Skip to main content

Cebu နောက်ဆုံးည

cebu မြို့ရဲ့ နောက်ဆုံးညနေခင်းမှာ Ayala Mall ကိုရောက်သွားခဲ့တယ်....
ပျော်စရာကောင်းတယ်ထင်တာဘဲ..များသောအားဖြင့် အဖြူတွေအမဲတွေများတယ်..အဲဒီမှာလဲ Fashion TV ကဖွင့်ထားတဲ့ ကျောင်းရှိတယ်လေ။  ဟိုကြည့်ဒီကြည့်နဲ့ ထိုင်ချင်တဲ့နေရာလေးတွေ့တော့ အဲဒီဆိုင်ကို ကြည့်လိုက်တော့ Yellow Cap Pizza တဲ့။ မကြိုက်ပေမယ့်လည်း အဲမှာထိုင်ချင်တော့ Pizza နှစ်စိတ်လောက် မှာ အအေးနဲ့ ထိုင်နေလိုက်တယ်.. ကျွန်မကို မလေးရှားက လားလို့မေးတယ်။  အဲဒါပြောမှ စင်ကာပူက နေ ပြန်အ ထွက်မှာ check in ကောင်တာက ကောင်မလေးက ကျွန်မ passport ကိုတွေ့တော့ သူက မျက်လုံးဝိုင်းပြပီး ကျွန်မ ကို မလေးမ ထင်လို့တဲ့... သူ့ဘေးကောင်တာက ကောင်မလေးကိုတောင် လှမ်းပြောပြနေသေးတယ်။
အာရှဘက်ကလူတွေက ရုပ်ခပ်ဆင်ဆင်ရယ်ပါ.. ဖားတွေတွေ့ရင် ဖားလို့ထင်၊ ထိုင်းသွားရင် ထိုင်းလို့ထင်၊ ဗီယမ်နမ်တွေက သူတို့လူမျိုးလို့ထင်၊ အင်ဒိုတွေကလဲ သူတို့ စကားနဲ့လာပြော၊ အန္ဒိယ တွေကလဲ ကုလား လို့ ထင်နဲ့.. အဖြစ်ကတော့စိုးတယ်.. မြန်မာ လူမျိုးတော့ ဟုတ်တယ်..ဘယ်လူမျိုးနွယ်စုကလဲဆို ပါးစပ်က တန့် သွားရော... အကောင်ထည်ပြစရာ လူမျိုးနွယ်စုလဲမရှိ...နှစ်မျိုးသုံးမျိုးရောပြလဲ မပီး... ဒါကြောင့် ကျောင်းတုန်း ကဆရာတစ်ယောက်က ကျွန်မကို ကကတစ် လို့ခေါ်တယ်..
မြန်မာစကားလဲဖြောင့်အောင်မပြောတတ်၊ အီး..လိုလဲ ဖြစ်မြောက်အောင်မပြော...အခြားစကားဆိုဝေလာဝေး မနေ့ကတောင် ချစ်သူကိုပြောတယ်..မြန်မာလိုဘာလို့များစကားလုံးစီ ဖြောင့်အောင်မပြောနိုင်လဲမသိဘူး ဆိုတော့ သူက အခုမှသိလားတဲ့...  အစကတည်းက မြန်မာစကားတောင်ဖြောင့်အောင့် မပြောတတ်ဘူး တဲ့။ စကားပြောနည်းတာကြောင့်လားတော့မသိဘူး..လေ့ကျင့်ယူရင်ရမယ်ပြောတာဘဲ..
စာရေးရင်တောင်စာလုံးပေါင်းမှားလို့ သူများအရီခံရတာလဲ များနေပီ။ ကျွန်မကိုပြောတယ်..အရမ်းတော် တာဘဲ တဲ့..မြန်မာစာအသစ်တွေတီထွင်တတ်တယ်တဲ့..း(

Ayala Mall ကအကြီးကြီးပတ်ပတ်လည်ဝိုင်းဆောက်ထားပီး အလယ်မှာတော့ ညတိုင်းဖျော်ဖြေပွဲတွေရှိတယ်..  ကျွန်မလဲ ၄ ထပ်ထိရောက်သွားတယ်..pizza hut ဆိုင်အပြင် နားမှာထိုင်းရင် ရှုခင်းတွေလိုက်ကြည့်ဖြစ်တယ်။

 
  
  
  
  
  
  
တစ်ယောက်တည်းဆိုတော့ ကိုယ့်ဘာသာကိုယ်ဘဲ ဓာတ်ပုံပြန်ရိုက်ရတာပေါ့။  အဲဒီနေ့က Plantation Bay ကပြန်လာတော့ လူကပင်ပန်းပီး ဘာပုံပေါက်နေလဲတော့မသိဘူး။ အဲဒါကို အဲဒီကောင်လေးတစ် ယောက် ခပ်တည်တည်နဲ့ အဲဒီ တန်းနားမှာလာထပီး ခပ်တည်တည်နဲ့လာကြည့်နေတယ်..အဲဒါနဲ့ ကျွန်မလဲ ခုံ ဒီဘက် ကျောပေးတဲ့အခြမ်းမှာပြောင်းထိုင်လိုက်တယ်.. အတော်လေးကြာတဲ့အထိ ကျွန်မလဲ ကြောက်လို့ မထသွား ရဲဘူး။ ကင်မရာလက်ထဲမှာကိုင်ထားတော့ ဓာတ်ပုံရိုက်ကြည့်တော့ရှိသေးတယ်...  နေရာစိမ်းလဲ ဖြစ် တစ်ယောက်တည်းလည်းဖြစ်တော့ ကြောက်တယ်။ ကံကောင်းတော့ ကောင်မလေးတစ်ယောက် ကျွန်မ စားပွဲ ဘေးနားက ၀ိုင်းမှာလာထိုင်တော့ သူကိုပြုံးပြလိုက်တယ်.. ကျွန်မက saloon လိုက်ရှာနေတာ မတွေ့ ဘူးပြောတော့... သူက လိုက်ပို့ပေးမယ်တဲ့...  ဒါမှဘဲ အဲဒီနေရာကထ ပီး ထွက်သွားရတယ်.. ဒါတောင် လိုက် လာသေးတယ်နောက်က... ခေါင်းခေါက်ချင်တယ်..သူများစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်လို့။
.. သူ့အမနဲ့တူလို့လား၊ သူတို့ ပြောနေကျ story လို ရည်းစားဟောင်းနဲ့ တူလို့လားတော့မသိဘူး... 



ညပိုင်းတော့ သူငယ်ချင်းအမကြီးနှစ်ယောက်နဲ့ ထပ်လာဖြစ်ပါတယ်...လူတွေပိုများတယ်... ပွဲတွေလဲစည် ပီး ပျော်ဖို့ကောင်းတယ်..အရမ်းအေးချမ်းတဲ့နေရာပါ... ညနေစာကတော့ ထမင်းနဲ့ ကြက်သားကင် ပီးတော့ ငါးနဲ့အချည်ရည်တစ်မျိုးပါ။
 
  
ညဘက်မီးရောင်တွေအောက်ကရှုခင်းလေးတွေကို စိတ်တိုင်းကျလိုက်ကြည့်ဖြစ်တယ်။ ကျွန်မနေတဲ့ နေရာမှာ ဆို အခုလိုညထွက်လို့မရဘူး။ ထွက်လဲမထွက်ရဲဘူး။ ညနေ ၅နာရီခွဲ မိုးချုပ်တာနဲ့ အိမ်ထဲ ခြံဝန်းထဲကနေ ဘယ်မှမထွက်ရဲပါဘူး။ ဒါကြောင့် ညခင်းရဲ့ အရသာကိုကျွန်မနှစ်သက်မိနေတာလဲဖြစ်ချင်ဖြစ်မယ်။...
ရန်ကုန်ပြန်တုန်းက ညပိုင်းဆို သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်စကားပြော..ကားတွေကြည့်၊ လူတွေကြည့် လုပ်ချင် ပေမယ့် မာမီက စောစော ပြန်လာ ဆိုတာကြောင့်၊ မပြန်လာမချင်းစိတ်ပူစောင့်နေတာရယ်ကြောင့် သာ။

Cebu သွားတဲ့ခရီးစဉ်ဒီတွင်ပီးဆုံးသွားပါပီ။ Cebu က ဖိလိပင်းရဲ့ ဒုတိယအကြီးဆုံးမြို့လို့ ပြောလို့ရမယ်ထင် တယ်။ မြန်မာမှာတော့ မန္တလေးလိုမျိုးပေါ့။  အခွင့်အခါသင့်ရင် ကူးကူးလိုဘဲ သွားလည်ကြ ပါလို့။း)

Comments

  1. ကူးကူးရေ...
    cebu ကို သွားလည်ချင်တယ်...
    အခွင့်သာရင်ပေါ့...

    ReplyDelete
  2. အမရေ
    အခွင့်သာရင်သွားလည်ချင်ပါတယ်
    ဒါနဲ့  အမ ကဘယ်မှာနေတာလဲဟင်
    ဒီလောက်ကြောက်စရာကောင်းလားဟင်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ