Pages

Monday, January 31, 2011

ငွေဆောင် သို့ ၂၀၁၀ - Central Hotel

၂၀၁၀ ဒီဇင်ဘာအိမ်အပြန်ကိုတော့ ပင်လယ်သွားကြမယ်လို့ဆုံးဖြတ်ထားပြီတော့.မောင်လေးက ငွေဆောင် မှငွေဆောင်ဖြစ်နေတာမို့ ငွေဆောင်သွားဖို့ ပြင်ဆင်ရပါတယ်။ ကျွန်မတို့မိသားစု ၅ ယောက်အပြင် မိတ်ဆွေ တွေလဲပါမှမို့ စုစုပေါင်း (၁၀)ယောက်အတွက် တစ်ကားထဲမှာဆန့်ဖို့ ကားအရင်လိုက်ရှာရပါတယ်။
မောင်လေးကအရင်ရှာထားပြီးသားပေမယ့် ကားကိုကျွန်မရောက်မှဘဲသွားကြည့်ဖြစ်တယ်။  ၂ ရက်ကို ၃ သိန်းခွဲ။ ကားမောင်းတဲ့ကောင်လေးတွေက ချင်းလေးတွေပါ။ သဘောလဲကောင်းကြပါတယ်။
ငွေဆောင် မှာbooking လုပ်ထားတဲ့ Hotel က Central Hotel ပါ။  ငွေဆောင်ထဲစ၀င်ပြီး အစွန်ဆုံးအဖက်၊ ချစ်သူ များကျွန်း နားလေးမှာပါ။  အရမ်းလဲသန့်၊ အရမ်းလဲ အေးချမ်းတဲ့နေရာပါ။ ဟော်တယ်ဝန်ဆောင်မှုက လဲ တော်တော် စိတ်ကျေနပ်ဖို့ကောင်းပါတယ်။ ဧည့်သည်တွေကိုလိုလေသေးမမရှိအောင်ဂရုစိုက်လာနိုင်တဲ့ မြန်မာ ပြည်က ဟော်တယ်ဝန်ဆောင်မှုကို ကြိတ်ပီးအမှတ်ပေးနေမိတယ်။
နေမကောင်းဖျားနာ ၀မ်းလျှောတာကအစဆေးလိုသလား၊ ဓာတ်ဆားရည်ဝယ်ပေးရမလားစသည်ဖြင့် အရမ်းကို ဂရုစိုက်ပါတယ်။ ရေကူးကန်လဲရှိတော့ ပင်လယ်မှာမကူးချင် အသားမမဲချင်သူတွေရေကူးကန် မှာကူး။  ရေကူးကန်ဆိုတော့ ပင်လယ်သွားပြီးဘာလို့ရေကူးကန်ကူးရမလဲ မမေးနဲ့နော်။ ရေကူးကန်ကအမြင့် ပိုင်း မှာရှိပီး ပင်လယ်ပြင်ကိုအပေါ်စီးကနေလှမ်းမြင်နေရတယ်။ 
လှိုင်းတွေလှိမ့်လာတာရေ.ပင်လယ်လေရော.. အကုန်ခံစားလို့ရတယ်။   အဲဒီဟော်တယ်က ချစ်သူများကျွန်း နဲ့အရမ်းနီးတော့ နံနက်ပိုင်းဆို လမ်းလျှောက်ပီးကူးသွားဓာတ်ပုံရိုက်ပြီးရေမတက်ခင်ပြန်ကူးလာ။
သိပ်ကိုအဆင်ပြေတာ။  အခန်းတွေကလဲ ၂ယောက်ခန်းသာဆိုပေမယ့် အရှေ့မှာ ဧည့်ခန်းက အကျယ်ကြီး။  
ထုံးစံအတိုင်းအရမ်းဂျီးများတဲ့ ကျွန်မကအတွက်တော့ မိုက်တယ်ကွာ ဆိုပြီးကြိုက်သွားတာက တော့ နံနက်စာ ကျွေးတဲ့အချိန်မှာပါ။  စုံလိုက်တဲ့မြန်မာအစားစာတွေ စားပြီးရင်စားချင်ဘဲ။ ထမင်းကြော်၊ ကြာဇံကြော်၊ ပေါင်မုန့်၊ အသီးလတ်လတ်ဆတ်ဆတ်၊ ဖျော်ရည်၊ နွားနို့၊ ကော်ဖီ၊ လဖက်ရည်ကြမ်း၊ ကြက်ဥကြော်၊ မုန့်ဟင်းခါး (သို့) ကြာဇံဟင်းခါး.. ပဲပြုပ်၊ နံပြား၊ အီကြာကွေး..တစ်ကယ့်ကိုစုံတယ်။
 
ငွေဆောင်မသွားခင်က သူငယ်ချင်းတွေကပြောတယ်..ငွေဆောင်မှာဆို ဟော်တယ်မှာစားရမှာ အပြင်မှာထွက် စားဖို့ဝေးတယ်၊ ဈေးလဲကြီးတယ်ပြောတယ်။ တစ်ကယ်တော့ ငွေဆောင်မှာ ဟိုတယ်မှာ မှာစားတာပိုသက်သာပြီးအစားစာတွေကလဲသန့်ရှင်းတယ်။ လတ်ဆတ်တယ်။ အပြင်က ရွာထဲမှာတော့ အနံ့အသက်လဲမကောင်း။ အစားသောက်ချက်တာလဲကိုယ်တိုင်မတွေ့ရတော့ စိတ်ထဲမှာတစ်မျိုးဘဲ။ ဈေးကလဲ မြောက်နေအောင်ကြီးသေးတယ်။  အခြားဟော်တယ်တော့မသိ ဘူး ကျွန်မတို့တည်း တဲ့ Central Ngwe Saung မှာတော့ သူတို့က အစားသောက် ဈေးကို သူတို့ဟော်တယ်မှာတည်း တဲ့သူတွေအတွက်တစ်မင်လျှော့ထားပေးတယ်လို့ မန်နေဂျာက ပြောပြ ပါတယ်။  
အောက်မှာ ဟိုတယ်ရှုခင်းတစ်ချို့ ပုံတင်ပေးလိုက်ပါတယ်။
သူတို့ website ကတော့ဒီမှာပါ။Central Hotel Ngwe-Saung














 




8 Comments:

မျက်မှန်လေး said...

visit yinn ne sh....loott( ta yay twae kya twar bar tal)

ngwe saung ko ta khar mha ma york boo woo...

hla lite tar naw....

ညီလင်းသစ် said...

ငွေဆောင်ကို တစ်ခေါက် ရောက်ဖူးတယ်၊ ပုံတွေ ကြည့်ရတာနဲ့တင် နောက်တစ်ခေါက် သွားချင်စိတ် ပေါ်လာပြီ၊ သာယာလိုက်တာ....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ငွေဆောင်ကို လွန်ခဲ့တဲ့ ၃နှစ်က ရောက်ခဲ့တယ်.. သိပ်ကို ပျော်ခဲ့တာမို့ ခုထိ မမေ့နိုင်သေးဘူး
နောက်လဲ သွားချင်သေးတယ်
ကူးဆီမှာ ဓာတ်ပုံတွေ အများကြီးနဲ့ မြင်လိုက်ရတာ ၀မ်းသာမိတယ်.. ပျော်ဖို့ သိပ်ကောင်းမှာဘဲနော်

Anonymous said...

အိုး .......မစနကူး ရေးသမျှထဲမှာ အခုငွေဆောင်သွားတဲ.ပို.စ်ကိုအကြိုက်ဆုံးဘဲ။
သတင်းအချက်အလက် တိတိကျကျ (ဥပမာ -ကားဌားတဲ.ဈေးနှုန်း၊ ဟိုတယ်ဝန်ဆောင်မှု) သိရလို.လဲ ဖတ်ရတာကြိုက်တယ်။
ပြီးတော. ပင်လယ်ရှုခင်းတွေကြည်.ရတာလဲစိတ်ချမ်းသာတယ်။
မကူးကူးကြော်ငြာပေးတာကောင်းလို. နောက်နှစ် ကျမတို.လဲ ရန်ကုန်ပြန်ရင် ငွေဆောင်ကိုရောက်အောင်သွားဦးမယ်။ပြီးတော.မကူးကူးပြောတဲ.ဟိုတယ်မှာဘဲတည်းမယ်လို.အခုထဲကစိတ်ကူးထားတယ်။
ကျေးဇူးတင်ပါတယ်နော်။ အစားအသောက်ပုံတွေကြည်.ရတာ စိတ်ချမ်းသာလိုက်တာ။ ပဲပြုတ်ပုံကိုဆို အကြာကြီးစိုက်ကြည်.နေမိတယ်။

မိုးယံ said...

အနော်တို့ ရောက်တုန်းက တော့ ဟိုတယ်တွေလဲ ဒီလောက်မသားနားသေးဘူး... ကမ်းခြေလဲ သေချာမလုပ်ရသေးဘူး။ လိုင်းကတော့ ချောင်းသာထက်ကြီးတယ်ဗျ။ ပြန်ရင်တော့ တစ်ခေါက်လောက်သွားရမယ်... အချက်အလက်တွေ ပေးတဲ့ ဒေါ်လေးကို ကျေးတမာဒယ်

Anonymous said...

a ma, how much it cost the hotel charges per person pls? thanks.

စန္ဒကူး said...

http://www.centralngwesaung.com/acco.htm
check on that website..for the price & room type.

rose of sharon said...

မိုက်တယ်... ဒီတခါပြန်ရင် အဲဒီသွားရမယ်....

Post a Comment

ကူးကူးရေ...

 
Powered by Blogger