Pages

Monday, August 29, 2011

ကြောင်လျှာသီး အိုးကပ်ချက်

ကျွန်မသူငယ်ချင်း Dapur Restaurant က chef ကြီး ကပြောပါတယ်။  နင့်ဟင်းတွေက platting လိုတယ်တဲ့။
အရသာတော့ရှိပေမယ့်တင်ပြပုံကမလှဘူးဆိုဘဲ။   ဒါပေမယ့်  ဒါပေမယ့်ပေါ့လေ... အိမ်မှာက အလှအပပြင်မယ့် သူပြောတဲ့ အစိမ်းနဲ့အနီ...အ၀ါနဲ့ အမဲ  အဲဒါလေးတွေအလှဆင်ဖို့မရှိတာကြောင့်  ငါကနင့်လို ဆိုင်တင်တဲ့ဟင်းတွေချက်တာမှမဟုတ်တာလို့ ဆင်ခြေပေးလိုက်တယ်..
အမှန်ကတော့ စားချင်စဖွယ်ဖြစ်အောင် အရသာ အပြင် အပြင်အဆင်လေးလဲလိုတယ်ဆိုတာတော့ ကိုယ်တိုင် လဲသိပါတယ်။ နောက်မှကြိုးစားရအုံးမှာပေါ့။


ဒီနေ့တော့ကြောင်လျှာသီးချက်တဲ့ဟင်းလေးတင်ပေးပါမယ်။  ကြောင်လျှာသီးဘယ်ကရဆိုတာကနေအရင် စရ မှာဘဲ။  ဘန်ကောက်က ညီမလေး လူကြုံနဲ့ပို့ပေးလိုက်တာပါ။ ကြောင်လျှာသီးတစ်ချောင်း၊ သံပုရာသီးတွေ နဲ့ ဘောစကိုင်းသီး နုနုလေးတွေပါ တို့စားဖို့ထည့်ပေးလိုက်တယ်။
ကြောင်လျှာသီးကို မီးကင်ပြီး တို့စားသလို၊ အချဉ်စိမ်လဲစားတယ်၊  ကြော်စားတယ်၊ အစိမ်းသုပ်စားတယ်။  ဒီတစ်ခါတော့ သူက ဈေးထဲမှာ တစ်ချောင်းဘဲတွေ့လို့ အဲဒါလေးဘဲပို့လိုက်တာနဲ့  ကြောင်လျှာသီးဟင်း ချက်စားတယ်။
  1. ကြောင်လျှာသီးကို ခပ်ထူထူလေးလှီးပြီး ဆားနဲ့ နယ်ပြီးဆေးထားတယ် 
  2. ကြက်သွန်ဖြူရယ်၊ ရေစိမ်ထားတဲ့ငါးခြောက်အသားလေးတွေကို ဘလန်ဒါနဲ့ရောကြိတ်လိုက်တယ်၊  ငရုတ်ဆုံ နဲ့ထောင်းနိုင်ရင်ပိုကောင်းမှာ။  (ငါးခြောက်မှုန့် ရှိရင်လဲအဆင်ပြေတယ်၊  ပုဇွန်ခြောက်မှုန့်လဲရတယ်၊ ကြိတ်စရာတောင်မလိုတော့ဘူး)
  3. ကြက်သွန်နီကိုတော့ ပါးပါးလေးလှီးပြီးတော့.. ဆီပူထဲအရင်ထည့်ကြော်လိုက်တယ်။ 
  4. နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့် ပါထည့်ပြီး ဆီသတ်လိုက်တယ်။ 
  5. ကြိတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ ငါးခြောက်အသားလေးတွေကို ထပ်ထည့် ခြောက်ခါနီးအထိဆီသတ်။
  6. ရေစစ်ထားတဲ့ ကြောင်လျှာသီးလေးတွေထည့်
  7. ဆားထည့်၊ ငါးငံပြာရည်လေး နဲနဲ ဖျန်း... 
  8. ရေလေးနဲနဲ နဲ့ အဖုံးလေးအုပ်ပြီး ဆီကျန်အိုးကပ်လေးချက်ပြီး.. ကြောင်လျှာသီးနူးလောက်ပြီဆိုရင်... 
စားဖို့အဆင်သင့်ဖြစ်ပါပြီ။  ပဲဟင်းချိုလေးနဲ့စားရင်လဲ အရမ်းအရသာရှိပါတယ်။  ခါးမှာကြောက်တဲ့သူတွေ မပူနဲ့နော်။ အခါးဓာတ်က ငါးခြောက် (သို့) ပုဇွန်ခြောက် မှုန့် အရသာအချိုနဲ့တင် ပျောက်လုလုရှိနေပီ။

11 Comments:

Anonymous said...

ကြောင်လျှာသီးကြိုက်တယ်..။
မစားရတာ ကြာပြီ..။
၁၀နှစ်လောက်ရှိမယ်..။


ပေါက်

အိမ့်ချမ်းမြေ့ said...

Wow!

အဲလိုပဲပြောတော့မယ်.. ဒီလောက် မလှတဲ့ အသီးကို လှအောင်.. အရသာရှိအောင်.. ချက်တတ်လို့ကွယ်..း))

Anonymous said...

ကြောင်လျှာသီးမစားရတာကြာလှပြီ။ စားချင်လိုက်တာကူးရယ်။
အိုင်အိုရာ

ခရစ္စတလ် said...

စားချင်တယ် :)
(ပြန်သွားပြီလားဝေ)

မြူးမြူး said...

ကြောင်လျာသီးအရမ်းကြိုက်တယ်.. လုပ်စားကြည့်ရမယ်..း)

PhyuT said...

တို့များက မစားရတာ ၅ နှစ်ပဲ ရှိသေးတယ် အဟတ် အဟတ် ၁၀ နှစ် ပေါက် ကို သီနားလယ် :)

မြသွေးနီ said...

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ကြောင်လျှာသီးကြော်စားတယ်..။ ချကနည်းအားလုံးတူတယ်..။ မြသွေးက ပါးပါးလှီးရာမပေါ်တော့ပဲ ကြေသွားတယ်..။ အမှန်က အဲ့လိုလေးမှ လှမှာနော်..။ အခါးဆို အကုန်ကြိုက်တယ်..။ :)

Anonymous said...

To the fri who said about 10 years if you r in uk I saw some of that VEG at Thai grocery at earls court sw5 0 .If your not in uk may be i can sent it to you plz write it here its may be free (:

Anonymous said...

Link exchange is nothing else however it is only placing
the other person's web site link on your page at appropriate place and other person will also do similar in favor of you.

Look into my blog post :: ford ranger

Anonymous said...

Write more, thats all I have to say. Literally, it seems as though you relied on the video to make your point.
You definitely know what youre talking about, why throw away your intelligence on just posting videos to your site when you could be giving us
something informative to read?

Feel free to visit my blog - 217.19.189.123

Anonymous said...

I am genuinely grateful to the owner of this website who has shared this wonderful piece
of writing at at this place.

Also visit my webpage :: http://cms.uv.es:81

Post a Comment

ကူးကူးရေ...

 
Powered by Blogger