Skip to main content

စပ်စုခြင်း


ကျွန်မတို့မိသားစု အဖေနဲ့အမေ စကားနဲနဲများတာကလွဲလို့အကြီးကျယ်ရန်ဖြစ်တာမရှိဖူးပါဘူး။ အဲလိုဘဲ ကျွန်မသိတတ်တဲ့အရွယ်ကစ၊ ဒီအချိန်ထိ အော်ကြီးဟစ်ကျယ်စကားများတာမျိုးလဲ ပတ်ဝန်းကျင်အသိုင်းဝိုင်း မှာမရှိခဲ့ဘူး။ မှတ်မှတ်ရရ ၂၀၀၃ လောက်က၊ ကျွန်မနေတဲ့အိမ်ရှိတဲ့ လမ်းထောင့်နားမှာ အခွန်လွတ်ဈေး ဆိုတာစဖွင့်တယ်... တစ်ညမှာ ဈေးရောင်းတဲ့လင်မယားနှစ်ယောက် အိမ်ရှေ့လမ်းမပေါ်ကနေဖြတ်သွားရင်း
အသဲအသန်အော်ကြီးဟစ်ကျယ်ရန်ဖြစ်ကြတာ၊ ကျွန်မ အပေါ်ထပ်ပြတင်းပေါက်ကနေချောင်းကြည့်တာ.. လန့်ပီး ကြောက်လို့ တစ်ညလုံးအိပ်မရဘူး။ အဲဒါပထမဆုံးအချိန်ဘဲ။
ဒီတစ်ခေါက်ရန်ကုန်ပြန်တော့၊ အိမ်က မြောက်ဒဂုံမှာ.. အရင်တုန်းကတော့ အနားပတ်ဝန်းကျင်မှာအိမ်တွေ မရှိသေးဘူး၊ အခုတော့ အိမ်သေးသေးလေးတွေ၊ ကြီးကြီးတွေနဲ့ တော်တော်စည်ကားနေပီ။ အထူးသဖြင့် မြေ၀ယ်ထားတဲ့သူတွေက အိမ်ပိစိလေး ဆောက်မီး မီး/ရေ ဂရန်ရအောင်လျှောက်ကြတယ်တဲ့။ ပိုင်ရှင် တွေကတော့ လာမနေဘူးလေ၊ အဲဒီအိမ်သေးသေးလေးတွေကိုအိမ်ဌားတင်ထားတယ်... အထူးသဖြင့် ပွဲစားတွေ၊ ဆိုက်ကားသမားတွေ အဲလိုအိမ်လေးတွေဌားနကြတယ်။ ကျွန်မတို့နေတဲ့အိမ်ဘေးမှာလဲ အိမ်လေး တစ်လုံးရှိတယ်၊ လင်မယားနှစ်ယောက်နေတယ်။ အိပ်ခန်းနဲ့နီးတာရော..ကြားထဲမှာ ခြံစည်းရိုးနဲ့ အပင်လေး တွေစိုက်ထားတာသာခြားတာမို့လို့ စကားပြောရင်ကြားနေရယ်..အထူးသဖြင့်ယောက်ျားက အော်အော်ပီး စကားပြောလေ့ရှိတယ်... မိန်းမဖြစ်သူကတော့ တိုးတိုးပြောပါ..သူများတွေကြားမယ်..စသည်ဖြင့်ပြောပေမယ့် ဘယ်ခွေးမှဂရုစိုက်စရာမလိုဘူး..ဆိုပီး မိန်းမဖြစ်သူကိုထိုင်ရစ်နေတာပါ...ဈေးသွားတာကြာတာ၊ ပြန်ရောက် မယ့်အချိန်ပြောထားပီး အချိန်တန်ပြန်မရောက်တာ၊ မိန်းမက ဘယ်လိုအေးအေးရှင်းပြပြ ..သူကမရရ အောင် လိုက်ရစ်ပီးပြသနာရှာနေတာပါ.. ကျွန်မလဲ ကြားနေရတိုင်းစိတ်ပျက်တယ်။ အဲဒီယောက်ျားဆိုသူကိုလဲ တော်တော့်ကိုအမြင်ကတ်လာတာပါ။ အဲဒီမိန်းမကလဲ သည်းခံပီးနေနေတာလဲအံ့ရော၊ တစ်ရက် မာမီက အိမ်လာလည်တဲ့ အန်တီတစ်ယောက်အတွက် မုန်ညှင်းတို့၊ မုန်လာပင်ပေါက်၊ ဗူးညွန့် တွေလိုက်ခူးပေးနေတဲ့ အချိန် အဲဒီဘက်အိမ်က အမျိုးသမီးထွက်လာပီး..အမရေ..ဟင်းရွက်တွေတို့စားဖို့လား.. စားလို့ကောင်းလား ဟင် တဲ့... မာမီက..အော်..ညီမ..တို့စရာယူမလား၊ စားချင်ခူးပေးမယ်လေဆိုပီး သူလိုက်ခူးနေတော့ ကျွန်မ ပြတင်းပေါက်ကချောင်းကြည့်လိုက်တယ်... သနပ်ခါးအဖွေးသား၊ ကိုယ်လုံးကိုယ်ထည့်တောင့်တောင့်နဲ့ အသက်ကတော့ ၃၈ ၀န်းကျင်ပေါ့၊ ရုပ်ကတော့ သိပ်ကြည့်ပျော်ရှုပျော်မရှိဘူး။ အဲဒါပထမဆုံးတွေ့ဖူးတာ။
နောက်၊ ညီမလေးပြန်ရောက်ပီး နောက်နေ့မနက် ၃ နာရီမှာ ဖုန်းမြည်သံကြားတယ်..
ယောက်ျားဖြစ်သူကဖုန်းကိုင်ပီးစကားတွေပြောတယ်..နောက်တော့ စအော်ပါလေရော..အဲဒါနဲ့ ကျွန်မလဲ
အိပ်လို့မရ ထထိုင်နေလိုက်တယ်.. မင်းအဲလောက်လာချင်လဲလာကွာ...လာကွာ...ဆိုပီးပြောသံကြားတယ်။ သိပ်မကြာဘူး၊ သူ့မိန်းမကို သွား..မင်း ဟိုးဘက်အိမ်တွေခဏသွားနေချည်  ဆိုပီးပြောတယ်..
ခဏကြာတော့ အိမ်ထဲမှာ ၀ုန်းဒိုင်းပစ္စည်းပစ်တဲ့အသံတွေနဲ့အတူ..အော်ကြီးဟစ်ကျယ်ငိုယိုတာတွေ ကြောင်း ကျွန်မတို့ တစ်အိမ်လုံးနိုးလာပါတော့တယ်။
ရှင်မို့လို့လုပ်ရက်တယ်..ကျွန်မမှာတော့ ကလေးတစ်ယောက်နဲ့ ဘယ်လောက်ဒုက္ခရောက်ရလဲ..
ဒါအဲဒီ xxx မတွက်ဝယ်ထားတဲ့ပစ္စည်းတွေ..ဒီမှာလာစံစားနေတယ်..
အဲဒီ xxxxမ ထွက်လာစမ်းဘယ်မှာလဲ...
ဒါ ငါ့ယောက်ျား ဆင်တဲ့ပစ္စည်းတွေနဲ့ လင်တကာမြူဆွယ်နေတဲ့မိန်းမ...
စသည်ဖြင့်ဗြောင်းဆန်နေအောင်အကျယ်ကြီးအော်ငိုပါတော့တယ်... ကျွန်မတို့ ညီအမနှစ်ယောက်လဲ တစ်ခါမှမတွေ့ဖူးတော့ အိမ်ပေါ်ထပ်တက်ပီး ပြတင်းပေါက်နားကနေ ချောင်းကြည့်ပါတယ်..သိပ်မကြာဘူး။ မောင်လေးပါနိုးလာပီ အပေါ်ထပ်ရောက်လာပါတယ်... အိမ်ထဲမှာ ဖြစ်နေတော့မမြင်ရပေမယ့် အသံတွေ တော့ ကြားနေရတယ်..
လတ်စသတ်တော့ မယားကြီး ကလေးတစ်ယောက်နဲ့လိုက်လာတာကိုး။
အရင်မယားငယ်တုန်းကတော့ အော်ကြီးဟစ်ကျယ်နဲ့ ခဏခဏပြသနာရှာတတ်တဲ့ယောက်ျား ဒီတစ်ခါတော့
လေသံက ...ပျော့လိုက်တာ..
တော်ပါတော့မိန်းမရယ်....မအော်ပါနဲ့
ပတ်ဝန်းကျင်ကြားရင်ရှက်စရာကောင်းပါတယ်...
မိန်းမအလိုတိုင်း ကိုယ်လုပ်ပေးခဲ့တာဘဲ...
တော်ပါတော့မိန်းမရယ်....နဲ့ စကားသံပျော့ပျော့လေးနဲ့ ဖြောင်းဖျနေပါတယ်...
နောက်ဆုံးတော့...မင်းတော်တော့.. အခုဘာလိုချင်လဲပြော...ဆိုတော့
ပြန်လိုက်ခဲ့တဲ့...သူ့မယားကြီးကပြန်ခေါ်တယ်..
နောက်ဆုံးတော့ ကားဌားပီး သူ့ပစ္စည်းတွေတင်ပီး သူ့မယားကြီးလက်ကိုဆွဲ..ဖေးဖေးမမနဲ့ ပြန်လိုက်သွား တယ်။ သူတို့ထွက်သွားမှ မယားငယ်ဖြစ်သူက သူတို့အိမ်တစ်အိမ်ကျော်က ဆိုက်ကားသမားတွေ နေတဲ့ အိမ်လေးတွေဆီက ပြန်ထွက်ပီးသူ့အိမ်သူပြန်လာတယ်...
အဲဒီတစ်နေ့လုံးတိတ်ဆိတ်နေတာဘဲ...မယားငယ်ဖြစ်သူကအမြဲချောင်းဆိုးနေတော့ ချောင်းဆိုးသံတစ်ခါ တစ်ခါကြားရတယ်..
ညနေစောင်းတော့... taxi တစ်စင်းရပ်လာပီး ယောက်ျားဖြစ်သူ (အသက်လဲကြီးနေပါပီ) က အထုပ်ပိုးတွေ နဲ့ သူ့မယားငယ်အိမ်ပြန်လာပါတယ်...
နောက်နေ့မိုးမလင်းခင် ရုတ်တရက် မယားကြီးဖြစ်သူပြန်လိုက်လာပီး..သူတို့နှစ်ယောက်အိမ်နေကြတာကို လာဖမ်းပါတယ်... မယားငယ်ဆိုသူကိုလဲ ရိုက်တယ်.. ဒါနင်တို့နှစ်ယောက်လာကြည်နူးနေတဲ့အိပ်ရာ ဆိုပီး အပြင်ကိုလွှင့်ပစ်တယ်..အဲဒီနေ့လဲ အိပ်ရေးပျက်ရပြန်ပါတယ်....
သူ့ယောက်ျားကပြောတယ်..
မင်းမှကိုယ်လိုအပ်တာတွေမဖြည့်စည်းပေးနိုင်တာ... အဲတော့ကိုယ့်ကိုဖြည့်စည်ပေးနိုင်သူနဲ့ နေတာ.. မိန်းမ နားလည်ပါကွာ...တဲ့..
သူ့မယားကြီးက...
ဟုတ်တယ်..ငါသိတယ်..ငါကလေးတစ်ယောက်အမေ..ကလေးကိစ္စတစ်ဖက်၊ နေမကောင်းဖြစ်တာကြောင့် နင့်အလိုအကုန်မလိုက်နိုင်လို့ နင်ဒီမိန်းမနဲ့ ဖောက်ပြန်နေတာသိသိကြီးနဲ့ ငါက ငါ့ထက်သာတဲ့အပျိုလေးနဲ့ ဖြစ်တာဘဲဆိုပီး ငါကိုယ်ငါဖြေသိမ့်နေတာ... ဒီမိန်းမလို ကလေးနှစ်ယောက်အမေ..ကိုယ့်ယောက်ျားကို ပစ်ပီး သူများယောက်ျားကိုမြူဆွယ်ပီး ဒီမှာလာပုန်းနေမယ်လို့မထင်ထားဘူး တဲ့။
ကောင်းရော....
ဇတ်ရည်ကတော့လည်လာပီ... မယားငယ်ကလဲ သူ့ယောကျာ်းနဲ့ ကလေးနှစ်ယောက်ကိုပစ်ထား၊
ယောက်ျားဖြစ်သူကလဲ သူ့မိန်းမနဲ့ကလေးကိုပစ်...ဒီနားမှာအိမ်ဌားပီး လာနေနေကြတာကိုး။
နေ့တိုင်းလဲစကားများ၊ မသင်္ကာဖြစ်နေတဲ့အိမ်ထောင်ရေး အရှုပ်တော်ပုံကြီးကတော့ကြောက်ဖို့ကောင်း လှပါတယ်။
ဘယ်သူ့ကိုမှအပြစ်တင်လို့မရသလို... လောကကြီးရဲ့ အဖြစ်မှန်တွေ... (တစ်ကယ်ပါ၊ ဇတ်လမ်းတွေထဲမှာ ဘဲရှိတယ်ထင်ခဲ့တာ) ကို မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့ကျွန်မ တော်တော့ကိုလန့်သွားပါတယ်။
နောက်တစ်ပတ်လောက်မှာတော့ မယားငယ်ဖြစ်သူက သူ့ကလေးကိုပါအိမ်မှာခေါ်ထားပီး...လင်မယား နှစ်ယောက်ချစ်ချစ်ခင်ခင် သီချင်းလေးတစ်ကြော်ကြော်နဲ့ ဖြစ်နေပြန်ပါလေရော...
မယားကြီးကတော့ ဘယ်ရောက်သွားလဲမသိဘူး... သနားဖို့လဲကောင်းတယ်...
အိမ်ထောင်ရေးကံမကောင်းတဲ့သူတွေလောကကြီးမှာ ဘယ်လောက်များရှိနေမလဲ...
ကိုယ်ချစ်တဲ့ယောက်ျား မိန်းမတစ်ယောက်နဲ့ အတူနေနေတာ သိနေတဲ့မိန်းမတစ်ယောက် အိပ်ပျက်ညတွေ ဘယ်လောက်များပီးခံစားနေရမလဲ...စဉ်းစားမိတယ်..


မိန်းကလေးတွေဘ၀... တစ်ခါဆုံးဖြတ်ချက်မှားရင် တစ်သက်ဘဲ...ဆိုတာအရမ်းမှန်တယ်...
မယားကြီးရော..မယားငယ်ရော..ငိုလိုက်ရတဲ့မျက်ရည်... ယောကျာ်းဘဲရှားသလား၊ တစ်ယောက်တည်းကိုမှ အတူသွားချစ်မိတာဘဲ အပြစ်လား..... မိန်းမနှစ်ယောက်ကြားပြသနာတွေ ဖြေရှင်းနိုင်တဲ့ ယောက်ျားဖြစ်သူ ကဘဲအရမ်းတော်လွန်းလားမသိတော့ပါဘူး။

Comments

  1. နွေးနေခြည်January 26, 2010 at 1:21 AM

    ကူးရေ... ဖတ်ရတာတောင် ရင်တုန်တယ်။

    ReplyDelete
  2. ကြောက်စရာကောင်းတယ်နော်.... အဲ့လိုမျိုးတွေဖတ်ရတာနဲ့တင်...စိတ်ဆင်းရဲလွန်းလို့ပါ..။ ကိုယ်တိုင်သာ ကြုံခဲ့ရရင် သေသွားမလား မသိပါဘူး။

    ReplyDelete
  3. ဒီအဖြစ်မျိုးတွေ အပြင်မှာ ဒုနဲ့ ဒေးပါ...ကိုယ်တိုင် မကြုံရလေအောင် သေချာ ရွေးချယ်တတ်မိဖို့ လိုပါတယ်...မိန်းမသားတွေရဲ့ ဘ၀က အိမ်ထောင်ကျသွားတာနဲ့ အရာရာကို တစ်ဆင့်ရှုံးနေရသလိုပါပဲ... အိမ်ထောင်ရေးကံကောင်းခြင်းများသာ ကြုံဆုံချင်ပါတယ်...

    ReplyDelete
  4. သိတ်မခံစားပါနဲ့ လေ။

    ReplyDelete
  5. ကူးကူးရေ...
    ကြောက်စရာကြီးနော်...

    ReplyDelete
  6. နောက်၅နှစ်ကြာ ရင် ကျွန်မတို့လည်း အဲလိုမျိုးဖြစ်တော့ မှာ ထင်တယ်။

    ReplyDelete
  7. ကြောက်စရာကြီးနော်
    တွေးကြောက်မယ်ဆို အိမ်ထောင်တောင်မပြုချင်စရာ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ