Skip to main content

ဘော်ဒီတောင့်မှ....လား။

ဒီအကြောင်းရေးပြီးမှ ကူးမောင်လေးဝမ်းကွဲပုံတွေတက်လာတော့ သူ့ပုံကိုတွေ့ပြီးတော်တော်အံ့သြသွား တယ်။  အရင်ကပိန်ပိန်ပါးပါးလေး၊ သူ့ကိုလက်ဆွဲရင်ကပ်ပါလာတဲ့ကောင်ကလေးက အခုတော့ ဒီလိုဖြစ်နေ ပါရောလား။ အန်တီကတော့တော်တော်ရင်မောနေရတယ်။  (ရောင်းရန်မဟုတ်ပါ၊း)))

အရင်တုန်းကပေါ့လေ..ကိုယ်ကယောကျာ်းလေးတွေသာငမ်းတတ်တယ်လို့ထင်တာ။   မိန်းကလေးတွေခန္တာကိုယ်ကလှတော့သူတို့က တွေ့ရင်အသည်းအသန်လိုက်ကြည့်ကြတယ်၊ ၀တ်စားထားတဲ့ အပေါ်မှာလဲမူတည်တယ်။ ယောက်ျားလေးတွေအတွက် အထူးဆန်းဆိုတာ ၀တ်ခွင့် မရပေမယ့် မိန်းကလေးတွေကတော့ ကြိုက်သလိုထွင်ဝတ်ခွင့်ရှိခဲ့လေရဲ့။ အဲတော့လဲလိုက် ငမ်းနေ ကြတာဆန်းတော့မဆန်းဘူးပေါ့။ ပြောမယ့်သာပြောတယ်၊ မိန်းကလေးလှလှပပ (သို့) ကြောင်တိ ကြောင်ကျား မြင်မကောင်းအောင်ဝတ်ထားရင် မိန်းကလေးချင်းတောင် ငေးမိ၊ ငမ်းမိသေးတာဘဲ။ အခုခေတ်က ယောက်ျားလေးတင်မက၊ မိန်းကလေးတွေပါ ယောက်ျားလေးတွေပေါ်တင်ငမ်းတဲ့ ခေတ်ရောက်နေပါရောလား၊ အရင်ကတော့ ရုပ်ရှင်တွေထဲမှာ ဟာသအနေနဲ့ထည့်ရိုက်ပေမယ့် အခုတော့ အတည်ဖြစ်နေပီ။  ကိုးရီးယားကားတွေဆိုရင် ယောက်ျားလေးတစ်ယောက် အိကျီချွတ်လိုက်တာနဲ့ ဘာသာပြန်တဲ့ သူတွေတောင်မနေနိုင်..အတင်းကို comment ထည့်တော့တာဘဲ။  မိန်းကလေးတွေဆိုလဲ ဟင်ကနဲ့ဟာကနဲ့.. ကျွန်မစိတ်ထင်..ဘာကြည့်စရာရှိလဲ..ပြားချပ်ချပ်ကိုယ်လုံးနဲ့... အထူးသဖြင့်ဗလတောင့်တောင့်.. ဗိုက်ကချပ်ပီး အရစ်ရစ်တွေထပ်နေပီဆို ရုပ်ရှင်ရုံထဲက မိန်းက လေးတွေတောင် wow..wow.. နဲ့ဖြစ်နေကြတာ...  ဘာတဲ့ Abs .. ဆိုလား..
ကဲနောက်ဆုံးတော့ ကျွန်မ ခေါင်းထဲအတွေးဝင်လာတယ်.. ယောက်ျားလေးထောင်ထောင် မောင်းမောင်းဆိုရင်မိန်းကလေးတွေ ပိုကြိုက်သလား၊ စိတ်ဝင်စားကြသလားပေါ့။ ဒါနဲ့ ကျောင်းတစ်ကျောင်းကိုသွားလည်တယ်။ တက္ကသိုလ်ဆိုတော့ ကျောင်းသူချောချောလေး တွေ များကြီးပေါ့၊ သူတို့ပြောတာ စွံတဲ့ယောက်ျားလေးအများစုက ဗလတောင့်လို့မဟုတ်ဘူး၊ သူတို့ ကိုယ်လုံးက ကြွက်သားတွေနဲ့.. body fit ၀တ်ရင်တော်တော်ကြည့်ကောင်းတယ်၊ ရင်ခွင် ကျယ်ကြီးနဲ့ပေါ့တဲ့။  ဗိုက်ကလဲအရစ်ရစ်တွေနဲ့ 6-pack ဆိုလားပြောပါတယ်။  (rain လိုကိုယ်လုံးမျိုးဖြစ်မယ်ထင်တယ်) အဲလိုကောင်လေး တွေများဆို ပိုက်ဆံမရှိ၊ စာမတော်၊ အပြောဆိုမတတ်လဲဆော်အတော်ကြည်တယ်ဆိုဘဲ။
အလေးမတဲ့ကိုယ်လုံးမျိုးမဟုတ်တာတော့သေချာတယ်..သူတို့က အပေါ်ပိုင်းကြီးပီး ကြွက်သား တွေဖားနဲ့တူတယ်လို့ထင်တာဘဲ။  အ၀တ်စားဝတ်လဲကြည့်မကောင်းဘူး။
ဒါပြောမှ ရန်ကုန်က သူငယ်ချင်းလေးတစ်ယောက်ကိုမှတ်မိတယ်၊ သူလဲ အမျိုးသားရေကုးကန် မှာ သွားသွားကစားတယ်၊ ကိုယ်လုံးလဲ တောင့်တောင့်ဖြောင့်ဖြောင့် ကြည့်လို့ကောင်းပါတယ်၊ သူ့ကိုကျွန်မက အပိုအလုပ်တွေလို့ခဏခဏပြောတယ်၊၊ သူ့မှာဘာမှမရှိဘူး။ ဒါပေမယ့် တော်တော်ဆော်ကြည် တာ။
တစ်ခေါက်မင်္ဂလာဆောင်ပွဲမှာ...ယောက်ျားတစ်ယောက်ဝင်လာပါရော၊  အရပ်မြင့်မြင့် ကိုယ်လုံး က ခပ်မိုက်မိုက်၊ မိန်းကလေးတွေမျက်လုံးက သူ့နောက်ကိုဝဲနေတာ... အစီစဉ်အစအဆုံးဘဲ။  ကလေးအမေတွေတောင် ကလေးနောက်ပြေးလိုက်ရင် သူ့ကို ငမ်းနေ သေးတယ်။ အဖြစ်ကအဲလို။ (အားလုံးကိုမဆိုလိုပါ)
မိန်းကလေးအများစုက သူတို့ချစ်သူ ရည်းစား တွဲတဲ့သူ သူငယ်ချင်းယောက်ျားလေးတွေ အဲလို ဘော်ဒီမျိုးရှိရင် အတော်ဂုဏ်ယူကြတာ။  shopping mall မှာတစ်ရက် ကျွန်မထိုင်ရင်းအကဲ ခတ်ကြည့်တယ်..  အတွဲအများစုမှာ မိန်းကလေးက ဘေးနားက ပျော့စိ နွဲခွေပီး သူတို့ရည်းစား နားမှာ ကပ်နေပေမယ့်၊ ဗလတောင့်တောင့် ကိုယ်လုံးမိုက်မိုက်ကောင်လေးတွေဘေးက မိန်းက လေးတွေ မျက်နှာကလေ အနားမှ သူများရှိတာတောင် သူတို့ သိရဲ့လားမသိ၊ အရာအား လုံးသူတို့ဘဲ အပိုင် ရထားသလို။ mall တစ်ခုလုံးပိုင်သလို ပိုင်စီးစီးရုပ်တွေဖြစ်နေတတ်ကြတယ်။  % နဲ့ တွက်ပြီးပြောတာပါ၊ အယောက်တိုင်းမဟုတ်ပါဘူး။
အခုနောက်ပိုင်းလူငယ်တွေလဲ gym အရမ်းသွားကြတယ်၊ ကျမ်းမာရေးအတွက် က 30% ဘော်ဒီ တောင့်ဖို့က 70%.။။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ခန္တာကိုယ်မျိုးရလာရင်လဲ စိတ်ချမ်းသာ ကိုယ်ကျမ်းမာမယ် ယုံကြည်တာကြောင့်လဲဖြစ်နိုင်တယ်။
အမျိုးသမီးတွေလဲ ထိုနည်းလည်းကောင်းဘဲ။ ကိုယ်လုံးချပ်ချပ်ရပ်ရပ်လေးနဲ့သူ့နေရာသူရှိရင် လှနေတာဘဲ။  အချို့ကတော့ ခပ်တောင့်တောင့် ဖိုင့်ဖိုင့်လေးမှာပိုချစ်စရာကောင်းတယ် ထင်တာ။  ဒါပေမယ့် အစပိုင်းဘဲ၊ ရပီးကြာလာရင်တော့ သူတို့စိတ်ကူးယဉ်နေကြတာ ပိန်ပိန်ပါးပါးတွေဘဲတဲ့။  ကူးကတော့ ကျမ်းမာရေးအတွက်တောင် လေ့ကျင့်ခန်းမလုပ်ဖြစ်တာ ဘော်ဒီ လှဖို့တော့ မစဉ်းစားရဲပါ။
ဒီစာရေးထားတာကြာပြီ၊ မတင်သေးဘဲ သိမ်းထားတာ၊ မနေ့ညက အပြင်သွားတော့ gym နားအဖြတ် ကောင်လေးတစ်ယောက် gym ထဲကနေထွက်လာပါရော၊ ပ၀ါအသေးလေး လည်ပင်းမှာတင်ပြီး စွပ်ကြယ်အပါးလေးနဲ့၊  လမ်းဘေးက ကားဆရာတွေ သူ့ကို လှမ်းပီး အားကျတဲ့အကြည့်နဲ့ငေးနေကြတာ။
ချစ်သူကိုပြောတယ်၊ လေ့ကျင့်ခန်းလုပ်ပါ... ဗိုက်ပူနေပီ၊ ဆိုတော့ ပူလဲတစ်ယောက်ဘဲ၊ မပူလဲ တစ်ယောက်ဘဲတဲ့။  အခုတော့ ဘယ်က motive ၀င်လာလဲမသိပါဘူး၊ လေ့ကျင့်ခန်းအသည်း သန်လုပ်နေလေရဲ့။
ကျွန်မကတော့ ယောက်ျားလေးဆို ဘော်ဒီတောင့်မတောင့် သိပ်စိတ်မ၀င်စားပါ။  ဒါပေမယ့် အတော်သင့်ဘာဝတ်ဝတ်ကြည့်ကောင်းတာမျိုးတော့သဘောကျပါတယ်၊
အခုလက်တွေ့ ကြုံနေရတာလေးတွေ ရေးချမိတာပါ၊ ကိုယ့်စိတ်ကူးနဲ့ကိုယ်၊ ကိုယ်ခုံရုံးတင် ကိုယ်ဆုံးဖြတ်ချက်ချ၊ ကိုယ်ထောက်ခံပေါ့။း))
လမ်းကြုံခဲ့ရင် ဘော်ဒီတောင့်တောင့်နဲ့ယောက်ျားလေးရဲ့ရည်းစားနဲ့ သာမန် ကိုယ်လုံးကိုယ်ထည် ယောက်ျားတစ်ယောက်ရဲ့ ရည်းစား ယှဉ်ကြည့်အားရင်ကြည့်လိုက်ကြပါအုံး။

photo credit to

Comments

  1. ကိုယ်လည်းဝိတ်ပေါကြီးလိုမျိုး အပေါ်ကြီး အောက်ရှူးကြီးမျိုးဆိုလုံးဝမကြိုက်ဘူး ။
    ဘော်ဒီကို လှရုံလောက်ကလေးတောင်.ပြီး ဘာဝတ်ဝတ်အမိုက်စားဖြစ်နေတာမျိုးတော့ကြိုက်တယ် ။

    ရန်ကုန်မှာနေတုန်းက အမျိုးသားရေကူးကန်မှာ ၄,၅ နှစ်လောက်ကစားခဲ့ဖူးတယ် ။
    စက်တွေစုံသလို ယောက်ျားလေးနဲ.မိန်းကလေး အချိန်သက်သက်စီခွဲထားတော့ သွားကစားရတာအဆင်ပြေတယ် ။
    ဒီမှာတော့ ရောထားတော့ သွားချင်စိတ်သိပ်မရှိတော့ဘူး ။ အကျင့်မပါလို.ပါ။
    ခုတော့ အိမ်အောက်ထပ်ဆင်းပြေးနေတယ် ။

    အိမ်ကမောင်အငယ်ကောင်ကတော့ သွားလိုက်ရတဲ့ gymဆိုတာပြောမနေနဲ့တော့ ။ :)

    ReplyDelete
  2. ဘောင်းဘီခါးဆိုဒ်ကို ၃၀ မှာထိမ်းထားချင်လို့ အရင်ကတော့ ကစားတယ်..ငယ်ငယ်ကထဲကဘောင်းဘီပဲကြိုက်တာဆိုတော့ ဘောင်းဘီပဲဝတ်လေ့ရှိတာ..ဗမာပြည်မှာတုန်းကတော့ ခနခန ဘောင်းဘီမဝယ်နိုင်ဘူးလေ..ခုတော့ ကျမ်းမာရေးကြောင့် မကစားနိုင်တာ ၃ နှစ်လောက်ရှိပြီ..
    ဒါပေမဲ့ တော်သေးတယ် ခါးတုတ်မလာလို့..

    ReplyDelete
  3. ကြွက်သားအဖုဖုနဲ့ ထုထုပြီး ခရာချင်စရာဆိုလားပဲလေ ။သဘောတကျဖတ်သွားတယ်နော်။

    ReplyDelete
  4. ဒီကကကောင်လေးတွေကတော့၊ ဗိုက်ဝဘို့အဓိကပါ၊ အစစအရာရာရှားပါလို့
    ရွေပြည်က လေ့ကျင့်ခန်းသင်တန်းဖွင့်ထားတဲ့ တစ်ယောက်ကညီးတယ်

    ReplyDelete
  5. အဲဒီဘော်ဒီမျိုး မကြိုက်ပါဘူးကွယ်... :P

    ReplyDelete
  6. အဖေက အလေးမတယ်၊လက်ဝှေ့ ထိုးတယ်။ ငယ်ငယ်က
    ဆို အဖေကို့ ကြည့်ပြီးကြောက်မိတယ်။
    ကျမအိမ်ဦးနတ်ကျတော့ တော်တော်ပိန်တယ်။
    အခုတော့ နဲနဲ ကစားလို့ လာ၊ အသက်ကြီးလာလို့ လား
    မသိ ၀လာတယ်။
    ပိန်ပိန်ပါးပါးမျိုးတော့ကြိုက်ပါတယ်။

    ReplyDelete
  7. ၀ိတ်ပေါဘော်ဒီတော့မကြိုက်ဘူး
    ကျစ်ကျစ်လစ်လစ် တည်ဆောက်ထားတဲ့ ဘော်ဒီမျိုးတော့ ကြိုက်တယ်
    မိန်းကလေးတွေဆိုလည်းမော်ဒယ်လိုပိန်တာထက် ကျစ်လစ်သွယ်လျလှပတဲ့ ကိုယ်ခန္ဓာမျိုးကို သိပ်ကြိုက်တယ်..ကိုယ်တိုင်ကတော့.....:(:(

    စူးနွယ်လေး

    ReplyDelete
  8. မောင်လေးကချောသားပဲ
    အမလည်း ဘော်ဒီတောင့်တာတော့
    ကြိုက်ပေမဲ့ အရမ်းတောင့်တာတော့
    မကြိုက်ပေါင် ကြောက်တယ်

    ReplyDelete
  9. တစ်ချို့ ကောင်မလေးတွေကတော့ အဲဒီလို ခန္ဓာကိုယ်ကို ဝိတ်ပေါကြီး ဆိုပဲ။ :D

    ReplyDelete
  10. ၀တ်ပေါလို့ အရင်ကခေါ်ခဲ့တဲ့သူတွေကိုယ်လုံးက..ဒီလိုကိုယ်လုံးတွေနဲ့အရမ်းကွာတယ်..
    သူတို့က ဖောင်းကားကားကြီးလေ... အောက်ပိုင်းလဲရှုးတယ်။ ဘာဝတ်ဝတ် ကြည့်မကောင်းဘူး။ ပွယောင်းယောင်းဖြစ်နေတာလေ။

    ReplyDelete
  11. ဟားဟုတ်လား......ဒါဆိုမရတော့ဘူး
    ကောင်မလေးတွေပြန်ကြိုက်အောင် ဂျင်သွားမှ
    ဖြစ်တော့မယ်....အခုမှသိတော့တယ်
    တစ်ယောက်မှပြန်မကြိုက်တာ 6packs မရိုလို့ကိုးး(

    ReplyDelete
  12. hahahahaha.. တော်တော်နောက်တယ်.. သံလွင်ဟီးရိုး.. ကူးက မြင်တာပြောပြတာပါ... ကောမန့်မှာကြည့်ရင် အချို့က အဲလိုကိုယ်လုံးမကြိုက်သူ တွေရှိသေးတယ်..
    အားမလျှော့နဲ့..ဟီးး

    ReplyDelete
  13. ဘော်ဒီတောင့်တောင့်ကို ဖော်ပြ နေတာမျိုးကို မကြိုက် မကြိုက်..

    ReplyDelete
  14. အင်း...
    ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရဲ့  အလှ ကသာ
    အဓိက မဟုတ်လားလို့ ။ ပြင်ပ အလှ က
    ဖန်တီးယူလို့ ရတာလေ...။
    မရွှေစင် ဆီက မျက်လုံးတစ်လုံးထဲ တွေ့ တာနဲ့ 
    လိုက်ကြည့် မိတယ်။ နောက်တစ်လုံးကို...။

    ReplyDelete
  15. ကူးကူးရဲ့စာလေးဖတ် ......ပုံလေးတွေကိုကြည့်ပြီး....ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိတော့ ကျွန်တော့်ကို..... ကျွန်တော်ကပဲပြန်ပြောတယ်လေ.....။
    “ဘာငုံ့ကြည့်တာလည်း....ငါးဖောင်ရိုးခြောက်ရဲ့”.......တဲ့....။
    ခွိ......။

    ခင်မင်ခြင်းအားဖြင့်.....
    ဏီလင်းညို

    ReplyDelete
  16. အမှန်အတိုင်း ပြောရရင် ၀ိတ်ပေါ မဟုတ်တဲ့ ဘော်ဒီတောင့် တဲ့ လူ၊ ရုပ်ဖြောင့်တဲ့ လူ၊ အရပ်မြင့် တဲ့လူ .. သဘောကျပါတယ်။ ဒါပေမဲ့ သဘောကျတာ ချစ်တာ မဟုတ်လို့ ကိုယ်ချစ်တဲ့လူက အဲဒီ အချက်တွေနဲ့ တခုမှ မကိုက်ဘဲ စိတ်ထားကောင်းတာနဲ့ ချစ်မိတာပါပဲ။ အဓိကက ယောကျာင်္းလေးဖြစ်စေ၊ မိန်းကလေး ဖြစ်စေ စိတ်သာ အဓိက လို့ ထင်မိတာပဲ။

    ReplyDelete
  17. ကိုယ့်ကိုကိုယ် စော်ကြည်ပါတယ် အောက်မေ့နေတာ.. လက်စသတ်တော့ ဒါ့ကြောင့်ကိုး .. :D :D :D

    ReplyDelete
  18. ချစ်သူလည်း ဗိုက်ပူ...
    ကိုယ်လည်း ခါးတုတ်...
    ဟိ...
    လိုက်တယ်ဟုတ်...
း)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ