ကျွန်မတို့တည်းတဲ့ hotel (၅) ထပ်မြောက်၊ အခန်းထဲမှာ ခုတင် (၃) ခုရှိတယ်... triple room ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျွန်မနဲ့ သူငယ်ချင်း နှစ်ယောက်ဘဲဆိုတော့ အလယ်က ခုတင်မှာ ကွန်ပြူတာတင်ထားလိုက်တယ်။ ထုံစံအတိုင်းရောက်ရောက်ချင်းညမှာဘဲပင်ပန်းလွန်းလို့ အိပ်ပျော်သွားတာ ခုတင်ပေါ်က ပြုတ်ကျမှဘဲ နိုးတော့ တယ်။ မှတ်မိသလောက်တော့ ခုတင်ပေါ်ရအောင်ပြန်ခွေတက်ပီး အိပ်ပျော်သွားပြန်ရော။။ နောက်နေ့တော့ ခုတင်နှစ်လုံးဆက်ပီး အိပ်တော့ မပြုတ်ကျတော့ ပါဘူး။ သူငယ်ချင်းအမကြီးကလာနှိုးတယ်..ထတော့.. ကျွန်မက အင်း..ဆိုပီးပြန်အိပ်ပျော်သွားရော..သူကမနက်စာကျွန်မအတွက်ပါသွားယူလာထားပေးတယ်..
အသီးနှံတွေရယ်၊ sandwich ရယ်၊ နို့တစ်ဗူးရယ်၊ ခေါက်ဆွဲကြော်( ဆီမတွေ့ပါ) နဲ့...nuts လေးတွေ...
ကျွန်မလဲမထလို့မရတော့ဘူး..အသဲသန်ထ ရေချိုးခန်းထဲပြေးဝင်...အိတ်ထဲကိုပစ္စည်းတွေထည့်.. အ၀တ်စား ၀တ်ပီး ပြေးရတာ.. bus no.1 ကားပေါ်တက်တော့ အားလုံးကလက်ခုပ်ဝိုင်းတီးပီး စကြတယ်... နောက်ကျတာ ကိုး။ ကျွန်မလဲ အိပ်ချင်မူးတူးဆိုတော့ ကားကြီးကြီးရဲ့ လျှောက်လမ်းကိုတောင် ရိုင်တိရိုင်တိုင်ဖြစ်နေလို့ အနောက်က သူငယ်ချင်းအမကြီးက လှမ်းထိမ်းထိမ်းနေရတယ်..ထိုင်မယ့်ခုံနေရာရောက်တော့ ပြတင်းပေါက် နားကပ်ထိုင်းရင်း.. နံနက်စာအထုပ်ထဲက စားလို့ရသမျှအကုန်စားပစ်လိုက်တယ်..ပီးရင်တော့လွယ်ထားတဲ့ အိတ်အကြီးကြီးထဲက အလှပြင်ပစ္စည်းတွေထုတ်... ကားပေါ်ရောက်မှ အလှပြင်ရပါတယ်... eyeliner နဲ့ mascara ကတော့ ကား မီးပွိုင့်မိလို့ခဏရပ်တဲ့အချိန် မှာ ဆိုးရတယ်... Tour guide အမကြီးကတော့ အရှေ့ဆုံးမှာရပ် နေပီးစကားရွှန်းဆိုနေအောင်ပြောပါတယ်...ပထမဆုံးသွားမယ့် တရုတ်ဘုန်းကြီးကျောင်း လှေခါးအဆင့် ဘယ်နှစ်ဆင့်ရှိတယ်ဆိုတာကအစ သေချာရှင်းပြပါတယ်.. လမ်းဘေးတစ်လျှောက်လှမ်းကြည့်တော့ ထူးထူးဆန်းဆန်းလှတာမရှိပေမယ့် tourist တွေစိတ်ဝင်စားအောင် ပြောတတ်တာ၊ သူတို့နိုင်ငံလေးကို လူအများစိတ်ဝင်စားအောင် နိုင်ငံခြားဝင်ငွေတွေရအောင်လုပ်နိုင်တဲ့ အစွမ်းကိုတော့ ချီးကျူးမိပါတယ်။
တော်တော်လေးမြင့်တဲ့ တောင်ကုန်းပေါ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းပါ။ အထဲကိုတော့ ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး။ အထဲဝင်မယ်ဆိုလဲ လက်ပြတ်တို့ အတိုတို့ မ၀တ်ရပါဘူး။ ၀တ်ရုံရှည်တစ်ခု ခြုံပေးမှ ၀င်လို့ရပါတယ်။ လက်ဘက်ရည်ကြမ်းတော့ အလကားတိုက်ပါတယ်။ နှစ်ခွက်လောက်သောက်ခဲ့တယ်။ မြန်မာ ပြည်ကရေနွေးကြမ်းနဲ့အရသာလေးကွာပေမယ့် တက်လာရတဲ့အမောတော့ ပြေသွားတယ်လေ။
ဒါအပေါ်တစ်ဝက်ရောက်တော့ လှမ်းရိုက်ထားတဲ့ မြင်ကွင်းပါ။
အုန်းဌက်ပျောလို့ခေါ်မလားအပင်ကြီးတစ်ခု ဖြာထွက်နေတာ အတက်လှေခါးဘေးမှာ ရှိတယ်...လာတဲ့သူတွေ စာတွေရေးထားတာအများကြီး...ဘာတွေလဲတော့မသိဘူး...
ဟုတ်တယ်..ဒီလိုရောင်စုံနဲ့ ကာတွန်းလိုကားလေးတွေက ဒီမှာတော့ bus ပေါ့... ကားမောင်းသမားကိုပိုက်ဆံ ပေးရင် ကားစီးတဲ့သူတွေစီတစ်ဆင့်ပီးတစ်ဆင့်လှမ်းပေးကြတယ်။ စပယ်ယာလိုဘူးပေါ့။
လမ်းမကြီးအလယ်မှာလဲ ဒီလိုလေးတွေအလှဆင်ထားသေးတယ်..
ကျွန်မခုံဝင်မထိုင်ခင်လေးမှာ အပြင်ကဆိုင်တန်းမှာ လက်ဆောင်ပစ္စည်းလေးတွေရောင်းတာတွေ့တယ်။
နောက်ထပ်သွားတဲ့နေရာတွေကတော့ ရှေးဟောင်းဘုရားကျောင်းတွေနဲ့ ပွဲတော်တွေစည်ကားနေတာပါ။ ကျွန်မကတော့ သူများတွေအောက်ဆင်းလျှောက်ကြည့်တဲ့အချိန် ကားပေါ်မှာ ခွေပီးအိပ်နေကျန်ခဲ့တော့ ပုံတွေမရိုက်ဖြစ်တော့ဘူး။ ကားပေါ်ကနေ လှမ်းရိုက်ဖြစ်တဲ့ တစ်ပုံဘဲပါလာတယ်။
ညနေပြန်ရောက်တော့ ညစာစားပီး အခန်းထဲပြန်ဝင် ချောင်းလဲအရမ်းထပ်ဆိုးနေပီး ကိုယ်လဲ ပူနေပြန်ပါတယ်။ ခရီးပန်းတာနဲ့ဖျားတတ်တဲ့ကျွန်မအကျင့်ဆိုးကိုလဲမုန်းမိပါတယ်။ မနက်ဖြန်တော့ bohol ဆိုတဲ့ ကျွန်းလေးကိုသွားလည်မှာပါ။ ဒီအကောင်လေးတွေရှိတယ်.. အရမ်းချစ်ဖို့ကောင်းတဲ့အကောင်လေးတွေ.... ကမ္ဘာပေါ်မှာအသေးဆုံးမျောက်လေး တွေပေါ့။ ဆက်ရေးမယ်နော်.
ဓာတ်ပုံတွေနဲ့ ပြထားလို့
ReplyDeleteဒီကနေပဲ အလည်သွားလိုက်တယ်နော်
ဆက်ရေးဦးနော်
အားပေးလျက်ပါ