cebu မြို့ရဲ့ နောက်ဆုံးညနေခင်းမှာ Ayala Mall ကိုရောက်သွားခဲ့တယ်....
ပျော်စရာကောင်းတယ်ထင်တာဘဲ..များသောအားဖြင့် အဖြူတွေအမဲတွေများတယ်..အဲဒီမှာလဲ Fashion TV ကဖွင့်ထားတဲ့ ကျောင်းရှိတယ်လေ။ ဟိုကြည့်ဒီကြည့်နဲ့ ထိုင်ချင်တဲ့နေရာလေးတွေ့တော့ အဲဒီဆိုင်ကို ကြည့်လိုက်တော့ Yellow Cap Pizza တဲ့။ မကြိုက်ပေမယ့်လည်း အဲမှာထိုင်ချင်တော့ Pizza နှစ်စိတ်လောက် မှာ အအေးနဲ့ ထိုင်နေလိုက်တယ်.. ကျွန်မကို မလေးရှားက လားလို့မေးတယ်။ အဲဒါပြောမှ စင်ကာပူက နေ ပြန်အ ထွက်မှာ check in ကောင်တာက ကောင်မလေးက ကျွန်မ passport ကိုတွေ့တော့ သူက မျက်လုံးဝိုင်းပြပီး ကျွန်မ ကို မလေးမ ထင်လို့တဲ့... သူ့ဘေးကောင်တာက ကောင်မလေးကိုတောင် လှမ်းပြောပြနေသေးတယ်။
အာရှဘက်ကလူတွေက ရုပ်ခပ်ဆင်ဆင်ရယ်ပါ.. ဖားတွေတွေ့ရင် ဖားလို့ထင်၊ ထိုင်းသွားရင် ထိုင်းလို့ထင်၊ ဗီယမ်နမ်တွေက သူတို့လူမျိုးလို့ထင်၊ အင်ဒိုတွေကလဲ သူတို့ စကားနဲ့လာပြော၊ အန္ဒိယ တွေကလဲ ကုလား လို့ ထင်နဲ့.. အဖြစ်ကတော့စိုးတယ်.. မြန်မာ လူမျိုးတော့ ဟုတ်တယ်..ဘယ်လူမျိုးနွယ်စုကလဲဆို ပါးစပ်က တန့် သွားရော... အကောင်ထည်ပြစရာ လူမျိုးနွယ်စုလဲမရှိ...နှစ်မျိုးသုံးမျိုးရောပြလဲ မပီး... ဒါကြောင့် ကျောင်းတုန်း ကဆရာတစ်ယောက်က ကျွန်မကို ကကတစ် လို့ခေါ်တယ်..
မြန်မာစကားလဲဖြောင့်အောင်မပြောတတ်၊ အီး..လိုလဲ ဖြစ်မြောက်အောင်မပြော...အခြားစကားဆိုဝေလာဝေး မနေ့ကတောင် ချစ်သူကိုပြောတယ်..မြန်မာလိုဘာလို့များစကားလုံးစီ ဖြောင့်အောင်မပြောနိုင်လဲမသိဘူး ဆိုတော့ သူက အခုမှသိလားတဲ့... အစကတည်းက မြန်မာစကားတောင်ဖြောင့်အောင့် မပြောတတ်ဘူး တဲ့။ စကားပြောနည်းတာကြောင့်လားတော့မသိဘူး..လေ့ကျင့်ယူရင်ရမယ်ပြောတာဘဲ..
စာရေးရင်တောင်စာလုံးပေါင်းမှားလို့ သူများအရီခံရတာလဲ များနေပီ။ ကျွန်မကိုပြောတယ်..အရမ်းတော် တာဘဲ တဲ့..မြန်မာစာအသစ်တွေတီထွင်တတ်တယ်တဲ့..း(
Ayala Mall ကအကြီးကြီးပတ်ပတ်လည်ဝိုင်းဆောက်ထားပီး အလယ်မှာတော့ ညတိုင်းဖျော်ဖြေပွဲတွေရှိတယ်.. ကျွန်မလဲ ၄ ထပ်ထိရောက်သွားတယ်..pizza hut ဆိုင်အပြင် နားမှာထိုင်းရင် ရှုခင်းတွေလိုက်ကြည့်ဖြစ်တယ်။
ညပိုင်းတော့ သူငယ်ချင်းအမကြီးနှစ်ယောက်နဲ့ ထပ်လာဖြစ်ပါတယ်...လူတွေပိုများတယ်... ပွဲတွေလဲစည် ပီး ပျော်ဖို့ကောင်းတယ်..အရမ်းအေးချမ်းတဲ့နေရာပါ... ညနေစာကတော့ ထမင်းနဲ့ ကြက်သားကင် ပီးတော့ ငါးနဲ့အချည်ရည်တစ်မျိုးပါ။
Cebu သွားတဲ့ခရီးစဉ်ဒီတွင်ပီးဆုံးသွားပါပီ။ Cebu က ဖိလိပင်းရဲ့ ဒုတိယအကြီးဆုံးမြို့လို့ ပြောလို့ရမယ်ထင် တယ်။ မြန်မာမှာတော့ မန္တလေးလိုမျိုးပေါ့။ အခွင့်အခါသင့်ရင် ကူးကူးလိုဘဲ သွားလည်ကြ ပါလို့။း)
ပျော်စရာကောင်းတယ်ထင်တာဘဲ..များသောအားဖြင့် အဖြူတွေအမဲတွေများတယ်..အဲဒီမှာလဲ Fashion TV ကဖွင့်ထားတဲ့ ကျောင်းရှိတယ်လေ။ ဟိုကြည့်ဒီကြည့်နဲ့ ထိုင်ချင်တဲ့နေရာလေးတွေ့တော့ အဲဒီဆိုင်ကို ကြည့်လိုက်တော့ Yellow Cap Pizza တဲ့။ မကြိုက်ပေမယ့်လည်း အဲမှာထိုင်ချင်တော့ Pizza နှစ်စိတ်လောက် မှာ အအေးနဲ့ ထိုင်နေလိုက်တယ်.. ကျွန်မကို မလေးရှားက လားလို့မေးတယ်။ အဲဒါပြောမှ စင်ကာပူက နေ ပြန်အ ထွက်မှာ check in ကောင်တာက ကောင်မလေးက ကျွန်မ passport ကိုတွေ့တော့ သူက မျက်လုံးဝိုင်းပြပီး ကျွန်မ ကို မလေးမ ထင်လို့တဲ့... သူ့ဘေးကောင်တာက ကောင်မလေးကိုတောင် လှမ်းပြောပြနေသေးတယ်။
အာရှဘက်ကလူတွေက ရုပ်ခပ်ဆင်ဆင်ရယ်ပါ.. ဖားတွေတွေ့ရင် ဖားလို့ထင်၊ ထိုင်းသွားရင် ထိုင်းလို့ထင်၊ ဗီယမ်နမ်တွေက သူတို့လူမျိုးလို့ထင်၊ အင်ဒိုတွေကလဲ သူတို့ စကားနဲ့လာပြော၊ အန္ဒိယ တွေကလဲ ကုလား လို့ ထင်နဲ့.. အဖြစ်ကတော့စိုးတယ်.. မြန်မာ လူမျိုးတော့ ဟုတ်တယ်..ဘယ်လူမျိုးနွယ်စုကလဲဆို ပါးစပ်က တန့် သွားရော... အကောင်ထည်ပြစရာ လူမျိုးနွယ်စုလဲမရှိ...နှစ်မျိုးသုံးမျိုးရောပြလဲ မပီး... ဒါကြောင့် ကျောင်းတုန်း ကဆရာတစ်ယောက်က ကျွန်မကို ကကတစ် လို့ခေါ်တယ်..
မြန်မာစကားလဲဖြောင့်အောင်မပြောတတ်၊ အီး..လိုလဲ ဖြစ်မြောက်အောင်မပြော...အခြားစကားဆိုဝေလာဝေး မနေ့ကတောင် ချစ်သူကိုပြောတယ်..မြန်မာလိုဘာလို့များစကားလုံးစီ ဖြောင့်အောင်မပြောနိုင်လဲမသိဘူး ဆိုတော့ သူက အခုမှသိလားတဲ့... အစကတည်းက မြန်မာစကားတောင်ဖြောင့်အောင့် မပြောတတ်ဘူး တဲ့။ စကားပြောနည်းတာကြောင့်လားတော့မသိဘူး..လေ့ကျင့်ယူရင်ရမယ်ပြောတာဘဲ..
စာရေးရင်တောင်စာလုံးပေါင်းမှားလို့ သူများအရီခံရတာလဲ များနေပီ။ ကျွန်မကိုပြောတယ်..အရမ်းတော် တာဘဲ တဲ့..မြန်မာစာအသစ်တွေတီထွင်တတ်တယ်တဲ့..း(
Ayala Mall ကအကြီးကြီးပတ်ပတ်လည်ဝိုင်းဆောက်ထားပီး အလယ်မှာတော့ ညတိုင်းဖျော်ဖြေပွဲတွေရှိတယ်.. ကျွန်မလဲ ၄ ထပ်ထိရောက်သွားတယ်..pizza hut ဆိုင်အပြင် နားမှာထိုင်းရင် ရှုခင်းတွေလိုက်ကြည့်ဖြစ်တယ်။
တစ်ယောက်တည်းဆိုတော့ ကိုယ့်ဘာသာကိုယ်ဘဲ ဓာတ်ပုံပြန်ရိုက်ရတာပေါ့။ အဲဒီနေ့က Plantation Bay ကပြန်လာတော့ လူကပင်ပန်းပီး ဘာပုံပေါက်နေလဲတော့မသိဘူး။ အဲဒါကို အဲဒီကောင်လေးတစ် ယောက် ခပ်တည်တည်နဲ့ အဲဒီ တန်းနားမှာလာထပီး ခပ်တည်တည်နဲ့လာကြည့်နေတယ်..အဲဒါနဲ့ ကျွန်မလဲ ခုံ ဒီဘက် ကျောပေးတဲ့အခြမ်းမှာပြောင်းထိုင်လိုက်တယ်.. အတော်လေးကြာတဲ့အထိ ကျွန်မလဲ ကြောက်လို့ မထသွား ရဲဘူး။ ကင်မရာလက်ထဲမှာကိုင်ထားတော့ ဓာတ်ပုံရိုက်ကြည့်တော့ရှိသေးတယ်... နေရာစိမ်းလဲ ဖြစ် တစ်ယောက်တည်းလည်းဖြစ်တော့ ကြောက်တယ်။ ကံကောင်းတော့ ကောင်မလေးတစ်ယောက် ကျွန်မ စားပွဲ ဘေးနားက ၀ိုင်းမှာလာထိုင်တော့ သူကိုပြုံးပြလိုက်တယ်.. ကျွန်မက saloon လိုက်ရှာနေတာ မတွေ့ ဘူးပြောတော့... သူက လိုက်ပို့ပေးမယ်တဲ့... ဒါမှဘဲ အဲဒီနေရာကထ ပီး ထွက်သွားရတယ်.. ဒါတောင် လိုက် လာသေးတယ်နောက်က... ခေါင်းခေါက်ချင်တယ်..သူများစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်လို့။
.. သူ့အမနဲ့တူလို့လား၊ သူတို့ ပြောနေကျ story လို ရည်းစားဟောင်းနဲ့ တူလို့လားတော့မသိဘူး...
ညပိုင်းတော့ သူငယ်ချင်းအမကြီးနှစ်ယောက်နဲ့ ထပ်လာဖြစ်ပါတယ်...လူတွေပိုများတယ်... ပွဲတွေလဲစည် ပီး ပျော်ဖို့ကောင်းတယ်..အရမ်းအေးချမ်းတဲ့နေရာပါ... ညနေစာကတော့ ထမင်းနဲ့ ကြက်သားကင် ပီးတော့ ငါးနဲ့အချည်ရည်တစ်မျိုးပါ။
ညဘက်မီးရောင်တွေအောက်ကရှုခင်းလေးတွေကို စိတ်တိုင်းကျလိုက်ကြည့်ဖြစ်တယ်။ ကျွန်မနေတဲ့ နေရာမှာ ဆို အခုလိုညထွက်လို့မရဘူး။ ထွက်လဲမထွက်ရဲဘူး။ ညနေ ၅နာရီခွဲ မိုးချုပ်တာနဲ့ အိမ်ထဲ ခြံဝန်းထဲကနေ ဘယ်မှမထွက်ရဲပါဘူး။ ဒါကြောင့် ညခင်းရဲ့ အရသာကိုကျွန်မနှစ်သက်မိနေတာလဲဖြစ်ချင်ဖြစ်မယ်။...
ရန်ကုန်ပြန်တုန်းက ညပိုင်းဆို သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်စကားပြော..ကားတွေကြည့်၊ လူတွေကြည့် လုပ်ချင် ပေမယ့် မာမီက စောစော ပြန်လာ ဆိုတာကြောင့်၊ မပြန်လာမချင်းစိတ်ပူစောင့်နေတာရယ်ကြောင့် သာ။
ကူးကူးရေ...
ReplyDeletecebu ကို သွားလည်ချင်တယ်...
အခွင့်သာရင်ပေါ့...
အမရေ
ReplyDeleteအခွင့်သာရင်သွားလည်ချင်ပါတယ်
ဒါနဲ့  အမ ကဘယ်မှာနေတာလဲဟင်
ဒီလောက်ကြောက်စရာကောင်းလားဟင်