Pages

Friday, February 26, 2010

ကြေးအိုးပူပူလေး

ကြေးအိုးစားချင်တဲ့ရောဂါကတော်တော်ဆိုးပါတယ်။ ဘယ်လောက်ထိလဲဆို ရန်ကုန်ပြန်ဖို့လက်မှတ်ချောင်း နေတဲ့အထိပါဘဲ။ ခရီးစဉ်တွေကလဲ ရန်ကုန်နဲ့ဘယ်လိုမှမအပ်စပ်လို့ငြိမ်နေရပေမယ့် google မှာ ကြေးအိုး လို့ ရိုက်ပီး သူများစားထားတာတွေလိုက်ငမ်းနေတာတစ်ပတ်ရှိပီ။
ကြေးအိုးကို ၀က်သားနဲ့ချက်တာအကောင်းဆုံးဘဲလို့ပြောကြတယ်။ ကူးကူးရန်ကုန်မှာတုန်းက ကြေးအိုး YKKO မှာသွားစားတယ်.. The Prome မှာစားတယ်...  YKKO ကြေးအိုးကိုတော့အကြိုက်ဆုံးဘဲ...
သူတို့ကတော့ ကြေးအိုးစပယ်ရှယ်လစ် ဆိုတော့ ပိုကောင်းတာလားတော့မသိဘူး။ The Prome မှာတုန်းက သူငယ်ချင်းကစတယ်... အရည်က ၀က်ရိုးပြုတ်ရည်နဲ့အတူတူဘဲတဲ့... အဖြစ်က ဆိုင်မန်နေဂျာကိုတောင်ခေါ် ပီး သေချာမေးယူရတယ်... သူတို့က ကြက်သားနဲ့လုပ်တယ်ပြောတာပါဘဲ။
မနေ့ကတော့ အွန်လိုင်းမှာ မမလုလု ကို သူလုပ်ပြထားတဲ့ကြေးအိုးကို ကြက်သားနဲ့ revised လုပ်ပေးဖို့ တောင်းဆိုရပါတယ်... သူကလဲစိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်...
ကြက်ရိုး ကနေစတယ်... ကြက်ကဒီမှာအရိုးချည်းဘဲဝယ်လို့မရဘူး.. ပေါင်တစ်ခြမ်းလုံးကိုယ်တစ်ခြမ်းလုံးဝယ် လဲ အရိုးသတ်သတ် အသားသတ်သတ်လုပ်ခိုင်းလို့မရဘူး။ အဲဒါကြောင့် ၀ယ်ပီး နဲနဲလေး ခဏ ပြုတ်လိုက်တယ်။ ပီးမှဘဲ အသားတွေလှီးထုတ်၊ အရိုးတွေကို စတီးသံတုံးထုတဲ့ဟာလေးနဲ့ထုထုပီး  ...
ဂျင်းအရည်ရည်၊ ကြက်သွန်ဖြူညက်ညက်ထောင်းပီးထည့်၊ ဆားနဲနဲရယ်.. Knorr chicken cube ကို သကြားအစားထည့်ပီး အကြာကြီးတည်ထားလိုက်တယ်.. မမလုက အဖြူရည်ထွက်တဲ့အထိတည်လို့ ပြောတာ ဘဲ။ အခု ဗိုက်ဆာနေပီ... အရည်ကတော့မဖြူလာသေးဘူး။
တည်ထားတုံးမှာ... လှီးထားတဲ့အသားဖတ်လေးတွေကို နဲနဲသေးအောင်ထပ်လှီးပီး ဆား၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူနဲ့ ဂျင်းညက်ညက်ကြိတ်ထားတဲ့အရည်ကို ရောပီး သမအောင်နှပ်ထားလိုက်တယ်...
မုန်ညှင်းစိမ်းကိုတော့ ရေဆေးပီး အဆင်သင့်လှီးထားလိုက်တယ်။
ငုံးဥလဲပြုတ်ပီး ခွာထားတယ်။ အသည်းအမြစ်လေးတွေလဲရေဆေးပီးအဆင်သင့်လှီးထားတယ်။
chicken ball လုပ်ထားတာတွေ့လို့ အဲဒါဘဲဝယ်လာလိုက်တယ် (အစကတော့ကိုယ့်ဘာသာကိုယ် ဘောလ် လုပ်မလို့ပါ၊ မတတ်နိုင်တော့ဘူး၊ ပင်ပန်းတယ်ဟ)
ဖက်ထုပ်ကြော်...(ဂျုံမှုန့်ကို နယ်... အပြားလေးတွေလုပ်ပီး အထဲမှာ ဂေါ်ဖီ နဲ့ကြက်သွန်နီ တောက်တောက်စင်း ထည့်လိပ်ပီးကြော်ထားလိုက်တယ်၊ နဲနဲတော့ ရုပ်ဆိုးတဲ့ ဖက်ထုပ်လေးပါ)
တွဲစားမယ့် ဆော့စ် ငရုတ်ဆီကိုတော့ တစ်ခါတည်း ဗြောင်းဆန်အောင်စပ်တဲ့ဟာ ၀ယ်လာလိုက်တယ်.. ငရုတ်သီးစိမ်းအဆင်သင့်မရှိတာကြောင့်လှီးထည့်ဖို့မဖြစ်နိုင်တော့ဘူး...
ဂေါ်ဖီနဲနဲကျန်တာကို ရှလကာရည်နဲ့နှပ်ထားလိုက်တယ်... အချဉ်လိုရင်ထပ်ထည့်စားလို့ရအောင်ရယ်ဒီ..
ကြာဇံကိုတော့ မမလုက corn vermicelli ၀ယ်ပါလို့ပြောပေမယ့်ရှာမတွေ့ဘူး၊ corn starch vermicelli ဘဲရှိတယ်။ အဲဒါတွေက ပြုတ်လိုက်ရင် ကပ်စီးကပ်စီးနဲ့မို့ မ၀ယ်ခဲ့ဘူး၊ ရိုးရိုးတရုတ်ကလာတဲ့ ကြာဇံဘဲရေစိမ်ထားတယ်။ 
စားဖို့အတွက်ပြင်ဆင်ဖို့ကတော့....
နှပ်ထားတဲ့ကြက်သားတွေကို အိုးထဲထည့်အရင်လှော်လိုက်တယ်.. (အသားလေးနဲနဲအပေါ်ယံတင်းပီညိုညို လေးဖြစ်အောင်လို့)
ပီးရင်တော့ ကြက်ရိုးပြုတ်ရည်ကို ထည့် ပွက်ပွက်ဆူရင် ကြာဇံထည့်၊ chicken ball လေးတွေထည့်၊ အသည်းအမြစ်လေးတွေလှီးထားတာကိုထည့်၊ ငုံးဥလေးတွေထည့်.. ကဲ...
ကြေးအိုးဖြစ်ပီမဟုတ်လားနော်...း)   
** ကြာဇံကလုံးဝအဆင်မပြေပါဘူး..စားလို့တော့ကောင်းတယ်..ဒါပေမယ့် ဒီလိုကြာဇံထက် မြန်မာပြည်က ကြာဇံမျိုးရှာဝယ်လို့ရရင်ပိုကောင်းမှာ...

12 Comments:

မြရွက်ဝေ said...

အဲဒီမှာ ယိုးဒယားဆိုင်ရှိရင် ကြေးအိုးကြာဇံ ရှာလို့ရမယ်ထင်တယ်။ rice vermicelli (米粉) လို့ ခေါ်တယ်။ တရုတ်က လာတာလဲ ရှိမယ်ထင်တယ်။ အိမ်မှာတော့ ကြေးအိုးချက်တဲ့ကြာဇံ / ကြော်စားတဲ့ကြာဇံဆို "ဆန်ကြာဇံ"လို့ခေါ်တယ်။ ကြာဇံချက် ချက်ရင်တော့ အခုချက်ထားတဲ့ ကြာဇံအကြည်ရောင် "ဂျုံကြာဇံ"ကို သုံးတယ်။ လက်ရှိအိမ်မှာရှိနေတာက ယိုးဒယားကလာတဲ့ HOW HOW rice vermicelli ပါ။ http://www.ai-thailand.com/SHOP/2570.html

Anonymous said...

ဟုတ်ပါတယ်။ကြေးအိုးက ၀က်သားနဲ.လုပ်စားတာအကောင်းဆုံးပါ။
ကြက်သားနဲ.လဲစားလို.တော.ရပါတယ်၊ဒါပေမယ်.၀က်သားနဲ.လုပ်စားတာလောက်မလေးသလိုဘဲ။
နောက်ပြီး ဆိုင်တွေမှာက ၀က်သားရည်ပါကိုပါတယ်ထင်ပါတယ်။

စူးနွယ်လေး said...

ကြေးအိုးကတော့ ဆန်ကြာဆံနဲ့ လုပ်တာပေမယ့် ဒီလို ပဲကြာဇံပြုတ်ချိုလေးလဲ တမျိုးစားလို့ ကောင်းလို့ ကြိုက်ပါတယ်။

Anonymous said...

ညီမကြာဆံက ပဲကြာဆံ..အဒြါ ကြာဆံချက် ချက်စားတဲ့ ကြာဆံ ညီမ။

subuueain said...

ကူးက ပဲကြာဇံနဲ့ ချက်လိုက်တာမလို့။ ကြေးအိုးက ဆန်ကြာဇံနဲ့မှ ကောင်းတာ။ ဝက်သားနဲ့က အကောင်းဆုံး :) စားချင်ထှာ

ချစ်သူမောင် said...

ကူကူးရယ် ကြာဇံချက် ချက်သောက်လိုက်တာမှဟုတ်ဦးမယ် ကြေးအိုးကြေးအိုးဒုက္ခ ဒုက္ခ

SHWE ZIN U said...

မကူးကြေးအိုးက ပဲကြာဇံ ဖြစ်နေတယ် ဒါပေမဲ့ ကျနော် ကြိုက်တာ ကလည်း ပဲကြာဇံ ဘဲ...ကြေးအိုး သောက်ရင် ဆန်ပြား နဲ့ဘဲသောက်တယ်

ဆောင်းနှင်းရွက် said...

နောက် ၁ ရက်ဆို YKKO စားလို့ ရပြီ ...
တူ နှယ် တူ နှယ် .. နှယ် .. :P

T T Sweet said...

အဟမ်း... အဟမ်း ... မနက်ဖြန် ကြေးအိုးချက်စားမယ် ... သွားရေကျအောင် ရေးထားတော့လေ ....

စားဖိုမှူးချစ်အုန်းဖေ said...

ကျွန်တော်တော့ Steel အိုးနဲ့ ပဲချက်စားလိုက်တယ်။

rose of sharon said...

စားချင်စရာလေးတော့

လုလု said...

ဘာကြာဆံနဲ့ပဲဖြစ်ဖြစ် ကြိုက်တယ် :D

Post a Comment

ကူးကူးရေ...

 
Powered by Blogger