Pages

Monday, August 8, 2011

ပဲပုပ်စေ့ မျှစ်စိုထောင်း

ပဲပုပ် ကြိုက်တဲ့သူတွေအတွက်ပါ.. မျှစ်လေးပါ ကဲထောင်းလိုက်တယ်။
ပဲပုပ်အစေ့အခြောက်လေးတွေသိရိမင်္ဂလာဈေးမှာရောင်းတယ်။  နို့ဆီဗူးတစ်ခွက်ဆို လေးခါလောက် ထောင်းစားလို့ ရတယ်။ အိမ်မှာညီမလေးက ပဲပုပ်စေ့အခြောက်ကို ကြက်သွန်ဖြူနီငရုတ်သီးနဲ့ ကြွပ်နေအောင်ကြော်တာ ကြိုက် တယ်။ ကျွန်မကတော့ ပဲပုပ်စေ့တွေထောင်းစားတာကြိုက်တယ်။ မျှစ်ကတော့မထည့်လဲရပါတယ်.. ဒါပေမယ့် မနေ့က မျှစ်လတ်လတ် ဆတ်ဆတ်လေးရလာလို့.တစ်ခါတည်းရောထောင်းထား တယ်။ အရသာလဲပိုပြင်းရှ လာတယ်။
  • မျှစ်ကို နနွင်းနဲ့ပြုပ်ပီး ရေအေးထဲစိမ်ထားပါတယ်။ ခပ်သေးသေးလှီးပါ။
  • ပဲပုပ်ခြောက်စေ့လေးတွေကိုရေဆေးပြီး ရေနွေးနဲ့မြုပ်ရုံလောက်စိမ်ထားပါ။
  • ငရုတ်သီးတောင့်နဲ့ ကြက်သွန်ဖြူကို လှော်ထားပါ။ ငရုတ်ဆုံကျယ်ကျယ်မှာ ဆားထည့်ပြီး ထောင်းပါ၊ နံနံပင် အရိုးကိုလဲ တစ်ခါတည်းထည့်ထောင်းပါ။ ပဲပုပ်အနံ့ပြင်းတာမို့ နံနံရိုးအနံ့ပြင်းပြင်းနဲ့အုပ်တာပါ။
  • ညက်ပြီဆိုရင် ပဲပုပ်စေ့လေးတွေထည့်ပါ။ ပြီးမှ မျှစ်လေးတွေထည့်ထောင်းပါ...  အချိုမှုန့်စားသူတွေ အချို မှုန့်ထည့်၊မစားရင်လဲမှိုအခြောက်မှုန့်ဖြစ်ဖြစ်ထည့်လို့ ရတယ်။
ကဲ ... စားလို့ရပြီ... ပဲပုပ်မျှစ်စို ထောင်း..း)

9 Comments:

Iora said...

စားသွားပြီကူးရေ။
ပဲပုတ်နဲ့ မျှစ်က ဘယ်လိုလုပ်လုပ်ကြိုက်တယ်။ တက်မှာစိုးလို့ သာ ကြည့်စားနေရတာ။

အိုင်အိုရာ

T T Sweet said...

ကူးရေ တစ်ခါမှ မစားဖူးဘူး။ မျှစ်တွေတော့ရှိတယ်။ ပဲပုပ်တော့ ၀ယ်ရဦးမယ်။ အဲလိုမျှစ်တို့၊ မှိုတို့ ထောင်းစားတဲ့သူတွေ အများကြီးပဲနော်။ ကိုယ်သာ တစ်ခါမှ မစားဖူးတာ။

Anonymous said...

အင်း မျှစ်၊ ပဲပုပ် နဲ့  သွေးတိုးသမားနဲ့ တော့ ဟုတ်နေပြီထင်တယ် မကူးရေ။ အစားမှန်သမျှ မငြင်းတတ်ပါဘူး။ အကုန်စားပါတယ်။ ကိုယ့်ဖာသာ လုပ်စားဖို့ တော့ ဝေလာဝေး မို့  သရေပဲ ကျသွားပါတယ်။

ကျန်းမာရေးဂရုစိုက်ပါ

(...အလင်းစက်များ)

မိုးငွေ့...... said...

ခုတလော သက်သတ်လွတ်စားဖြစ်နေတော့ ပဲပုပ်စေ့မျှစ်စို့ထောင်းနည်းလေးကို မှတ်သားသွားပါတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင် တကယ်များစာရရင် ထမင်း၎ပန်းကန်လောက်များ ၀င်လေမလားဘဲ
တော်တော်ကောင်းမဲ့ပုံလေးဘဲ
စားချင်လိုက်တာ တကယ်

mstint said...

ဝါတွင်း ဥပုသ်နေ့တွေအတွက် သက်သတ်လွတ် အမယ်တစ်မျိုးရပြီး)
ကျေးဇူးပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

အဖြူရောင်နတ်သမီး said...

မှတ်ရင်း မြည်းသွားတယ် ကူးရေ...
ကြိုက်တယ်.. အားတဲ့တနေ့ လုပ်ကြည့်အုံးမယ်..

Snow said...

ပဲပုတ်၊ မျှစ်စိုထောင်းကို တွေ့တော့မှ အရင်က မကူး တင်ဖူးတဲ့ မျှစ်ထောင်းကို သတိရသွားတယ်။ အိမ်မှာ မျှစ်စိမ်းတွေ ရှိနေတာနဲ့ အတော်ပဲ။ ပြုတ်ပြီး ထောင်းစားဦးမှ။ :)
အမြဲ နည်းအဆန်းလေးတွေ ရလို့ ကျေးဇူး အထူးပါ။

မေသိမ့်သိမ့် ကျော် said...

မျှစ်ထောင်းတစ်ခါမှ မစားဖူးသေးဘူး။ လုပ်စားကြည့်ဦးမယ်။း)

ကောင်းမယ့်ပုံပဲ။


ခင်တဲ့

Post a Comment

ကူးကူးရေ...

 
Powered by Blogger