Pages

Wednesday, October 13, 2010

အသားဒိန်ချဉ်နှပ် နှင့် တုံမ်ယမ်း

ချစ်သူဆီက ရထားတဲ့ recipe ခိုးတင်တာ ပါ။ သူက ကျွန်မကိုအတန်တန်သတိပေးပါတယ်၊ ဘလော့ပေါ်မတင် ပါနဲ့ တဲ့။ 
အရင်အပတ်တွေက ဖလူး.. ဖလူး.. ကြောင့် ဖျားနေတာ.. ထမင်းလဲမချက်ဘူး၊ အစာလဲမယ်မယ်ရရမစား ဘူး။ ဒါနဲ့ ခံတွင်းပျက်တယ်လို့ ပြောမိတာကြောင့် ချစ်သူက အဲဒါလေးလုပ်စားပါလားပြောတယ်။  ဘယ်လို  ချက်ရမလဲဆိုတာလဲအသေးစိပ်ပြောပြပါတယ်။ အမှန်ကတော့ မြန်မာတွေ potluck လုပ်ရင်ယူသွားမလို့ ပါ။ ဒါပေမယ့်လည်း ရုတ်တရက်စားချင်ဝါးချင်စိတ်ပြန်ပေါက်လာတော့ လုပ်ဖြစ်သွားတယ်၊ ဘလော့ပေါ်မတင်နဲ့ ပြောပေမယ့် ကိုယ်လုပ်ကြည့်ပြီးတော့အရသာက အရမ်းကိုကောင်းလွန်းတော့ မနေနိုင်မထိုင်နိုင် ကွန်ယက် ပေါ်က သူငယ်ချင်းတွေလဲ ကြိုက်ရင် လုပ်ကြည့်လို့ရအောင် တင်လိုက်ပါတယ်။

  • အမဲသား (သို့) ကြိုက်နှစ်သက်ရာအသားနုနု... 
  • အာလူး တစ်လုံး
  • ကြက်သွန်နီ အဖြူဥကြီး (၁) လုံး
  • ကြက်သွန်ဖြူ ၆မွှာ
  • ဂျင်း လက်တစ်ဆစ်
  • စပါးလင် (၂)ချောင်း
  • ဇီယာ အနည်းငယ်
  • နံနံစေ့ အနည်းငယ်
  • ပျဉ်းတော်သိမ် (၃)ရွက်
  • ဒိန်ချဉ် (သို့) ဒိန်ခဲ (full cream yogurt)






 photo credited to




 အသားကို ခပ်ပါးပါးလှီးထားပါ။  ကြက်သွန်ဖြူ၊ နီ၊ ဇီယာ၊ ပျဉ်းတော်သိမ်ရွက်၊ နံနံစေ့၊ ဂျင်း နှင့် စပါးလင် ညက်အောင်ကြိတ်ပါ။  အသား များကို ရေစစ်ပြီး ကြိတ်ထားသောအစာများနှင်ထည့်နယ်ပါ၊ ဒိန်ချဉ် ပျစ်ပျစ်ထမင်းစားဇွန်းနှစ်ဇွန်း ထည့်ပါ၊ အသားများနှံ့စပ်အောင်နယ်ပေးပါ၊ အာလူးကိုခပ်ထူထူလေး လှီးပြီး အတူရောနယ်ပါ။
oven ကို အပူပေးထားပါ။  နယ်ထားသော အသားများကို ဆား နှင့် ဆီထည့်ပေးပြီး သမအောင်ထပ် နယ်ပြီး ဖုတ်မည့် ခွက်လေးထဲသို့ အာလူးများအရင်စီထည့်ပါ၊ ပြီးမှ အသားလွှာများတစ်ဆင့်ချင်းထပ်ထည့်ပါ။  (အသားမှစိမ့်လာသောအရည်များအာလူးထဲစိမ့်ဝင်သွားပြီးကျက်လျှင် အင်မတန်အရသာရှိပါသည်)။
အားလုံးအဆင်သင့်ဖြစ်ပီဆိုရင်တော့ မီး 165 ဒီဂရီ နှင့် မိနစ် ၃၀ ကြာအောင် နှပ်ပြီးဖုတ်ထားလိုက်ပါ။  ဖုတ်မည့်ခွက်လေးအပေါ်မှာ ငွေစက္ကူအုပ်ထားပါ။ (ပိုအနူးမြန်ပါသည်)။
ပြီးရင်တော့ ဖွင့်ကြည့်ပြီး မဆလာလေးနဲနဲထပ်ဖြူးပြီးရင်တော့ အရမ်းကိုနူးစိမ့်ပြီး လျှာပေါ်တင် အရည်ပျော် လောက်တဲ့ အရသာမျိုးနဲ့ အမဲသားဒိန်ချဉ်နှပ်တစ်ခွက်ရပါပြီ။

အဲဒါနဲ့တွဲစားဖို့တော့ မရိုးနိုင်တဲ့ တုမ်ယမ်းပါ။  ဒီနေ့မှိုလေးတွေ ၀ယ်လို့ရလာလို့ မှိုတုမ်ယမ်းစပ်စပ်လေး ချက် ပါတယ်။
  • တုမ်ယမ်း အနှစ် တစ်ဇွန်း
  • ငရုတ်သီးတောင့်
  • ဂျင်း
  • ကြက်သွန် ဖြူ
  • ကြက်သွန်နီ
  • စပါးလင်
  • မှို
  • Knorr ကြက်သားခဲ (သို့) ပုဇွန်ခဲ 
ဟင်းချိုက ချက်ရလွယ်ပြီး ကျွန်မနဲ့ချစ်သူအနှစ်သက်ဆုံး အစာမို့ ကိုယ့်ဘာသာကိုယ်လုပ်စားဖြစ်တယ်။ သူ့ကို တော့မကျွေးရဲပါဘူး၊ သူက ကျွန်မထက် ချက်တာပိုတော်တာမို့ ဝေဖန်ခံရမှာ ကျိန်းသေတယ်။ အဲတော့ ကိုယ် လုပ်ကိုယ်စား...
ရေနွေးပွက်ပွက်ဆူရင် အကုန် ထည့်၊  နောက်ဆုံးမှ မှိုတွေထည့်..အပေါ့ငံမြည်းပြီး စားလို့ရပြီ။

14 Comments:

baby taster said...

အမဲသားဒိန်ချဉ်နှပ်ကြိုက်တယ်။
အိန္ဒိယန်းတွေတော့ ဒန်သူရီ လို့ခေါ်တယ်ထင်တာပဲ
သူတို့က ကြက်သားနဲ့လုပ်စားတာများတယ်။
တုမ့်ယမ်းလည်းကြိုက်တယ်။

စန္ဒကူး said...

ဟုတ်တယ်.. အိန္ဒိယဆိုင်တွေက တော့ spice ပိုစုံလိမ့်မယ်။ ဒါပေမယ့် သူတို့က ကြက်သားနဲ့လုပ်တာများတယ်။ ပြီးတော့ မီးပေါင်းဖိုထဲ ထည့်ဖုတ်တာ။ထင်တာဘဲ။ တစ်ခါမှတော့ မစားဖူးဘူး။ ကုလားဆိုင်ရောက်ရင် ပဲသီးစုံနဲ့တင်ကျေနပ်နေပြီ။

Evy said...

sar chin sa yar lay par lar ku ku yae.

Anonymous said...

look so yuumy....
(reader)

Anonymous said...

look so yummy .........(reader)

subuueain said...

စားချင်တယ်တော် ကောင်းလိုက်တာ

Mon Petit Avatar said...

Thanks for sharing, I love to eat tandoori chicken, vegetables curry, etc, too.

Anonymous said...

ကောင်းတယ် ကူးကူးရေ...အသားလုပ်စားဦးမယ် အဆာပလာတွေလည်းရှိတယ် အတော်ပဲ

စူးနွယ်လေး

ချော(အစိမ်းရောင်လွင်ပြင်) said...

အမဲသားတော့ မစားဘူး ကူးရေ
ဝက်သားနုနုလေးနဲ့လုပ်ရင် စားကောင်းမယ်နော်
စိတ်ဝင်စားတယ်
လုပ်စားကြည့်ဦးမယ်
ကျေးဇူး

မိုးငွေ့...... said...

စားကောင်းမယ့်ပုံပဲ ကူးကူးရေ...လုပ်စားကြည့်ဦးမယ်...

ခင်တဲ့
မိုးငွေ့

rose of sharon said...

စားချင်စရာလေး... စမ်းချက်ကြည့်ဦးမယ် ခလေးတွေလဲကြိုက်မှာ

ဆောင်း said...

နနွင်း (ဆနွင်း) ပါတယ် ထင်တယ်နော် ၀ါဝါ၀င်းဝင်းလေး

စန္ဒကူး said...

ဆနွင်းပါတယ် ဆောင်း..
ဘာချက်ချက်ဆနွင်းထည့်တယ်။
အသားရေလှတယ်တဲ့.. ဟီးး

Anonymous said...

Greetings Folks

I Found This great resource on [url=http://www.milesgershon.com][b]Contemporary Wall Units[/b][/url]
Hope you enjoy going over it as much as I did.

Cheers

Levon

Post a Comment

ကူးကူးရေ...

 
Powered by Blogger