Pages

Saturday, September 19, 2009

မှို မုန့်

အရိုးသားဆုံးဝန်ခံရရင်တော့လုပ်တုန်းကတော့ ဘိန်းမုန့်ပါ။ ဘိန်းမုန့်ဆိုတာလဲ ရန်ကုန်မှာတုန်းက တစ်ခါမှ ၀ယ်စားတာမဟုတ်ဘူး။ လမ်းဘေးမုန့်ဆိုင်တန်းတွေနားဖြတ်မလျှောက်ချင်တာ အစားသောက်တွေညစ်ပတ် လို့မဟုတ်ပါဘူး။ အဲဒီအကြော်၊ အညှော်အနံ့တွေရရင်ခေါင်းက တစ်အားကိုက်ပီး နာလာလို့ ဝေးဝေးရှောင် တာပါ။ စားချင်ရင်တော့ သူငယ်ချင်း အထွေးကိုခေါ်ပီး ၀ယ်ပေးပါလို့တောင်းဆိုရပါတယ်။
ဒီရက်ပိုင်မှာဘိန်းမုန့်အရမ်းစားချင်နေတာကြောင့် ပါလာတဲ့ဟင်းချက်စာအုပ်လေးဖွင့်လိုက်ရှာပီး ဆန်ကြမ်း နဲနဲသွားဝယ်ပီး အမှုန့်လုပ် ထားပါတယ်။ ထညက်လေး ၄ခဲလောက်ကျန်နေသေးတာမို့ ရေနွေးနဲ့ ကြွက်မှီးတန်း အောင်ကြိုထားပါတယ်။

ဆန်ကြမ်းမှုန့်
ထမင်းကြမ်းအနည်းငယ်
ဆားဆော်ဒါ
ထညက်
နှမ်းအနဲငယ်
မြေပဲအစိမ်း
အုန်းသီးဆံ
ထောပတ်ဆီအနည်းငယ်

ဘိန်းမုန့်လုပ်ဖို့ပြင်ဆင်ထားတာတွေအဆင်သင့်ဖြစ်နေပါပီ။
ဆန်မှုန့်ကိုအရေဖျော်၊ ထမင်းကြမ်းလက်တစ်ဆုပ်စာလောက်နဲ့ ရောညက်အောင်မွှေပီးမုန့်နှစ်ဖတ်ရအောင်
အ၀တ်ပါးမှာစစ်ထားပါတယ်။
ထညက်ကြိုထားတာလဲ အဆင်သင့်ဖြစ်ပါပီ။ နောက်နေ့မှာတော့
မုန့်နှစ်ရည်ထဲကို၊ ဆားနဲနဲ၊ ဆော်ဒါနဲနဲနဲ့ ထညက်ကြိုထားတဲ့အရည်လောင်းထည့်ပီး မွှေပီး မကပ်တဲ့ဒယ်အိုး နက်နက်လေးကိုအပူပေး၊ ထောပတ်အနဲငယ်အိုးမှာသုတ်လိုက်ပီးတော့ ဖျော်ထားတဲ့မုန့်နှစ်ရည်ကို လောင်းထည့်၊
မြေပဲအစိမ်းလေးတွေကိုပါးပါးလှီးထည့်၊ နှမ်းလေးဖြူးထည့်ပီး အဖုံးအုပ်ထားပါတယ်။
မုန့်ကျက်တော့ (အောက်တွင်ရှု) ဘိန်းမုန့်မဖြစ်လာပါဘူး။ အပေါ်ယံအဖြူဆန်မှုန့်လေးတွေတင်းနေပီး အလယ်မှာထညက်ရည်တွေစုနေပါတယ်... အနားစလေးတွေနဲနဲကွဲသွားတော့ အိုးထဲကထုတ်တဲ့အချိန်မှာ မှိုပွင့် လေးလိုဖြစ်နေပီး.. တော်တော်လှတယ်လို့ ကိုယ့်ဘာသာကိုယ်ချီးကြူးလိုက်ပါတယ်လေ။
ဘိန်းမုန့်ကိုလဲမေ့သွားပီ။ မုန့်လေးကို အိမ်လာလည်တဲ့ အမကြီးတစ်ယောက်က မှိုနဲ့တူတယ်တဲ့။
နောက်နောက်ထပ်လုပ်လဲ အဲလိုမုန့်လေးတွေဘဲရပါတယ်။ နဲနဲအအေးခံပီးစားကြည့်တော့ ကြွပ်ကြွပ်လေး နဲ့ အရသာလဲကောင်းပါတယ်။ ချောင်းဆိုးနေလို့ အုန်းသီးဖတ်လေးတွေမထည့်ဖြစ်ဘူး။
မှိုမှုန့်လို့ ကျွန်မနာမည်ပေးထားတဲ့ မုန့်ကြွပ်လေးကို စိတ်ဝင်စားရင်လုပ်ကြည့်နိုင်ပါတယ်။ အပေါ်က ဆန်မှုန့် ဖြူဖြူလေးတွေက မွှားမွှားလေးဖြစ်နေပီး ဖုတ်ထားတဲ့အရှိန်နဲ့ မွှေးနေတော့ မုန့်လေးအရသာကိုပိုဆန်းနေပီး အလယ်နားရောက်ရင်ချိုပီး စီးစီးလေးဖြစ်နေပါတယ်။

4 Comments:

Vigor said...

good writing..thanks..

subuueain said...

ဘိန်းမုန့်လည်းစားချင်တယ်။ မှိုမုန့်လည်းစားချင်တယ် :)

စိမ်း... said...

သြော် တို့မကြီးကလည်း ခုတ်ရာတခြား ရှရာတခြားတွေဖြစ်ကုန်ပါပြီ...
ဟား ဟား ဘာပဲဖြစ်ဖြစ် ကောင်းတယ်ဆိုလို့ ပင်ပန်းရကျိုးနပ်တာပေါ့ နော့...

rose of sharon said...

ဘိန်းမုန့်ဖြစ်ဖြစ် မှိုမုန့်ဖြစ်ဖြစ် စားလို့ကောင်းမှာတော့ သေချာတယ်

Post a Comment

ကူးကူးရေ...

 
Powered by Blogger