Skip to main content

BRB Soup (Beef Ribs Bitter)

ကြိုက်နှစ်သက်ရာ အရိုးတစ်မျိုးမျိုး၊ ဒီမှာတော့ ရင်နူးရိုးခေါ်မလား အဲဒါကို သုံးထား ပါတယ်။
ပေါင်းအိုးနဲ့ နူးအောင်တည်ပြီးမှ အိုးကြီးကြီးထဲကိုထည့် ပြီး စွပ်လုပ်မှာပါ။
ပထမအဆင့်ပေါင်းတဲ့အခါ ဂျင်းနဲ့ ကြက်သွန်ဖြူကို ထည့်အရိုးဘေးနားက အသားတွေ နူးအိနေတဲ့အထိပေါင်းပေးပါ။
ပြီးရင်တော့အိုးကြီးကြီးထဲ ထည့်၊ ရေထည့်ပြီး knorr အမဲသား stock cube လေး တစ်ဝက် ကို အချိုမှုန့်အစားထည့်၊ ဆား ထည့် မီး အေးအေးနဲ့ ဆက်တည်ထားပါမယ်။
  • ကြက်ဟင်းခါးသီး တစ်လုံးရဲ့တစ်ခြမ်း(သို့)ကိုယ်အခါးကြိုက်ရင်ကြိုက်သလောက် ကို အထဲက အစေ့တွေအကုန် ထုတ်ပစ်ပြီး ဘေးအခွံသား သာယူ အဆင်သင့်လှီးဖြတ်ထားပါ
  • မုန်လာထုပ် အရွက်တွေလှီးဖြတ်ဆေးကြောထားပါ၊
  • ငရုတ်သီးစိမ်းအတောင့်ကို နှစ်ခြမ်းခွဲ အစေ့ထုပ်ထားပါ။
  • ဘိုစားပဲသီးအတောင့်လိုက်ကိုလဲ အမျှင်နွှာရေဆေးထားပါ။
အရင်ဦးဆုံး အရိုးစွပ် က အရသာ ပြည့်ပြည့်နဲ့ ကိုယ်လိုချင်တဲ့ အနေထားရောက်ပြီဆို ရင် မီးပိတ်အအေးခံထားလိုက်ပါ။  အဆီခဲတွေ အပေါ်မှာ တက်ခဲနေပါလိမ့်မယ်။
ဒါတွေကို ခပ်ထုပ်ပါ။။ ခဲနေတော့ ခပ်ထုပ်ရတာမြန်ပါတယ်။  ပြီးမှ နောက်တစ်ခေါက် ဆက်တည်ပါ.. ဒီတစ်ခါတော့ ဟင်းရည်နဲနဲနွေးတာနဲ့ ကြက်ဟင်းခါးသီး၊ မုန်လာထုပ် နဲ့ ဘိုစားပဲ၊ ငရုတ်သီးစိမ်း တို့ကိုထည့်ပြီး ဆူအောင်ထပ်တည်ပြီး အရွက်တွေ နွမ်း လောက် ပြီဆိုရင် အိုးကိုချလို့ရပါပြီ။
အဲဒါကိုအရင်က ကျောင်းလာတက်တဲ့ ကျွန်မဆရာရဲ့ အမျိုးသမီး မီဇို ချင်းလူမျိုးပါ။ သူ့အိမ်မှာ အမဲအရိုးစွပ် လုပ်ရင် အရမ်းသောက်လို့ကောင်းတာကြောင့် အဲဒီနည်း အ တိုင်း လိုက်ထွင်ထားတာပါ၊ နဲနဲလွဲတာတော့ရှိလိမ့်မယ်။  သူ့အိမ်မှာ တော့ အရိုးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဟင်းအိုးထဲက ခပ်ထုတ်ထားပြီး ဗန်းပေါ်မှာ ဌက် ပျောရွက်ခင်း တင်ထားတယ်၊  စားချင်ရင် အရိုး အရွက်တွေထည့်၊ ဟင်းရည်ထည့်ပြီး စားရုံပေါ့။ 
ကျွန်မအတွက်တော့ တစ်ခါတည်းအိုးထဲမှာ ထည့်ပြုပ်ထားလိုက်တယ်။ ကြက်ဟင်းခါး သီးကြောက်တဲ့သူများ စမ်းကြည့်ပါလားလို့ပြောပါရစေ၊ အရမ်းမခါးပါဘူး၊ အခါးနဲနဲ သက်ပေမယ့် အခြားဟင်းရွက်အချိုရည်ရယ်၊ အရိုးပြုပ်ထားတဲ့ အစိမ့်ရယ်ရောတော့ အရမ်းကိုအရသာရှိတဲ့ စွပ် တစ်ခွက်ရပြီပေါ့။ 

Comments

  1. ကူးကူးရေ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့အိမ်မှာလဲ ဘာကူးတေလို့ခေါ်တဲ့ ၀က်နံရိုးစွတ်ပြုတ် ချက်တယ်။ စလုံးမှာတော့ နာမည်ကြီးပေါ့။ ဆိုင်တွေ ပေါမှပေါ၊ ဒီမှာတော့ ကိုယ့်ဟာကိုယ်ပဲ ချက်စားရတယ်။

    အမဲသားမစားလို့ အမဲရိုးစွတ်တော့ မသောက်ဖူးဘူး ။ ကြက်ဟင်းခါးသီးနဲ့ဆိုတော့ ထူးတော့ထူးသားလို့။ တရုတ်တွေကတော့ ၀က်နံရိုးနဲ့ ကြက်ဟင်းခါးသီးကြော်တာ သူတို့နာမည်ကြီးဟင်းဆိုပဲ။

    ReplyDelete
  2. ဟုတ်ယ်.. အဲဒါအရိုးနဲ့ ကြက်ဟင်းခါးသီးနဲ့ ပေါင်းလိုက်တဲ့အရသာက တစ်မျိုးကို ထူးနေတာ တီဆွိရေ..

    ReplyDelete
  3. ကူးကူး ရေ

    ကြက်ဟင်းခါး သီးကို ဝက်အဆီအသားလေးတွေ နဲ့ ပါးပါးလှီးချက်ရင် အရမ်းစားလို့ကောင်းတယ် အခုလိုမျိုးတော့ မစားဘူးသေးဘူး

    ReplyDelete
  4. မစားဖူးသေးဘူး။ ရုံးပိတ်ရက်မှလုပ်စားကြည့်ဦးမယ်။ ရှယ်ပဲ...ရွှလွတ်....ဗိုက်ဆာသွားပြီ။း)

    ReplyDelete
  5. စားချင်လာပြီ။ ကြက်ဟင်းခါးသီးကိုကျမလည်းကြိုက်ပါတယ်။

    ReplyDelete
  6. အမဲနံရိုးစွပ်ကိုကြိုက်တယ်။ ကြက်ဟင်းခါးသီးနဲ့တော့ မစားဖူးသေးဘူး။ နည်းရသွားပြီ နောက်တခါ စမ်းကြည့်ရမယ်။ ရှယ်ပေးတာ ကျေးဇူးပါညီမရေ။

    ReplyDelete
  7. I will try with pork rib. I think i will like it as i love bitter melon.
    Iora

    ReplyDelete
  8. ကူးကူးရေ.. လုပ်စားဖြစ်ပါတယ်။ Thanks

    ReplyDelete
  9. စားချင်လိုက်တာနော်.:)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...