Pages

Thursday, November 11, 2010

ရေညှိပင်ရှည်ဟင်းချို


ရေညှိ.. seaweeds ကြိုက်ကြလားဟင်။  ကျွန်မကတော့ အရမ်းကြိုက်တယ်။  ဒီတိုင်းလဲ သရေစာ အဖြစ်စားတယ်၊ ကျောက်ကျောသုပ်၊ ကျောက်ပွင့်သုပ်.. ပင်လယ်ထဲက စားလို့ရတဲ့အပင်အကုန်ကြိုက်တယ်။
ရေညှိလို့ခေါ်လား ရေမှော်ပင်ခေါ်မလားမသိ။  အဆင်ပြေသလိုခေါ်ကြရအောင်။
ကိုးရီးယားကားတွေထဲမှာ မွေးနေ့မှာ အထူးဟင်းချိုအဖြစ်သောက်တဲ့ ရေညှိပင်ရှည်ရှည်လေးတွေ ကို ဒီတစ်ခေါက် စမ်းပြီးဟင်းချိုချက်ဖြစ်တာလေး နဲ့ အရသာလေးက အရမ်းမညှီဘဲ သောက်လို့ ကောင်းတဲ့ နည်းလေးတစ်မျိုးပြောပြမယ်နော်။
ရေညှိထုပ်ကို ကိုရီးယားဆိုင်တွေမှာဝယ်လို့ရပါတယ်၊ အဲဒီအထဲက ကိုယ်လိုသလောက် ဆွဲထုတ် ပီးရေစိမ်ထားပါ။  ရေညှိတွေကခြောက်နေတော့ ရေစိမ်တာခဏအတွင်းဘဲ ပွလာပီး အရောင် လေးတွေက အစိမ်းရင့်ရင့်လေးတွေအဖြစ်ပြောင်းလာပါတယ်။  ဒါကြောင့် ရေညှိစိမ်းရောင်ဆို တာ  လူအတော်များများကြိုက်ကြတာဖြစ်မယ်။ 
ကဲဟင်းချိုချက်ဖို့လိုအပ်တာတွေကတော့

  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ငရုတ်သီးခြောက် ကိုညက်ညက်ထောင်း
  • ခရမ်းချဉ်သီး အလုံးလတ် တစ်ခြမ်း (နုတ်နုတ်စင်း)
  • အမဲသား (သို့) ကြက်သား အတုံးသေးသေး အနည်းငယ်
  • Knorr တုံယမ်းအခဲ ၄ပုံ ၁ပုံ
  • ငါးငံပြာရည်အနည်းငယ်
  • ကြက်သွန်မိတ်
  • ငရုတ်သီးတောင့် (၁) တောင့် 
ရေနွေးပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြက်သွန်ဖြူနီ၊ ဂျင်းနဲ့ ငရုတ်သီးပွအနီ ညက်ညက် ထောင်းထားတာကိုထည့်ပါမယ်။
လွှာပြီးသေးသေးတုံးထားတဲ့ အမဲသား (သို့) ကြက်သားတုံးလေးတွေထည့်မယ်
ခရမ်းချဉ်သီး နုတ်နုတ်စင်းကိုထည့်၊ ဆားထည့်
တုံယမ်းအခဲ လေးကိုထည့်ပါ၊  ငံပြာရည်နဲနဲထည့်ပြီး ရေစိမ်ထားတဲ့ ရေညှိဖတ်စိမ်းစိမ်း လေးတွေထည့်ပါ။  ပြီးရင်တော့ ကြက်သွန်မိတ်လေးပါထည့်ပါ...
ငရုတ်သီးစိမ်း တစ်တောင့် ခြမ်းပီးထည့်လိုက်ပါအုံး...   ရှယ်ရေညှိဟင်းချိုလေးတစ်ခွက် ရပါပြီ။

7 Comments:

Sunny said...

ရေညှိဟင်းချိုတော့ မစားဖူးသေးဘူး.. ရယ်ဒီမိတ်ရေညှိသုပ်တွေပဲ စားဖူးတယ်..

ကြည်ကြည် said...

ညီမလေးရေ
ဂျပန်လိုတော့ wakame လို့ ခေါ်တယ်. ကြက်သွန်နီစီမ်းပါးပါးလှီးပြီး နောက် lettuce တို့ ဘာတို့ သခွားသီးပါးပါးလှီး ပြီးတော့ ကြိုက်ရာ dressing နဲ့ စားလည်းကောင်းတယ်။ဂျပန်လူမျိုးတွေက ရေညှိရေမှော်တွေက ဆံပင်ကောင်းတယ်လို့ ပြောတယ်။သူတို့တွေ လည်းဝမ်းထဲမှာနေကတည်းက မိခင်ကစားလို့ လားတော့မသိဘူး ဂျပန်မလေးတွေ အတော် ဆံပင်ကောင်းတာလား။ ပင်လယ်စာစားရင် ဆံပင်ကောင်းလားမသိဘူးနော် ....ရခိုင်တွေ လည်း ဆံပင်ကောင်းကြတာပဲကြည့်ပါလားနော်

စန္ဒကူး said...

ဟုတ်ကဲ့မမကြည်ကြည်.. အတော်ဘဲ.. မနေ့က တောင် အိမ်ဘေးက အန်တီကြီးက ရေညှိsalad လုပ်တတ်လားမေးနေတာ.. ကူးလဲမသိလို့.. အခုမမပြောတဲ့နည်းနဲ့ သုပ်ကြည့်အုံးမယ်..ကျေးဇူးပါမမ

ချော(အစိမ်းရောင်လွင်ပြင်) said...

ရေညှိတော့ ကြိုက်တယ်
ဘယ်လိုစားစား ကောင်းတယ်

ဆံပင်ကောင်းတယ်ဆိုလို့ ပိုကြိုက်တယ်
ဟီး ဆံပင်တွေ အရမ်းကျွတ်နေလို့မို့ ကတုံးဖြစ်ခါနီးနေပြီ
ရေညှိများများ စားမှ ...

ရွှေရတုမှတ်တမ်း said...

ရေညှိစားပြီး တလွဲဆံပင်ကောင်းနေရင်...ဒုက္ခ..
ဘော်ဘော် ဂျပန်တွေ ကြည့်လိုက်ရင် ထိပ်ပြောင်တွေချည့်ပဲ....
ဒါ ဆို..................အမလေး.....

စန္ဒကူး said...

ဟားဟား.... ကိုကြီးကျောက်နော်..
ပေါက်ကရလာမပြောနဲ့... ဟားဟားဟားး

ချစ်ကြည်အေး said...

ရေညှိခြောက် အချပ်လိုက်လေးတွေ စားရတာ သိတ်ကြိုက်တယ် ကူးရေ၊ အဲလို ဟင်းချိုတော့ ချက်မစားဖူးသေးဘူး ညီမရေ....။ ကိုကြီးကျောက် ကော်မန့်ဖတ်ပြီး ရယ်လိုက်ရတာ ဟားဟား...:P

Post a Comment

ကူးကူးရေ...

 
Powered by Blogger