Pages

Thursday, March 29, 2012

ပိန်းညှင်းဌက် Kingfisher

 
အရင်အပတ် က ရုံးက ငွေကိုင်က လက်ထဲမှာ အကောင်လေးတစ်ကောင်ဆုပ်ပြီး မေ.. ဌက်ကြိုက်တယ်မဟုတ်လားတဲ့.. ကျွန်မလဲ အင်းကြိုက်တယ်လေ..ပြောတော့ ကျွန်မ လက်ကိုယူပီး သူ့လက်ထဲက အကောင်လေးတစ်ကောင် ထည့်ပေးလိုက်တယ်..
ဌက်ပိစိလေး...  အကောင်သေးပေမယ့် အမွှေးအတောင်စုံပါတယ်။
ရုံးခန်းက စာရွက်ထုပ်ဗူးအလွတ်ရှာ..အပေါက်လေးတွေဖောက်ထားပီး သူ့ကိုထည့် ထား တယ်။  ထည့်ပြီး အပေါ်က အဖုံးဖုံးလိုက်တာနဲ့.. အဖုံးကိုဝင်ဝင်ဆောင့် တာ..ကိုယ်လုံး နဲ့မလိုက်ဘူး။  ဒါတင်မကသေးဘူး.. သူ့ကိုကြည့်ချင်လို့ အပေါက်လေးထဲက ချောင်း ကြည့်တော့ အဲဒီချောင်းတဲ့နေရာကို တန်းပျံပီး နှုတ်သီး နဲ့ လာထိုးတော့တာဘဲ.. ကျွန်မလဲ လန့်ပီး သွားမချောင်းရဲတော့ဘူး။
အိမ်ပြန်ရောက်တော့ ကျွန်မအခြားအိမ်က ဌက်လောင်အိမ်သွားဌားပြီး အဲဒီအထဲထည့်ထားတယ်။ အရောင်လေးက အပြာရောင် လှလှလေး..နာမည်က ဟီလို။  အနားသွားကပ်ရင်နှုတ်သီးနဲ့ ဆိတ်တယ်..  ဘာအစာကျွေးကျွေးမစားတဲ့အဆုံး အင်တာနက်မှာရှာရဖွေရ.. ငါးအရှင်မှစားတယ်ဆိုလို့ ခြံထဲက ငါးကန်တွေမှာ ငါးအသေးတွေလိုက်ဖမ်းတာ တစ်မနက်လုံး နဲနဲဘဲရတယ်..
အဲဒီငါးလေးတွေကို ဇလုံလေးထဲရေထည့်ပီး သူ့လှောင်အိမ်ထဲထည့်တော့ အရှိန်ယူပျံ ပြီး တစ်ခါတည်းငါးကို ၀င်ထိုးပီး နှုတ်သီးနဲ့ကိုက်သွားတယ်..ပြီးတော့ လှောင်အိမ်ထဲက သူအိပ်ဖို့ထားပေးတဲ့ အိမ်လေးမှာ နားပီး ငါးကို ဖတ်..ဖတ်နဲ့ ရိုက်သတ်တယ် ဒါမှမဟုတ် အဲဒီငါးရေခွက်လေးဘေးနားမှာနားပီး ငါးကို ခွက်အနားနဲ့ ရိုက်ဝတ်တယ်။ပီးတော့ တစ်ခါထည်းဝါးမျိုလိုက်ရော...တစ်ခါစားရင် နှစ်ကောင်၊  တစ်ရက် ကို ၄ ကောင်။
အရမ်းဆိုးတဲ့ဌက်ပါလား..လို့တွေးပီးကြောက်မိတယ်..ဒါပေမယ့် သူကောင်းကောင်းမပျံနိုင်သေးတော့ အပြင်လွှတ်လိုက်ရင်သေမှာစိုးလို့ ဆက်ပြီး လှောင် ထားတယ်.. အဲဒီနေ့ကစပြီး ငါးအရှာထွက်ရတာ ကူးကူးအလုပ်ဖြစ်လာတယ်။
ခြံထဲမှာ ငါးအကြီးတွေများပေမယ့် အသေးလေးကရှာရခက်တယ်..  ဈေးမှာလဲမရောင်းတော့ သူ့ကိုအစာကျွေးဖို့သိပ်ခက် တယ်။ သူကလဲ ငါးအသေဆို ယောင်လို့တောင်လှည့်မကြည့်ဘူး။ စိတ်ဆိုးတယ်.. သူစိတ်ဆိုးရင် ငါးကန်လေးကိုကြည့်တယ်.. ငါးအရှင်မရှိရင် လှောင်အိမ်ကို ပြေးပြေး ခေါင်းနဲ့တိုက်တာဆိုးတယ်..
ဘယ်လိုရေစက်ကြောင့် ဟီလို ကျွန်မဆီရောက်လာလဲတော့မသိဘူး..
သူ့ကိုကြည့်ရင် စိတ်တို..ပြီး အရမ်း သောင်းကျမ်းလွန်းတဲ့ဌက်မို့ စိတ်ဝင်စားမိတာ တော့ အမှန်ဘဲ..


9 Comments:

ချစ်စံအိမ် said...

ဌက်တစ်ကောင်းနဲ့အလုပ်ရနေတာပေါ့..
ချစ်တော့ချစ်စရာလေးနော်..

ဘရဏီ said...

ဌက်လေးကချစ်စရာလေးနော် တကောင်လောက်လိုချင်လိုက်တာ။

Anonymous said...

မြန်မာ ကဗျာထဲက ” ကောင်းကင်က ရွှေပိန်ညင်းရယ်.. ဆိုတာ ခုမှပဲ မြင်ဖူးတော့တယ်.. ကျေးဇူပါခင်ဗျ.. ( ငှက်ချစ်တတ်ပေမယ့် လှောင်အိမ်နဲ့တော့ မမွေးချင်ဘူး.. အချစ်ခံရပေမယ့် မလွတ်မလပ်နဲ့ နေရရှာတဲ့ ဘဝဆိုပြီး သနားလို့ ..) ( nayonmoe@bohtein)

မြတ်ကြည် said...

ချစ်စရာလေး။ လိမ္မာမယ့်ပုံလေး။ :)

Iora said...

ငှက်ပညာရှင်တွေနဲ့ သဘာဝသမိုင်းပညာရှင်တွေကတော့ဒီလိုအပျံသင်ခါစ ငှက်လေးတွေအသိုက်ကပြုတ်ကျနေရင်အဲဒီအနားမှာဘဲသစ်ပင်အကွယ် ကောင်းကောင်းရှိတဲ့နေရာမှာပြန်ထားခဲ့ဘို့ အကြံပေးကြတာဘဲ။ သူ့ အသိုက်နားမှာဆိုရင်သူ့ မိဘတွေကပြန်ဂိုက်လုပ်ပြီးကယ်နိုင်တယ်တဲ့။ ဒီလိုအကောင်မျိုးက သစ်ပင်မှာအသိုက်မလုပ်ဘူး။ ကမ်းပါးယံတို့ sand bank တို့ လိုမျိုးမှာလှိုဏ်ခေါင်းတူးပြီးသားပေါက်တာဆိုတော့သူ့ ကိုဘယ်ကရလာသလဲဆိုတာသိမှ အဲဒီအနီးအနားမှာရှာနိုင်မှာပါ။
ရက်ကြာသွားပြီဆိုရင်တော့ကူးဘဲဆက်မွေးရတော့မယ်နဲ့ တူတယ်။ ဒါမှမဟုတ် Zoo ကိုသွားပို့ လိုက်ရင်တော့ရှင်ဘို့ နဲ့ ဝန်ပေါ့ဘို့ အသေချာဆုံးဖြစ်မယ် ထင်တယ်။ သူ့ အသက်တစ်ချောင်းရှင်ဘို့ ကူးလည်းတစ်ခြားအသက်လေးတွေစတေးပေးစရာမလိုတော့ဘူးပေါ့။
သူကတကယ်တော့သူ့ နှုတ်သီးထက်တောင်အများကြီးရှည်ပြီးကြီးတဲ့ငါးကိုစားနိုင်ပါတယ်။
ကူးရေခင်မင်လို့ အကြံပေးတာပါနော်။ ကူးသူ့ ကိုကယ်ထားတာလည်းကုသိုလ်ရတာပါဘဲလေနော်။
ဘေးကအကြံပေးရတာတော့လွယ်ပါတယ် ကာယကံရှင်ကသာဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်နိုင်မှာပါ။
အိုင်အိုရာ

မြတ်ကြည် said...

တကယ်တမ်းကျတော့ တော်တော်စိတ်ကြီးတယ်နော်။ :D

စန္ဒကူး said...

ဟုတ်တယ်.. ကူးလဲ သူ့လိုဌက်မျိုးရှိတဲ့နေရာကိုမသိဘူး... ဒါပေမယ့် ရုံးက အမတစ်ယောက်ကတော့ သူတို့အိမ်နောက်မှာအဲလိုဌက်မျိုးရှိတယ်ပြောတယ်..
အဲဒီမှာ ဟီလို ကိုသွားလွှတ်မလို့..
ငါးလိုက်ရှာရတာလဲမလွယ်ဘူးလေ..း(
သူက မပျံတတ်ဘူး.. ငါးတော့ ကောင်းကောင်းမျိုတတ်တယ်..

ချမ်းမင်းကို(ပဥာက်) said...

ငှတ်လေးက ချစ်ဖို့ကောင်းတယ်

san htun said...

ငှက်ကလေးက လှတယ်ဝေ့

Post a Comment

ကူးကူးရေ...

 
Powered by Blogger