Skip to main content

Kooky & Luvfy

 
 
အရင်အပတ်က ပူးပူးဆီသွားလည်ရင်းနဲ့ သူ့အကောင်လေးတွေတွေ့တော့ ကိုယ့်အကောင်လေးတွေလဲ အမှတ်တရတင်ထားဖို့စိတ်ကူးရတယ်...
kingfisher လေး သေသွားပီးကတည်းက စိတ်မကောင်းဖြစ်နေတာနဲ့ အရမ်းကို အထီးကျန်တဲ့အိမ်လေးမှာ ချစ်သူက ယုန်လေးဝယ်ပေးမယ်တဲ့... ဒါနဲ့ ယုန်က ထိမ်းသိမ်း ရခက်တာနဲ့ hamster လေးဘဲဝယ်ဖို့ဆုံးဖြတ်လိုက်တယ်..
တစ်ကယ်ပါ..မျောက်အသေးစားနှစ်ကောင်ရသလိုဘဲ.. အိပ်နေတဲ့အချိန် ပိုးလိုးပက်လက် အသေကောင်လိုအိပ်မောကျနေတာကလွဲရင်ကျန်တဲ့အချိန် ဆော့တာ မျက်စိမူးနောက်နေအောင်ကြည့်ရတယ်... 
နာမည်က kooky နဲ့ luvfy...  kooky ကနဲနဲဝတယ်..  တစ်ခါမှမကိုက်ဘူး..
luvfy ကတော့ ကိုက်တယ်.. သူ့ကြောင့် လက်ခဏခဏပေါက်ပီးသွေးထွက်တယ်..
အရမ်းလဲဆော့တယ်...
အရင်နှစ်ပတ်လောက်တော့ bath sand ၀ယ်ထားပေးတော့ နှစ်ကောင်လုံး သဲမှာ လူး ရေချိုးပီး အမွှေးလေးတွေမွှာားးးး နေအောင်လှလာတယ်...
အဲဒီသဲကလဲ ရှာဝယ်ရခက်သေးတယ်..





Comments

  1. this post makes me miss my passed away hamster " lone lone"
    http://www.youtube.com/watch?v=Kugj8pJWplY&feature=channel&list=UL

    ReplyDelete
  2. ဟင်..ကင်းဖစ်ရှာလေးသေသွားပြီလား။ စိတ်မကောင်းလိုက်တာ။ ကူးဆိုတော်တော်စိတ်မကောင်းဖြစ်မှာပေါ့။
    ဒီကောင်လေးတွေနဲ့ တော့ပျင်းချိန်ရမှာကိုမဟုတ်ဘူးနော်။ ချစ်စရာလေးတွေ။
    အိုင်အိုရာ

    ReplyDelete
  3. အကောင်လေးတွေအသည်းယာစရာဟီး

    ReplyDelete
  4. အဲလိုအကောင်းမျိုးလေးတွေကို အသဲယားတယ်။

    ReplyDelete
  5. ညီမလည်း Hamster လေး လိုချင်တယ်..
    ခက်တာက မကိုင်ရဲဘူး :(

    ReplyDelete
  6. အရင်တီတင့်သားတွေ အိမ်မှာမွေးဘူးတယ် စန္ဒကူးရေ။ အကောင်ပေါက်တာ
    အရမ်းမြန်တယ် သုံးကောင်ကနေ ၁၂ကောင်ဖြစ်လာချိန် သားကလည်း မြန်မာပြည်မှာ မရှိတော့တာနဲ့ တူလေးနဲ့ တူမလေးတို့ကို ပေးလိုက်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. Candy ညီမလေးရေ... ကိုက်တယ်.. သူတို့သွားတွေအရမ်းထက်တယ်..
    မမကူးလက်ဆို ခဏခဏပေါက်ပီးသွေးထွက်တယ်... တစ်ခါတစ်လေတော့မကိုက်ဘူး...

    တီတင့်... ကူးအကောင်တွေက အထီးအမမသိဘူး...ဟီဟီး...
    ကလေးတွေပေါက်လာရင်သေပီဆရာဘဲ...

    ReplyDelete
  8. Candy ညီမလေးရေ... ကိုက်တယ်.. သူတို့သွားတွေအရမ်းထက်တယ်..
    မမကူးလက်ဆို ခဏခဏပေါက်ပီးသွေးထွက်တယ်... တစ်ခါတစ်လေတော့မကိုက်ဘူး...

    တီတင့်... ကူးအကောင်တွေက အထီးအမမသိဘူး...ဟီဟီး...
    ကလေးတွေပေါက်လာရင်သေပီဆရာဘဲ...

    ReplyDelete
  9. ဘရဏီလည်း မွေးဘူးတယ် ။တီတင့် ပြောသလိုဘဲ အကောင်ပွားတာ အရမ်းမြန်တယ်။

    ReplyDelete
  10. အိ အရှိန်ရသွားပြီပေါ့ သတ္တ၀ါမွေးတာ ကောင်းပါတယ်အထီးမကျန်ဘူးပေါ့ ဒါပေမယ့် ကူးရယ်တစ်ကယ်ခင်တွယ်လာတဲ့အချိန်ကျမှ ဒင်းတို့သေသွားတာမျိုးဆိုယင်တအားစိတ်ဆင်းရဲရတယ် အဲဒါကြောင့်ဥဥဆိုဘာကောင်မှမမွေးတော့ဘူးအရမ်းလိမ္မာတဲ့ဥဥရဲ့ကြက်တူရွေးလေးသေသွားပြီးတည်းကပေါ့ သံယောဇဉ်မထားတာကောင်းပါတယ်

    ခင်တဲ့
    ဥဥ

    ReplyDelete
  11. ၆လ ကျော်ရင် အကောင်ပေါက်နှုန်း နည်းသွားတယ်..သူတို့  သက်တမ်းက ၂နှစ်လောက်ဆိုတော့ သေသွားရင် ခံစားရပြန်တယ်..သူတို့  ပြုမူပုံလေးတွေ ကြည့်ရတာ အရမ်းချစ်ဖို့ ကောင်းတယ်...

    ReplyDelete
  12. ဟုတ်တယ်.. သံယောဇဉ်ဆိုတာမျိုးက ခက်တယ်..
    တွယ်လာမှန်းသိရင်ခပ်ဝေးဝေးနေနိုင်မှတော်ရုံကျတယ်..း(

    ReplyDelete
  13. တော်တော်ချစ်ဖို့ကောင်းတယ်နော်............
    လူလည်းယဉ်တယ်.......

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...