Pages

Sunday, June 19, 2011

ပဒဲကော ဒန့်သလွန်ဟင်းခါး

ခြံထဲမှာတူးဆွရင်းနဲ့ အမြစ်ဥလေးတွေ့တယ်။ ဥလေးတွေက စိုနေသေးတယ်..ပြီးတော့ဂျင်းနဲ့လဲခပ်ဆင်ဆင်မို့ ဂျင်းထင်ပြီးမြေထဲပြန်မြုပ်ထားတယ်... လွန်ခဲ့တဲ့ ၁ လလောက်ကပေါ့။ အခုတစ်လောမုန်တိုင်းခဏခဏ ၀င်တာကြောင့်မိုးတွေက တော်တော်သည်းတယ်။  အဲဒီညလေးတွေကအညှောင့်ပေါက်အပင်လေးတောင်  ကြီးလာပါရော။  ဈေးမရောက်ဖြစ်တာကြာတော့အိမ်မှာ ဂျင်းမရှိတော့တာနဲ့ အပင်တစ်ပင် ဆွဲနှုတ်လာခဲ့တယ် ဂျင်းထင်ပြီး ပဲချက်မလို့လုပ်တုံးအနံ့ကတစ်မျိုးလေးဖြစ်နေတာမို့..  အွန်လိုင်းမှာရှာရင်းနဲ့ ပဒဲကောပင်မှန်း သိ ရတယ်။ ဂျင်းမဖြစ်လဲဝမ်းသာတယ်။  ပဒဲကောဆိုတာ ဒီမှာဝယ်လို့ရတာမဟုတ်၊ပဒဲကောပင်စည်နုနုလေး   
တွေ ငပိချက်လေးနဲ့တို့စားအရမ်းကောင်းတယ်။
အိမ်မှာဆိုရင်မာမီက ပဒဲကောပင်လေးတွေစိုက်ထားတယ်။ မောင်လေးက သိပ်ကြိုက်၊  ထမင်းစားရင် တို့ တို့ စားတတ်တယ်။  ကျွန်မလဲစားတယ်.. တစ်ခါတစ်လေပေါ့၊ မောင်လေးလိုတော့ ထမင်းစားတိုင်း ပဒဲကော မရှာ တတ်ဘူး။ 
ခြံထဲမှာလဲအပင်လေးတွေအများကြီးဆက်ထွက်လာတာမို့..  သေချာမြေဆွပြီးထားခဲ့တယ်။  တူးလာတဲံ  ပဒဲကောဥကိုတော့ ရခိုင်မုန့်တီချက်စားမယ်လို့ ညီမလေးဝမ်းကွဲကို ဖုန်းဆက်လှမ်းတိုင်ပင်ပြီးတော့ ဟင်းရည် ချက်တာဟုတ်ပါပြီး၊ မုန့်ဖတ်မှမရှိတာ... ဟုတ်လဲဟုတ်တယ်.. ဒီမှာ ထိုင်းကလာတဲ့ ဆန်ခေါက်ဆွဲ အပြားနဲနဲ သေးတဲ့ဟာကိုမုန့်ဖတ်လုပ်စားရတာ။  အခုအဲဒီအပြားသေးသေးတွေမ၀င်တော့ဘူး၊ ကွေးသယို လို ဆန်ပြားကြီးတွေဘဲရှိတော့မယ်။  ဒါနဲ့ဘဲ.. ဟင်းခါးချက်ဖြစ်တယ်။ 
ဒန့်သလွန်ပင်အကိုင်းဖြတ်ပြီး စိုက်ထားတာ..အရွက်စားဖို့ နီးနီးနားနားကိုယ့်အိမ်ဘေးမှာသွားခူးမယ်ပေါ့..
အရွက်ကမတက်လာဘူး..တက်လာတဲ့နဲနဲကနေ အပွင့်တွေပွင့် အသီးတွေအရင်စသီးပါလေရော.. ဒါနဲ့ ကိုယ် စိုက်ထားတဲ့အပင်လေးက ဒန့်သလွန်သီးလေးတွေခူးလာပြီး ခြံထဲက မုန်လာပင်ပေါက်လေးတွေပါရောပြီး၊ ဟင်းခါးချက်သောက်တယ်။
  1. ပဒဲကော ပင်စည် (သို့) အမြစ်ဥ
  2. ကြက်သွန်ဖြူ နိုင်နိုင်
  3. ငရုတ်သီးစိမ်း (၃) တောင့်
  4. knorr ကြက်သားခဲ လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့်
  6. ဒန့်သလွန်သီး + မုန်လာပင်ပေါက် (သို့မဟုတ်ကြိုက်နှစ်သက်ရာ ဟင်းသီးတစ်မျိုးမျိုး)
  7. ဆားအနည်းငယ် 
  8. စိမ်းစားငပိ အနံ့လေးရတယ်ဆိုရုံလောက်သာ.... 
ရေနွေးပွက်ပွက်ဆူရင် ကြက်သွန်ဖြူနိုင်နိုင်+ ငရုတ်သီးစိမ်း+ ပဒဲကောင်ပင်စည်ကိုဖြတ်၊ ဒါမှမဟုတ် အမြစ်ကို အခွံနွှာပြီးညက်အောင်ထောင်းပါ။
ရေနွေးဆူဆူထဲထည့်ပြီး knorr ကြက်သားခဲလေးထည့်ပါ။ 
ဒန့်သလွန်သီးကိုအရင်ထည့် ပွက်ပွက်ဆူအောင်ဆက်တည်ပါ၊ နူးလောက်မှ..စိမ်းစားငပိအနည်းငယ်၊ ဆားနဲ့.. မုန်လာပင်ပေါက်ကိုအုပ်ပြီး.. ငရုတ်ကောင်းမှုန့်ခတ်ပါ။
အခုတစ်လောအစားသောက်ပျက်နေသူများအတွက်ရော.. ရှုးရှဲသောက်ချင်သူများအတွက်ပါ.. ထမင်းမြိန်စေ မယ့် ဟင်းခါးတစ်ခွက်ပါ။ 

4 Comments:

SHWE ZIN U said...

ကူးကူး ရေ

စားချင်စရာလေး

Anonymous said...

ဟယ်..ကူးကူးရယ်..လက်ဆိပ်ရှိလိုက်တာ။ အဲဒီလို ခူးရတာတို့ ၊ မြင်ရတာတို့ ဆို ဒို့ ကသိပ်ပျော်တာ။ ကြည့်လို့ ကိုမ၀နိုင်ဘူး။ အားကျတယ်။ စားချင်တယ်။ သဘောကျတယ်။
အိုင်အိုရာ

T T Sweet said...

ပဒဲကောလဲမရှိ။ ဒန့်သလွန်သီးလဲ မရှိတဲ့ အရပ်မှာမှ ... အဟင့် ...း(

Anonymous said...

naturally like your web-site but you have to test the spelling on several of your posts.
Several of them are rife with spelling problems and I to find it very bothersome to
tell the reality nevertheless I'll surely come back again.

Review my webpage: ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger