Skip to main content

စားမယ် ၀ါးမယ်


ရန်ကုန်ရောက်ပီး နှစ်ရက်အကြာ သူငယ်ချင်းတစ်ယောက် မဟာဌာနီ ဆိုတဲ့ ဆိုင်ကိုခေါ်သွားပါတယ်..
တစ်ခါမှမတွေ့ဖူးဘူး။ အသစ်ဖွင့်တာထင်ပါတယ်လေ... မစားတဲ့အစာတွေများတဲ့ကျွန်မအတွက်တော့ ဆေးဘဲဥသုပ်ရယ်..ကန်ဇွန်း ပလိန်းရယ်.. အသီးဖျော်ရည်တစ်ခွက်ရယ် ထမင်းရယ်...ရဲ့ နေ့လည်စာစား ဖြစ်ခဲ့တယ်။ ဈေးကြီးတာမှခေါင်ခိုက်နေတာပါ...  ပထမဦးဆုံးအချိန် မျက်လုံးပြူးသထက်ပြူးသွားပါတယ်..








နောက်ရက်တော့ ညနေပိုင်းမှာ စိမ်းလန်းစိုပြေရောက်သွားပါတယ်... ဆမခြောက်သုပ် ဆိုဘဲ.. ငါးခြောက်သုပ်ပါလေ..ပီးတော့ ရှမ်းထမင်းချဉ်တဲ့.. ကောင်းတော့မကောင်းဘူး... ဆိုးလဲမဆိုးလှပါဘူး... ဈေးက တော့ နေရာနဲ့ဆိုင်တော့ လန်ပြန်နေတော့တာပါ..ကျွေးတဲ့သူကို အားနာလို့ အကုန်ကိုထိုင်စားခဲပါတယ်။ ငါးပုပ်ခြောက်သုပ်နဲ့ ပုန်းရည်ကြီးထမင်းနယ်လဲပါပါသေးတယ်။



နာမည်ကြီးလှပါတယ်ဆိုတဲ့ YKKO ကြေးအိုး နဲ့ The Prome ကကြေးအိုး ပါ၊


ဒါကတော့ ပါးပါး သုပ်ပေးတဲ့ ကော်ပြန့်ကြော်သုပ်၊ မာမီချက်တဲ့ ငါးဆုပ်ဟင်း..တို့စရာ မုန်ညှင်းစိမ်း (ခြံထွက်) နဲ့ ကောက်ရိုးနွယ်၊ အရမ်းကြိုက်တဲ့ ဥဏ်ပွင့်ချဉ်ပါ။




မျှော်စင်ကျွန်းက အင်းလေးဆိုင်မှာစားခဲ့တဲ့ ဗူးသီးကြော်နဲ့ ငါးထမင်းနယ်



ယုဇနလက်ဖက် မျက်စောင်းထိုးနားက ကချင်ဆိုင်က အမဲစွပ်ပြုပ်၊ မုန်ညှင်းချဉ် နဲ့ ဆီချက်ခေါက်ဆွဲ



မြေနီကုန်းနားက မလေးရှားဒံပေါက်ဆိုင်က True Love ဆိုတဲ့ ကြက်ဆီထမင်းနဲ့ ဒံပေါက်ကို အသည်းပုံလေး လုပ်ထားတဲ့ စတိုင်လေးတစ်ခုပါ..



ဒါကတော့ သူငယ်ချင်းတစ်ယောက်လိုက်ကျွေးတဲ့စင်ကာပူက Taiwan အမဲသားခေါက်ဆွဲ၊ Ice Almond Milk Tea...ပါ.. ကောင်းပါတယ်


မုန့်လက်ဆောင်းနဲ့ new year အမှတ်တစ်ရဖြစ်အောင် စားခဲ့တဲ့လမ်းဘေးသည် အသုပ်စုံပါ..


ရွှေအင်းလေးက မုန်လာချဉ်သုပ်၊ ပုဇွန်ဆီပြန်၊ ငါးခေါင်းဟင်းပါ.. ထောပတ်သီးဖျော်ရည်လဲအရမ်းကောင်းတယ်။ နှစ်ခွက်လောက်သောက်လိုက်တယ်။ ဘာငါးခေါင်းလဲ မမေးမိ ဘူး.။။။  နောက်မှ အကြည်းခွံမပါမှန်းသိတော့ မစားလိုက်ရဘူး...

မိသားစု ခရစ္စမတ်ညနေ hot-pot သွားစားကြတုန်းကပေါ့... အခုအရမ်းခေတ်စားနေတာ... ဆိုင်တိုင်းမှာ လူကအပြည့်...



ပြည်လမ်းပေါ်က The Prome ရဲ့ နာမည်ကြီး ဂဏန်းချက်ပါ.. ကျွန်မတော့မစားဘူး...မောင်လေးက အရမ်းကြိုက်တော့ သူစားတာပါ..


အထက်တန်းကျောင်းတုန်းက ဆရာမတွေဆီသွားလည်တော့ ညီမလေးနဲ့ ကူးကူးကို ရှယ်သုပ်ကျွေးလိုက်တဲ့ မုန့်တီသုပ်ပါ.. ၃ ပွဲလောက်စားလိုက်တယ်။



Comments

  1. ကူးကူးရယ် စောစောစီးစီး နှိပ်စက်ပါ့ပေ့
    အဟင့်
    စားလဲမစားရဘူးးး
    ပုံတွေကြည့် သရေယိုနေရပီ။

    ReplyDelete
  2. တို့ လည်းပြန်ဖြစ်တယ် ..သိပ်တော့လျှောက်မစားခဲ့ ဘူး ခရီးတွေသွားနေလို့ ..

    ReplyDelete
  3. မကူး ပြန်ရောက်ပြီလား ပျော်ခဲ့တယ်မလား ပြန်ရောက်ရောက်ချင်းနှိပ်စက်ပြန်ပြီပေါ့ မစားရတဲ့ဓာတ်ပုံများကို ကြည့်ကာငမ်းသွားသည် ရှလွတ်....

    ထော

    ReplyDelete
  4. ကူးကူးရေ...
    ပုံတွေကြည့်ပြီး တံတွေးမျိုချလိုက်ရတယ်...

    ReplyDelete
  5. အမလေးလေး... ရက်စက်လိုက်တာလို.ပဲပြောချင်ပါတော့တယ်..... စားချင်စရာတွေကြီးပါလား.... ကူး ရယ်....း)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။