Skip to main content

ငါးဖယ်ကောင်လုံးကင်

ငါးဖယ်ကင်ဆိုလို့စိတ်ဝင်စားသွားမလားတော့မသိဘူး။ ကူးကူးလဲ ဒါပထမဆုံးအကြိမ်စားဖူးခြင်းပါ။ အစကနေ ပြောရမယ်ဆိုရင်တော့ ညီမလေးမွေးနေ့ အတွက် မာမီက ပထမညနေပိုင်းမှာ ပလာတာနဲ့ ကြက်သားဟင်း၊ ညပိုင်းတော့ ခင်မင်တဲ့မိတ်ဆွေတွေနဲ့ မိသားစုတွေ အကင်လုပ်စားကြမယ်လို့စီစဉ်တယ်။ ညီမလေးကတော့ ဘာမှအထွေထူးမလုပ်ချင်ဘူး၊ ဒါပေမယ့် ကျွန်မနဲ့မောင်လေးကတိုင်ပင်ပီးတော့ မိသားစုလေးစုံတုန်းမှာ သူ့မွေး နေ့အမှတ်တရလုပ်ပေးကြမယ်ဆိုပီးစီစဉ်လိုက်တယ်။
ရန်ကုန်ပြန်ရောက်ကတည်းက ဟိုကျော်ဒီကျော်နဲ့ ဂျီတော့ခ်သုံးရပါတယ်။ ကူးကူးဘလော့လဲဖွင့်လို့မရဘူး၊ ဒါနဲ့ဘဲ ခွင်တည့်နေတာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ရုံးမှာပါ... သူ့ရုံးက ဟောင်ကောင်က ဒါရိုက်လိုင်းယူ ထားတော့ အကုန်သုံးလို့ရတယ်လေ။ အဲဒီကနေဘဲ ဘလော့လေးတွေဝင် ဟိုဖတ်ဒီဖတ်နဲ့ ကောမန့်ရေးဖို့ တောင် မချိန်မရပါဘူး။ အဲဒီသူငယ်ချင်းကိုညီမလေးကမွေးနေ့ဖိတ်လိုက်တော့ သူက ငါးဖယ်ကင်ပေးမယ်တဲ့။ ကူးလဲအစကအံ့သြသွားတယ်၊ ဒီလောက်အရိုးများတဲ့ငါး သူများငါးဆုပ်လုပ်တာ ဘယ်လိုကင်မှာလဲဆိုတော့ သူကငါလုပ်ပြပါ့မယ် စောင့်ကြည့်ပါတဲ့လေ။ ထုံးစံအတိုင်းနည်းယူရအောင် ငါးဖယ်အကောင်ကြီးကြီးရဖို့ ကြည့်မြင်တိုင်ငါးဈေးမှာ ငါးဖမ်းသင်္ဘောတွေကပ်တဲ့အခါ သွားတောင်းဝယ် ရမယ်တဲ့။ ၀ယ်တာတောင် မျက်နှာငယ်လေးနဲ့ တစ်ကောင်လောက်ရောင်းပါ မိသားစုအကင်လေးလုပ် စားချင်လို့ပါလို့ပြောရမယ်သတဲ့လေ.. သူပြောတာပါ... ကျွန်မကတော့မယုံပေါင်။ ပိုက်ဆံပေးရင် ရောင်းမှာ ဘဲလို့ထင်တာဘဲ။ ကျွန်မကိုမနက်စောစောဖုန်းခေါ်ပီးနှိုးမယ်တဲ့....စောစောသွားဝယ်မှ ငါးဖယ်ကောင် ကြီးကြီးရမှာတဲ့..ငါးသွားတန်းစီဝယ်ရမယ်တဲ့.. အေးပေါ့လေ.. ဒါနဲ့ဘဲ ညဖက်အိမ်ပြန်ရောက်တော့ ညီမလေးကိုပြောပြတော့ သူက နောက်နေ့မိုးတောင်မလင်းသေးဘူးကျွန်မကို ထတော့ ငါးသွားတန်းစီ ဆိုပီး အတင်းနှိုးပါတယ်။ သိပ်မကြာပါဘူးသူငယ်ချင်းလဲဖုန်းခေါ်ပီးလှမ်းနှိုးတာနဲ့ ရေချိုး၊ ပြင်ဆင်ပီးထွက်တဲ့အချိန် နဲ့ ငါးဈေးရောက်တော့.... နဲနဲတော့ နောက်ကျနေပီ။


 ငါးဈေးထဲဆိုတာလဲ အဲလိုမျိုးမှန်း အစထဲကမသိထားတာရော..ရန်ကုန်မှာနေရင် တစ်ခါမှဈေးမသွားဖူးတာ ရောနဲ့ ကောင်းကောင်းကြီးကိုပညာရလိုက်ပါတယ်။ ၀င်လိုက်တာနဲ့ဂြိုဟ်သားတစ်ကောင် မြေပြင်ပေါ်ကျ လာသလိုကိုဝိုင်းကြည့်ကြတာ...အေးလေ..ကလန်ကလား ၀တ်ထားတာက ဈေးလာတာနဲ့မှ မကိုက်ညီ ပေသကိုး။
ဝတ်ထားတဲ့အိကျီဆွယ်တာသားလက်ရှည်ကိုယ်ကျပ်နဲ့... ဘောင်းဘီရှည်အမဲခါးမှာကြိုးချည်ထားတာနဲ့ ကြိုးပေါင်း မြောက်များစွာပါတဲ့ လယ်သာ ဖိနပ်နဲ့ ငါးတွေစိမ်တဲ့ရေခဲမှုန့်တွေရယ်၊ ရွံ့ဗွက်တွေရယ်... တစ်ခါတစ်ခါ လူ (၃) ယောက်လောက်တွန်းလာတဲ့ငါးတွေထည့်ထားတဲ့ သစ်သားရိုက်ဗုန်းတွေရယ်.... တော်တော်ကြီးကို ယောက် ယက်ခက်စွာကိုကြည့်ကောင်းနေတော့တာမြင်ယောင်ကြည့်လိုက်ပါ...
အငြိမ်မနေကင်မရာအိတ်ထဲကစွဲထုတ်ပီး ဓာတ်ပုံလိုက်ရိုက်ခဲ့ပါသေးတယ်..
နေကပူ၊ ငါးဖယ်အကြီးက အရိုးတွေဘဲကျန်တော့တယ်၊ တစ်နေရာပီးတစ်နေရာ..တစ်ရုံဝင်တစ်ရုံထွက် ငါးဖယ်လိုက်မေးရတာ..၀တ်ထားတဲ့အိကျီနဲ့ ချွေးတွေပြန်... ခြေထောက်တွေလဲညစ်ပတ်... ပူလွန်းတော့ အိတ်ထဲက ဆံပင်ချည်ဖို့လိုက်ရှာတော့ ဖဲပြားအကြီးနဲ့ဆံပင်ချည်ကြိုးတွေ့တယ်.. အဲဒါနဲ့ဘဲ သူငယ်ချင်းကိုအိတ်ခဏကိုင်ထားခိုင်း ဆံပင်ကိုအကုန်သိမ်းကြုံး..ရှေ့မှီနောက်မှီအမြင့် ပင့်ချည်လိုက်တော့ ဖဲပြားကြီးက ခေါင်းထပ်တည့်တည့်မှာ... သူငယ်ချင်းကရီတယ်..အခုမှ မစာဥနဲ့ တူတော့တယ်တဲ့။ ငါးတွေများလိုက်တာ များ...အားရစရာပါ... ဂေါ်ပြားနဲ့တောင်ကော်ပီးဗုန်းထဲ ထည့်ရတယ်...   လူလဲမောလောက်တဲ့အခါမှာတော့ ရှားရှားပါးပါး ငါးဖယ်ကြီးတစ်ကောင်ရပါတယ်... ဒါတောင် ငါးရောင်းတဲ့သူက အိမ်စားဖို့ချန်ထားတာတဲ့...တစ်ကယ်...မျက်နှာငယ်လေးနဲ့တောင်းဝယ်ရတယ်...း)
သူငယ်ချင်းက ငါးဖယ်ကိုဗိုက်ခွဲ၊ အူထုတ်ရေစင်စင်ဆေး....ပီး စိတ်ရှည်လက်ရှည်ထုတယ်.. .အရမ်းကြီးအားမပြင်းဘူး.. အရမ်းထုရင်လဲ အသားတွေပေါက်ထွက်လာတတ်တယ်တဲ့...
အကြာကြီးကိုစိမ်ပြေနပြေထုပီး တော့ ငါးဖယ်အသားတွေက မာလာတယ်... ငါးကိုလဲကိုင်ပီး ခါးအရိုးတွေကျိုးသွားအောင် နဲ့ရသေးတယ်..အဲဒီအခါတော့ ဓါးနဲ့ အလွှာလိုက် မွှန်းပီး... ဆား၊ဂျင်း၊ကြက်သွန်ဖြူ၊ ရှလကာရည်၊ တွေကိုနံ့စပ်အောင်အသားထဲစိမ့်သွားအောင်ထည့်တယ်.. မာမီကတောင် လက်ဖျားခါတယ်..စိတ်ရှည်လိုက်တာတဲ့လေ... မွှန်းထားတာလဲ အသေးစိတ်... ကွန်ပြူတာသမားလက်က ငါးလဲကိုင်တတ်လို့ ကူးတောင် နင် ညပိုင်းငါးကင်ဆိုင်ဖွင့်ပါလားလို့တောင် အကြံ ပေးခဲ့သေးတယ်။ သူကပြောပါတယ်.. ချီးထုတ်တဲ့...ပေါက်ကရဘဲတွေးတတ်တယ်တဲ့..
ပီးတော့ ၀ါးချောင်းမာမာကို ပါးစပ်ကနေအမြီးထိထိုးပီး တစ်နေလောက်လှမ်းထားရတယ်....  
ညပိုင်ရောက်တော့မှ မီးကောင်းကောင်းနဲ့ကင်လိုက်ရုံပဲ...ကြည့်တာတော့လွယ်ပါတယ်.. စားကြည့်တော့ အခြားငါးအရသာတွေနဲ့မတူ အ၇ိုးလဲသိပ်မများတော့ဘဲ မာမာလေးနဲ့အရမ်းကိုစားကောင်းတာ...
ငါးဖယ်က ၆၀၀၀ ပေးရတယ်.. ပဇွန်ကတော့ တစ်ပိသာကို ၁၃၀၀၀တဲ့...

တစ်ခါတည်းနဲ့ငါးဖယ်ကင်ကိုစွဲသွားတာကြောင့် စိတ်ဝင်စားရင်လုပ်စားလို့ရအောင်တင်ပေးလိုက်တယ်။ မာမီကတော့ မာလာငါးကို ဖယ်ဖယ်ရွက်တို့... အဆာပလာတွေထည့်ပီး foil နဲ့အုပ်ပီးကင်တယ်..အဲဒါလဲ စားကောင်းတာဘဲ..း)

လူတွေကြည့်နေတဲ့ကြားရှက်ရှက်နဲ့ရိုက်တော့ လက်ကတုန်နေတော့ပုံတွေနဲနဲတော့ဝါးတယ်...
တစ်ချို့ငါးတွေကတော့ဘာငါးမှန်းမသိဘူး... အရေးထဲမှာဘာမှန်းမသိ..အချို့နေရာတွေက ဟေ့..ဒီမှာလဲ လာရိုက်ပါအုံးလှမ်းခေါ်တာတွေရှိသေးတယ်... အချို့ငါးသည်တွေကတော့ ရိုက်ရိုက် ဆိုပီး သေချာတောင် စီပေးလိုက်သေးတယ်... အတွေ့ကြုံသစ်မှာ ပျော်လဲပျော်ခဲ့ရပါတယ်.. ငါးတွေ..ငါးတွေ...




Comments

  1. ကူး အသစ်တင်တာ ကိုယ့်ဆီမှမတက်ဘူး ..

    ReplyDelete
  2. ငါးကင်စားချင်လိုက်တာဗျိုး

    ReplyDelete
  3. ကူးကူးရေ...
    ငါးဖယ်ဆို ဘယ်လိုစားရမလဲ အကုန်ကြိုက်...

    ReplyDelete
  4. ငါးဈေးပုံတွေ ကြိုက်တယ်။ ငါးဖယ်ကင် စားကြည့်ချင်လိုက်တာ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။