူ့သမီးလေး က ရှေ့မှာထိုင်ပြီးအိပ်တောင်ငိုက်နေပြီး.စိတ်ထဲမကောင်းလိုက်တာ..း((


























6 Comments:

Shinlay said...

ကျေးဇူးပါကူးကူးရေ။ ပွဲဈေးနဲ့ ပွဲကြိုက်တဲ့ကျမအတွက်
ဒီပုံတွေကအဖိုးတန်ပါတယ်။
ပွဲခင်းတဲရောက်နေသလိုပါပဲ။

baby taster said...

အဲ့လိုပွဲဈေးတန်း ၂ခါပဲလည်ဖူးတယ်။
ခုဆို နှစ်ပေါင်း ၂၀ကျော်ပြီ မလည်ဖူးတာ
ပျော်စရာကြီးနေမှာနော်။

လရိပ်အိမ် said...

ဂလု ဂလု ဂလု

rose said...

အစ်မကူးကူး... ပွဲဈေးတန်းက ဓာတ်ပုံလေးတွေ တင်ပေးလို့ ကျေးဇူးနော်။ လွမ်းလိုက်တား( အပေါ်ဆုံးပုံက ငုံးကောင်ကြော်နဲ့ ငုံးဥကြော်ရယ် ထမနဲရယ် အရမ်း စားချင်တာပဲ။ ဒီမှာ မရနိုင်တဲ့ အစားအစာတွေလေ။ မုန့်ပျားအုံ ဆိုတာတော့ တစ်ခါမှ မစားဖူးဘူး။

PAUK said...

မုန့်သိုင်းခြုံလိုလိုတော့ တွေ့လိုက်တယ်..။
မုန့်သိုင်းခြုံစားချင်နေတယ်..။


ပေါက်

Anonymous said...

Feel sorry for last picture.

Post a Comment

ကူးကူးရေ...

 
Powered by Blogger