Pages

Thursday, February 18, 2010

တောမြိုင်ရှုခင်း (၂)

တောမြိုင်ထဲက သစ်ပင်ချုံနွယ်တွေရယ်..
သဘာဝအလျှောက်စီးနေတဲ့ရေတံခွန်ကြီးရယ်..
အောက်ခြေက ရေကန်အိုင်လေးမှာ ရေကူးပျော်မြူးနေကြတာတွေရယ်..
စိမ်းဆိုနေတဲ့စပါးခင်းနဲ့ ရွာတောစပ်ကတဲအိမ်လေးတွေရယ်..
အိမ်သုံးတံမြက်စည်းကို အုန်းရွက်အရိုးတံလေးတွေထွင်ပီးစည်းနေတာရယ်..
သစ်အိမ်ရှင်လေးရဲ သမီးငယ်လေးရယ်..
အစားသောက်ချက်ပြုတ်တဲ့ မီးဖိုတဲလေးရယ်..
စပါးခင်းနောက်ကတောအုပ်လေးနဲ့ တောင်တန်းတွေရယ်အလှ...ပန်ချီရေးမှီနိုင်မယ်မထင်ပါဘူး။
နောက်ဆုံးပုံလေးကတော့ ရွာထဲကကလေးလေးတစ်ယောက် ကျောင်းသွားတဲ့လမ်း လယ်ကွင်းတွေဖြတ် ကျောပိုးအိတ်လေးလွယ်ပီး.....
ဘယ်လောက်ခက်ခဲပါစေ..ဘ၀ကြမ်းတမ်းပါစေ.. အနာဂတ်မျိုးဆက်သစ်တွေကို ပညာသင်ပေးဖို့ ဆိုတာ သူတို့တွေရင်ထဲမှာ အုတ်မြစ်သဖွယ်ဖြစ်နေတဲ့စိတ်ဓာတ်ကိုလဲချီးကျုးမိတယ်...
တောမြိုင် သွားလာရခက်ခဲတဲ့နေရာလေးတွေမှာ လခ မဖြစ်စလောက်လေးနဲ့ ကလေးတွေကို အခမဲ့နီးပါး ပညာသင်ပေးနေတဲ့ ၀န်ထမ်းတွေ၊ ကျမ်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန် ဆရာမလေးတွေ စိတ်ဓာတ်ကိုလည်း ချီးကျုးမိပါရဲ့....

 

1 Comments:

ကိုလူထွေး said...

မြို့ကြီးပြကြီးမျာ အပူမီးဝိုင်းနေရမှာနဲ့ စာရင်...

တောမြိုင်လယ်မှာ အေးအေးချမ်းချမ်းနဲ့
ထမင်းကြမ်း ယက်ခပ်စားရတဲ့ဘဝ
တောင့်တမိပါတယ်...

ဖြစ်မြောက်လာမယ့် ကလေးတွေက ဖူးပွင့်လာမယ့် ပန်းကလေးတွေပဲပေါ့...

းဝ)

Post a Comment

ကူးကူးရေ...

 
Powered by Blogger