Pages

Wednesday, August 29, 2012

ကျွန်မ နှင့် Hamster ပေါက်ကလေးများ

ကျွန်မ ဆေးရုံတက်နေတာရယ်.  ဆေးရုံဆင်းပီးနောက်ပိုင်း ကွန်ပြူတာကြည့်လို့ မရတာရယ်ကြောင့်ပေါက်ကရမတင်ဖြစ်တာကြာပီ။ တစ်နေ့တစ်နေ့အိမ်မှာ hamster လေးတွေကိုဘဲအဖော်လုပ်ပီးနေရတာနဲ့ သူတို့တွေအကြောင်းကို တော် တော်ကိုနားလည်နေပီ။  စစခြင်းတော့ အကောင်လေး နှစ်ကောင်ဘဲ ၀ယ်ထားတာပါ။  ပထမ ၈ ကောင်မွေးတယ်.. ကိုယ်ကလဲမလုပ်တတ်မကိုင်တတ်နဲ့ မဖတ်မတင်ဘူး။  နောက်တော့ ၆ ကောင်ထပ်မွေးတယ်... အဖတ်မတင်ဘူး။ နောက်ဆုံး ၄ ကောင်မွေးတော့ အဖေကိုခွဲထားလိုက်တယ်.. အမေကိုလဲ အစာအပြည့်ထည့်ထားပီး ချောင်ထဲ မှာထား လိုက်တယ် သွားလဲမကြည့်တော့ ဘူး။ သူက လူများကြည့်ရင်ဂနာမငြိမ်ဖြစ်ပီး သူ့ကလေး သူပြန်ကိုက်သတ်တတ်တာကို အရင်ကမသိခဲ့လို့ ကလေးတွေဆုံးရှုံးခဲ့ရလို့ အခုတော့ သိသွားပီ။  အထီးအနားမှာရှိရင် လဲ သူ့ဘာသူစိတ်လှုပ်ရှားပီး ကလေးတွေကို နို့ကောင်းကောင်း မတိုက်တဲ့အခါ ကလေးတွေက နို့မ၀ဘဲ ပိန်ခြောက်ပီးသေသွားပြန်တယ်... 
သူ့အိမ်လဲ သန့်ရှင်းရေးလုပ်လို့မရဘူး..အနံ့ပြောင်းတာနဲ့ သူ့ကလေးတွေအကုန် ကိုက်သတ်ပြန်တယ်...  ကလေးရှိတဲ့အတောတွင်းတော့ အနံ့အသက်တော်တော်ဆိုးတာ သီးခံရတယ်... ခဏခဏလဲသူ့ကိုသွားကြည့်လို့မရဘူး။  အစားနဲ့ရေကိုတော့ များများထည့်ထားပေးရတယ်.. အစားမ၀လဲ ကလေးကို ကိုက်စားတယ်။   သူ့စိတ်ထဲမှာ လှုပ်ရှားပီ ဆိုရင် ကလေးတွေကို တစ်နေရာပီးတစ်နေရာ ရွှေ့တော့တာ ဘဲ...  သူ့ကလေးတွေကို သူများသတ်မယ်လို့စိတ်ထင်ပီး သူများမသတ်ခင်သူကိုယ်တိုင်အရင်သတ်တဲ့ မိခင်မေတ္တာမျိုးကလဲ တစ်မျိုး...ဘဲ... 
ဒါပေမယ့် ၃ ပတ်လောက် မျက်လုံးလေးပွင့် အမွှေးလေးတွေပေါက်လာရင် အကောင်လေး တွေ စမ်းတစ်ဝါးဝါးလမ်းလျှောက်နေရင်တော့ ကိုင်လို့ ရပီ။  အိမ်လဲ သန့်ရှင်းရေးလုပ်ပေးလို့ရပါပီ။  သိပ်ချစ်ဖို့ကောင်းတယ်။

Hamster အဖေ kooky နဲ့ အမေ luvfy... လည်ပတ်အဖြူလေးနဲ့ က အမေ
ဗိုက်ကြီးသည်လေး Luvfy လပ်(f)ဖီ အိပ်ပျော်နေပုံ
မွေးပီးတစ်ရက် ပေါက်စနလေးများ
ဒုတိယရက် hamster ကလေးများ
ကလေးတို့ အဖေ kooky ကွတ်ကီ.... သိပ်သဘောကောင်းတယ်.. ၀၀ လုံးလုံးနဲ့... ဘယ်သူကိုင်ကိုင် မကိုက်ဘူး... 
၂ ပတ်အကြာ ကလေးများ

16 ရက်သားကလေးများ အမွေး









စပ်စုကောင်လေးတွေပဲသီးစားဖို့လာချောင်းနေတာ..

အိပ်ရင်သိပ်ချစ်ဖို့ကောင်းတာ... အသည်းယားတယ် တစ်ခါတစ်လေ လက်ကိုဆွဲနှိုးပစ်ချင်တာ...

13 Comments:

Anonymous said...

သေချာစောင့်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ကြည့်သွားတယ်...
ချစ်စရာ အသည်းယားစရာလေးတွေ။
နေကောင်းတယ်ဟုတ်....?

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

Iora said...

ကူးရေ..
ကောင်းကောင်းနေကောင်းသွားပြီလား။
နေမကောင်းဖြစ်တတ်တာသိထားရက်နဲ့ နေမကောင်းဖြစ်နေမယ်လို့ မတွေးမိဘူး။ အလုပ်သိပ်များနေတယ်ဘဲထင်နေတာ။
ကောင်ကောင်လေးတွေလည်းစောင့်ရှောက်..
ကိုယ့်ကိုကိုယ်လည်းစောင့်ရှောက်နော်။
ကောင်ကောင်လေးတွေကသိပ်ချစ်စရာကောင်းတယ်နော်။
ဒါပေမဲ့အလုပ်တော့ပိုမယ်။ အဖေါ်ရတော့အပျင်းပြေတာပေါ့နော်။
ကျန်းမာပါစေလို့ ......

စန္ဒကူး said...

ဏီလင်းညိုရေ ..ကူးက အဲလောက်ဇွဲမကောင်းဘူးရယ်... သူတို့တွေက အဲလို ပိုးလိုးပက်လက်လေးတွေအမြဲနေတော့ ကူးက ရိုက်ချင်တဲ့အချိန် ထရိုက်လိုက်တာဘဲ..... နေပြန်ကောင်းလာပါပြီ...

Iora..ရေ.. ကျေးဇူးဘဲနော်.. ကူးအခုသက်သာလာပါပြီ... အလုပ်ပိုပေမယ့်လည်းသူတို့တွေနဲ့ဘဲအဖော်လုပ်နေရတော့ ပျော်တယ်....
အမှတ်တရ သတိရပေးလို့ကျေးဇူးများကြီးတင်တယ်..

လရိပ်အိမ် said...

မွေးကင်းစအသည်းယားစရာလေး။
တူနေတယ်။ ဒီမှာလဲ ဆေးရုံတက်ရတယ်။ ကွန်ပြူတာမကြည့်နိုင်ဘူး.။
နေကောင်းသက်သာပြီလား။

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ အသဲယားစရာလေးမမ....:)))
မမ အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေလို့...

Candy said...

မမ တော်တော်စိတ်ရှည်တာပဲ... သူများတွေ ရိုးရိုး Hamster မွေးရင်တောင် သေသွားတတ်တာ.. ကလေးတွေတောင် မသေအောင် မွေးတတ်တယ်ဆိုတော့ မမတော်တော်စိတ်ရှည်တာပဲ :D

puupuu said...

မမကူး ပြောပြလို့ ဟန်းစားမွေးထားတဲ့ ပူးပူးလဲ သေချာသိရတော့တယ်.
ပူးပူးမွေးထားတဲ့ကောင်လေးတွေက ၁ကောင်ခြင်းစီဖြစ်နေလို့.. အစက
အစုံလိုက်မွေးမလို့ပဲ အဲလိုမျိုးကလေးတွေမွေးလာရင်မလုပ်တတ်မကိုင်တတ်နဲ့
သေသွားမှာစိုးရိမ်လို့လေ.မမကအရမ်းစိတ်ရှည်တယ်နော်.. ကောင်းတယ်..
သူတို့ကလေးမွေးရင် သွားမကြည့်ရဘူးဆိုတာ ကိုက်စားပစ်တာ ဘာကြောင့်လဲဆိုတာ ခုမှပဲ သေချာသိရတော့တယ်... ကျေးဇူးပါ မမကူးရေ။ နောက်လဲ ကလေးတွေကြီးလာတဲ့ပုံလေးတွေတင်ပါအုံးနော်... :)

san htun said...

အသည်းယားစရာလေးတွေ...ကျန်းမာရေး ဂရုစိုက်ပါနော် မကူး..နောက်ထပ် အကောင်လေတွေပုံ တင်ပါအုံး

စန္ဒကူး said...

လရိပ်အိမ်... ဘာဖြစ်တာတုန်း..နေမကောင်းဝူးလား....း((
Angelhlaing.. ကျေးဇူးပါနော်ညီမလေး...
Candy.. ဒီတစ်ခါကံကောင်းသွားတာညီမရဲ့..အရင်ကနှစ်ဖွဲ့သေပီးသွားပီ..
ပူးပူး ရေ... အခုတော့ နှစ်စုံထပ်မွေးထားတယ်.. အထီးထီးချင်း..အမအမ ခြင်းဆိုလဲ တစ်ခါတစ်လေ ကိုက်ပြန်ရော... ပူးအကောင်လေးတွေလဲချစ်စရာလေးတွေ အမလာကြည့်သေးတယ် လေ. ဘလော့မှာ...
ဆန်းထွန်း.. ရေ.. ကျေးဇူးပါ... နောက်ထပ်တင်စရာတော့ ကြက်တူရွေးဘဲကျန်တော့တယ်..း))

Anonymous said...

ချစ်စရာလေးတွေ.......မွေးချင်လိုက်တာ

Su said...

ချစ်စရာလေးတွေ မရေ

Anonymous said...

Great blog here! Also your website loads up fast! What host are you using?
Can I get your affiliate link to your host? I wish my site loaded up as
quickly as yours lol

Look at my web blog - http://socialenginezzz.com/

Anonymous said...

I used to be suggested this web site via my cousin.
I am not certain whether this publish is written through him as nobody else recognise such
distinctive about my difficulty. You are
amazing! Thanks!

Review my homepage ... ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger