Pages

Thursday, November 18, 2010

ကန်ဇွန်းအကြွပ်ကြော်


မင်္ဂလာနံနက်ခင်းပါ။  မြန်မြန်လွယ်လွယ် ရုံးချိန်လုသွားဖို့ ထမင်းစားမှ အာသာပြေသူများ အတွက် ကန်ဇွန်းရွက် အကြွပ်ကြော်လေးပါ။ အရင်ဆုံး ကြက်ဥတစ်လုံး နဲ့ ဂျုံမှုန့်အနည်းငယ်ကို သမ အောင်ခေါက်ထားပါ၊  ဆား၊ ငရုတ်ကောင်း နဲနဲထည့်ပါ။
ပြီးရင်တော့ ကန်ဇွန်းကို အရိုးရော အရွက်ပါတောက်တောက်စင်းပီး ထည့်မွှေ၊ ထမင်းစား ဇွန်းတစ်ခပ်စာ ဆီထည့်ပြီး ကြော်ရုံပါဘဲ။  ကြော်ပြီးရင်တော့ ဆီစုပ်တဲ့ ပ၀ါပေးတင်ထားပါ၊ ထမင်းပူပူလေးနဲ့ ရောစား။ ကြွပ်ရွရွလေးနဲ့ အင်မတန်အရသာရှိပါတယ်။ နေ့တိုင်းတော့ ဆီကြော်တွေမစားနဲ့ပေါ့နော်။
ကန်ဇွန်းအစား ကိုယ်ကြိုက်တဲ့အရွက်ထည့်ကြော်လို့ရပါတယ်။

6 Comments:

မြူးမြူး said...

အိ.. ခုပဲဆီကြော်တွေမစားသင့်ဘူးလို့ ဘလော့ပေါ်မှာကြွေးကြော်နေတာ.. စားချင်စရာအကြော်လေနဲ့ လာတွေ့နေတယ်.. တခုပဲမြည်းသွားတယ်နော်..း)

JUSTICE999BURMA said...

အမ....... ရေသန့် ဗူး အကြည်တော့ ဆီထဲ ပစ်မထည့်လိုက်ပါဘူးနော်...... :D

စိတ်ချ လက်ချ မြည်းသွားတယ်... အဟီး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကန်စွန်းရွက်ကြိုက်တော့ ဘယ်လိုလုပ်စားစားကြိုက်တယ်
ဒီနည်းလည်း ကြိုက်တယ်.. လုပ်စားကြည့်မယ်..

baby taster said...

ကန်စွန်းရွက် အကြွပ်ကြော်လေး
လာစားပါတယ် ။စားချင်စရာလေး

T T Sweet said...

ပုဇွန်စာရွက်ကြော်လိုမျိုးနဲ့တူတယ်နော်။ ကန်ဇွန်းရွက်တော့ မကြော်ဖူးသေးဘူး ကူးကူးရေ။ ဟင်းနုနွယ်တော့ ကြော်စားဖူးတယ်။ ကြွပ်ရွနေတာပဲ။ ကောင်းမှကောင်း။

ငွေစန္ဒာ said...

စားချင်စရာလေး ကူးကူးရေ။အမြဲရောက်ပါတယ်။
လင့်လေးယူထားတယ်နော်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger