Skip to main content

ပိန်းညှင်းဌက် Kingfisher

 
အရင်အပတ် က ရုံးက ငွေကိုင်က လက်ထဲမှာ အကောင်လေးတစ်ကောင်ဆုပ်ပြီး မေ.. ဌက်ကြိုက်တယ်မဟုတ်လားတဲ့.. ကျွန်မလဲ အင်းကြိုက်တယ်လေ..ပြောတော့ ကျွန်မ လက်ကိုယူပီး သူ့လက်ထဲက အကောင်လေးတစ်ကောင် ထည့်ပေးလိုက်တယ်..
ဌက်ပိစိလေး...  အကောင်သေးပေမယ့် အမွှေးအတောင်စုံပါတယ်။
ရုံးခန်းက စာရွက်ထုပ်ဗူးအလွတ်ရှာ..အပေါက်လေးတွေဖောက်ထားပီး သူ့ကိုထည့် ထား တယ်။  ထည့်ပြီး အပေါ်က အဖုံးဖုံးလိုက်တာနဲ့.. အဖုံးကိုဝင်ဝင်ဆောင့် တာ..ကိုယ်လုံး နဲ့မလိုက်ဘူး။  ဒါတင်မကသေးဘူး.. သူ့ကိုကြည့်ချင်လို့ အပေါက်လေးထဲက ချောင်း ကြည့်တော့ အဲဒီချောင်းတဲ့နေရာကို တန်းပျံပီး နှုတ်သီး နဲ့ လာထိုးတော့တာဘဲ.. ကျွန်မလဲ လန့်ပီး သွားမချောင်းရဲတော့ဘူး။
အိမ်ပြန်ရောက်တော့ ကျွန်မအခြားအိမ်က ဌက်လောင်အိမ်သွားဌားပြီး အဲဒီအထဲထည့်ထားတယ်။ အရောင်လေးက အပြာရောင် လှလှလေး..နာမည်က ဟီလို။  အနားသွားကပ်ရင်နှုတ်သီးနဲ့ ဆိတ်တယ်..  ဘာအစာကျွေးကျွေးမစားတဲ့အဆုံး အင်တာနက်မှာရှာရဖွေရ.. ငါးအရှင်မှစားတယ်ဆိုလို့ ခြံထဲက ငါးကန်တွေမှာ ငါးအသေးတွေလိုက်ဖမ်းတာ တစ်မနက်လုံး နဲနဲဘဲရတယ်..
အဲဒီငါးလေးတွေကို ဇလုံလေးထဲရေထည့်ပီး သူ့လှောင်အိမ်ထဲထည့်တော့ အရှိန်ယူပျံ ပြီး တစ်ခါတည်းငါးကို ၀င်ထိုးပီး နှုတ်သီးနဲ့ကိုက်သွားတယ်..ပြီးတော့ လှောင်အိမ်ထဲက သူအိပ်ဖို့ထားပေးတဲ့ အိမ်လေးမှာ နားပီး ငါးကို ဖတ်..ဖတ်နဲ့ ရိုက်သတ်တယ် ဒါမှမဟုတ် အဲဒီငါးရေခွက်လေးဘေးနားမှာနားပီး ငါးကို ခွက်အနားနဲ့ ရိုက်ဝတ်တယ်။ပီးတော့ တစ်ခါထည်းဝါးမျိုလိုက်ရော...တစ်ခါစားရင် နှစ်ကောင်၊  တစ်ရက် ကို ၄ ကောင်။
အရမ်းဆိုးတဲ့ဌက်ပါလား..လို့တွေးပီးကြောက်မိတယ်..ဒါပေမယ့် သူကောင်းကောင်းမပျံနိုင်သေးတော့ အပြင်လွှတ်လိုက်ရင်သေမှာစိုးလို့ ဆက်ပြီး လှောင် ထားတယ်.. အဲဒီနေ့ကစပြီး ငါးအရှာထွက်ရတာ ကူးကူးအလုပ်ဖြစ်လာတယ်။
ခြံထဲမှာ ငါးအကြီးတွေများပေမယ့် အသေးလေးကရှာရခက်တယ်..  ဈေးမှာလဲမရောင်းတော့ သူ့ကိုအစာကျွေးဖို့သိပ်ခက် တယ်။ သူကလဲ ငါးအသေဆို ယောင်လို့တောင်လှည့်မကြည့်ဘူး။ စိတ်ဆိုးတယ်.. သူစိတ်ဆိုးရင် ငါးကန်လေးကိုကြည့်တယ်.. ငါးအရှင်မရှိရင် လှောင်အိမ်ကို ပြေးပြေး ခေါင်းနဲ့တိုက်တာဆိုးတယ်..
ဘယ်လိုရေစက်ကြောင့် ဟီလို ကျွန်မဆီရောက်လာလဲတော့မသိဘူး..
သူ့ကိုကြည့်ရင် စိတ်တို..ပြီး အရမ်း သောင်းကျမ်းလွန်းတဲ့ဌက်မို့ စိတ်ဝင်စားမိတာ တော့ အမှန်ဘဲ..


Comments

  1. ဌက်တစ်ကောင်းနဲ့အလုပ်ရနေတာပေါ့..
    ချစ်တော့ချစ်စရာလေးနော်..

    ReplyDelete
  2. ဌက်လေးကချစ်စရာလေးနော် တကောင်လောက်လိုချင်လိုက်တာ။

    ReplyDelete
  3. မြန်မာ ကဗျာထဲက ” ကောင်းကင်က ရွှေပိန်ညင်းရယ်.. ဆိုတာ ခုမှပဲ မြင်ဖူးတော့တယ်.. ကျေးဇူပါခင်ဗျ.. ( ငှက်ချစ်တတ်ပေမယ့် လှောင်အိမ်နဲ့တော့ မမွေးချင်ဘူး.. အချစ်ခံရပေမယ့် မလွတ်မလပ်နဲ့ နေရရှာတဲ့ ဘဝဆိုပြီး သနားလို့ ..) ( nayonmoe@bohtein)

    ReplyDelete
  4. ချစ်စရာလေး။ လိမ္မာမယ့်ပုံလေး။ :)

    ReplyDelete
  5. ငှက်ပညာရှင်တွေနဲ့ သဘာဝသမိုင်းပညာရှင်တွေကတော့ဒီလိုအပျံသင်ခါစ ငှက်လေးတွေအသိုက်ကပြုတ်ကျနေရင်အဲဒီအနားမှာဘဲသစ်ပင်အကွယ် ကောင်းကောင်းရှိတဲ့နေရာမှာပြန်ထားခဲ့ဘို့ အကြံပေးကြတာဘဲ။ သူ့ အသိုက်နားမှာဆိုရင်သူ့ မိဘတွေကပြန်ဂိုက်လုပ်ပြီးကယ်နိုင်တယ်တဲ့။ ဒီလိုအကောင်မျိုးက သစ်ပင်မှာအသိုက်မလုပ်ဘူး။ ကမ်းပါးယံတို့ sand bank တို့ လိုမျိုးမှာလှိုဏ်ခေါင်းတူးပြီးသားပေါက်တာဆိုတော့သူ့ ကိုဘယ်ကရလာသလဲဆိုတာသိမှ အဲဒီအနီးအနားမှာရှာနိုင်မှာပါ။
    ရက်ကြာသွားပြီဆိုရင်တော့ကူးဘဲဆက်မွေးရတော့မယ်နဲ့ တူတယ်။ ဒါမှမဟုတ် Zoo ကိုသွားပို့ လိုက်ရင်တော့ရှင်ဘို့ နဲ့ ဝန်ပေါ့ဘို့ အသေချာဆုံးဖြစ်မယ် ထင်တယ်။ သူ့ အသက်တစ်ချောင်းရှင်ဘို့ ကူးလည်းတစ်ခြားအသက်လေးတွေစတေးပေးစရာမလိုတော့ဘူးပေါ့။
    သူကတကယ်တော့သူ့ နှုတ်သီးထက်တောင်အများကြီးရှည်ပြီးကြီးတဲ့ငါးကိုစားနိုင်ပါတယ်။
    ကူးရေခင်မင်လို့ အကြံပေးတာပါနော်။ ကူးသူ့ ကိုကယ်ထားတာလည်းကုသိုလ်ရတာပါဘဲလေနော်။
    ဘေးကအကြံပေးရတာတော့လွယ်ပါတယ် ကာယကံရှင်ကသာဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်နိုင်မှာပါ။
    အိုင်အိုရာ

    ReplyDelete
  6. တကယ်တမ်းကျတော့ တော်တော်စိတ်ကြီးတယ်နော်။ :D

    ReplyDelete
  7. ဟုတ်တယ်.. ကူးလဲ သူ့လိုဌက်မျိုးရှိတဲ့နေရာကိုမသိဘူး... ဒါပေမယ့် ရုံးက အမတစ်ယောက်ကတော့ သူတို့အိမ်နောက်မှာအဲလိုဌက်မျိုးရှိတယ်ပြောတယ်..
    အဲဒီမှာ ဟီလို ကိုသွားလွှတ်မလို့..
    ငါးလိုက်ရှာရတာလဲမလွယ်ဘူးလေ..း(
    သူက မပျံတတ်ဘူး.. ငါးတော့ ကောင်းကောင်းမျိုတတ်တယ်..

    ReplyDelete
  8. ငှတ်လေးက ချစ်ဖို့ကောင်းတယ်

    ReplyDelete
  9. ငှက်ကလေးက လှတယ်ဝေ့

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ