Pages

Sunday, February 28, 2010

ချ ထားခဲ့ပါ၊ လွှတ်ပစ်လိုက်ပါ။

ဖြစ်ရပ်မှန်ပုံပြင်လေးတစ်ခုပါ။ ဘုန်းကြီးနှစ်ပါးအကြောင်းပေါ့။  ၀ါရင့်ဘုန်းကြီးတစ်ပါးနဲ့ ဘုန်းကြီးအသက်ရွယ် အလတ်ပိုင်း တစ်ယောက်တို့ တောအုပ်တစ်ခုကိုဖြတ် ခရီးသွားရင်း လမ်းခုလတ်တစ်ခု မြစ်ကမ်းပါး မှာ အကူညီမဲ့စွာရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်..
မြစ်ကိုဖြတ်ကူးဖို့ မိန်းမသားတစ်ယောက်အနေနဲ့အခက်ခဲတွေ့နေတာမို့ ဘုန်းကြီးနှစ်ပါးကိုတွေ့တော့ ၀မ်းသာအား ရအကူညီတောင်းတယ်။  ဘုန်းဘုန်းအကြီးတစ်ယောက်က ချက်ချင်းဘဲ.. ကောင်းပါပီ ကူညီပါ့ မယ့်ဆိုပီး အမျိုးသမီးကို သူ့လက်မောင်းနဲ့ပွေ့ချီပီး မြစ်တံတားငယ်ကို ဖြတ်ကူး တစ်ဖက်ကမ်းရောက်တော့ ချပေး လိုက်တယ်။
ဘုန်းဘုန်းအငယ်တစ်ယောက်က ဇဝေဇ၀ါနဲ့ကြည့်နေတယ်.. ဒီဘုန်းဘုန်း ဘယ်လိုများလုပ်လိုက်တာပါလိမ့်..
ငါတို့တွေ အမျိုးသမီးတွေကိုထိလို့မရဘူးမဟုတ်လား...ဟင်း...ပိုဆိုးသေး အမျိုးသမီးကလဲချောတောတောနဲ့ သူက လက်မောင်းမှာတောင်ပွေ့ချီပီး သွားလိုက်သေးတယ်..
ဒါပေမယ့် သူ့စိတ်ထဲမှာသာပြောနေတာပါ.. ဘုန်းဘုန်းအကြီးကိုလှမ်းကြည့်လိုက် သူ့စိတ်ထဲမှာ မတင်မကျနဲ့ ဆက်ပီး လမ်းလျှောက်ခရီးသွားနေကြတယ်.. (၈)နာရီလောက်နီးပါးကြာတော့ သူ့စိတ်ထဲမှာ မကျေနပ် ဖြစ်နေ တာကိုဆက်ပီး ထိန်းထားမရတော့ စိတ်တိုတိုနဲ့ထပီးပေါက်ကွဲတော့တာဘဲ..
ကျွန်တော်ကတော့ခင်ဗျားကို သန့်ရှင်းရိုသေဖွယ်ကောင်းတဲ ဘုန်းဘုန်း၊မြင့်မြတ်တဲ့သူလို့ထင်ထားတာ.. ခင်ဗျားမို့ ဒီလိုမျိုး လုပ်ရဲတယ်...အမျိုးသမီးကိုလက်မောင်မှာပွေ့ချီသွားတယ်..အံ့ရောဘဲ..မထင်ရဘူး.. တဲ့
ဘုန်းဘုန်းအကြီးကပြန်ပြောတယ်..
ငါအမျိုးသမီးကို ကူညီပီး သူ့ကိုချီ မြစ်ဖြတ်ကူးတာ တစ်မိနစ်ဘဲ... ငါတစ်ဖက်ကမ်းရောက်တော့ သူ့ကို ချထား ပေးခဲ့တယ်..ငါသူ့ကို ချပီးတာနဲ့ သူ့ကို ငါ့စိတ်ထဲကနေလဲ လုံးလုံး ချခဲ့ပီးပီ.. မင်းကတော့ (၈) နာရီလုံးလုံး သူ့အကြောင်းကို စိတ်ထဲကနေတွေးပီး မချထားခဲ့နိုင်သေးဘူး... တဲ့
တစ်ခါတစ်လေကျရင် ကျွန်မတို့လဲဒီလိုဘဲ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ကိစ္စတွေ၊ စိတ်ဆိုးစရာတွေ၊ မကျေ နပ်ချက်တွေကို စိတ်ထဲမှာသယ်ထားတတ်တယ်...ဘာကြောင့်များစိတ်ထဲမှာ အလေးခံပီးသယ်နေကြမှာလဲ..
သတ်မှတ်နေရာတစ်ခုရောက်ရင် ချ  ထားခဲ့ကြဖို့စဉ်းစားရအောင်လား...

အမေနဲ့ ၄ နှစ်အရွယ်သားလေးတစ်ယောက် ရေချိုးခန်းမှာ သွားတိုက်နေကျတယ်..
မတော်တဆ ကလေးက သွားတိုက်နေရင်းလက်ချော်ပီး သွားပွတ်တံလွတ်ထွက်သွားတာ အိမ်သာခွက်ထဲ ကျသွားပါလေရော... ကောင်လေးကချက်ချင်းပြေးလက်နှိုက်ကောက်ပီး ပြန်သုံးဖို့လုပ်နေတဲ့အချိန်....
အမေက
သား..ရပ်လိုက်စမ်း.. သူ့သားလေးလက်ထဲက သွားတိုက်တံလေးကို လုပီးအမှိုက်ပုံးထဲထည့်လိုက်တယ်.. ပီးတော့အသစ်တစ်ခုထပ်ထုတ်ပေးတယ်...
သားလေးကမေးတယ်... မေမေ... ဘာလို့သားသွားတိုက်တံလွှတ်ပစ်လိုက်တာလ
ညစ်ပတ်နေပီလေသား...အိမ်သာခွက်ရေထဲကျသွားတာသားတွေ့တယ်မဟုတ်လား.. တဲ့..
အိုး..ဒါဆိုမေ့မေ့သွားပွတ်တံလဲလွှတ်ပစ်ရမယ်.. 
ဘာဖြစ်လို့လဲသားရဲ့ ..လို့သူ့အမေက သွားတိုက်နေရင်းလှမ်းမေးတယ်..
ဘာလို့လဲဆိုတော့ မေေ့မေ့သွားပွတ်တံ သားကြောင့်မနေ့က အိမ်သာခွက်ထဲကျသွားတာ လေ..အဲဒါ သားပြန်ကောက်ပီး ပြန်တင်ထားတာ... ညစ်ပတ်နေပီ..လွှတ်ပစ်လိုက်တော့ တဲ့..
ကျွန်မတော့မြင်ယောင်တယ်.. ကလေးအမေရဲ့မျက်နှာ စိတ်ဆိုးမှာလား၊ ချက်ချက်းသွားပွတ်တံကိုလွှတ်ပစ် လိုက်မလား...
သေချာတာတော့ သူ့သွားပွတ်တံသူလွှတ်ပစ်လိုက်မှာဘဲ...ကလေးကိုလဲစိတ်ဆိုးချင်ဆိုးလိမ့်မယ်..ခဏပေါ့။
ကျွန်မတို့စိတ်ထဲက မကောင်းတဲ့အညစ်ကြေးတွေဖြစ်တဲ့ ..စိတ်တိုတာတွေ၊ ဒေါသဖြစ်တာတွေ မကောင်းတဲ့ စိတ် လေးတွေ၊ မနာလိုမှုတွေ၊ ဟန်ဆောင်မှုတွေ၊ မလိုမုန်းထားတဲ့ အညစ်ကြေးတွေရော..သိသိရက်နဲ့ ဆက်ပီးသိမ်းထားကြအုံးမလား... အမှိုက်ဗုံးထဲ ပစ်လိုက်ဖို့ကြိုးစားရအောင်.. ဖြစ်ခဲ့ပီးတဲ့နေရာမှာဘဲ ချ ထားဖို့ ကြိုးစားကြရအောင်။။

1 Comments:

sosegado said...

ဘုန်းကြီး ဖြေသွားတာ သဘောကြမိတယ်၊ မှတ်သားစရာပါပဲ၊

Post a Comment

ကူးကူးရေ...

 
Powered by Blogger