Pages

Monday, February 8, 2010

ပုလဲချစ်သူများ

ပုလဲချစ်တတ်တဲ့သူတွေအတွက်ပါ။ ကျွန်မတော့ပုလဲမကြိုက်ဘူး။ ဈေးကြီးကြီးပေးဝယ်ပီး အလှဆင်နေတဲ့သူ တွေလဲအံ့သြတယ်..အထူးသဖြင့် နိုင်ငံခြားသားတွေပါ။
ကျွန်မနဲ့ကျောင်းနေဖက်သူငယ်ချင်း သူကတော့ senior ပါ သူအလုပ်လုပ်နေတဲ့ မလေးက ဟိုတယ်တစ်ခု ဆီ ရောက်သွားပါတယ်။ သူက ပုလဲဆိုင်မှာ တစ်ယောက်တည်း... ကျွန်မလဲဝင်သွားတော့ သူက ပုလဲလေးတွေ သီနေတယ်.. ရောင်းလဲသူဘဲ၊ ရှင်းပြလဲသူဘဲ..အကူလဲမရှိ...အစောင့်လဲမရှိ..
ကျွန်မက လိုက်မေးကြည့်တော့ သူ့ဆိုင်မှာရှိတဲ့ပုလဲတွေ အနည်းဆုံး ရင်းဂစ် (၆၀) ကနေစတယ်... အများဆုံးတော့ ရင်းရစ် (၄၀၀၀၀) ကျော်ထိရှိတယ်.. မျက်လုံးတောင်နဲနဲပြူးသွားတယ်..
နင့်ကို သူများ ဒမြလာတိုက်ရင်ဘယ်လိုလုပ်မလဲလို့၊ သူကပြောတယ်.. ဒီလိုဘဲဆုတောင်းပီးနေရတာပေါ့တဲ့...  ပါသွားလဲကိစ္စမရှိဘူး.. ငါ့ပစ္စည်းတွေမှမဟုတ်တာတဲ့လေ.. (သူကအရင်ကတည်းက ပျော်ပျော်နေတတ်တယ် 
သူကပြောတယ်.. ငကူး..နင်သိလား ငါတို့ကျောက်ဖျာသွားတုန်းကလေ..ဒီပုလဲတွေဆို ၁၀၀ ကျပ်နဲ့ ရတယ် တဲ့။ ပီးတော့ ခရုတွေဆို အလကားလိုက်ကောက်တောင်ရတယ်...တဲ့လေ...
သူ့သူဌေးက စီးပွားရေးလုပ်တာအရမ်းတော်တဲ့အကြောင်း... ပုလဲတွေကို ပင်လယ်ကမ်းစပ်တွေမှာ လိုက် ၀ယ်ပီး အရောင်တင်..ဒီဇိုင်းထွင်ပီး ဆိုင်ပေါ်ရောက်တော့ ဈေးက မြောက်ရော....
မွေးပုလဲ၊ သဘာဝပုလဲ၊ ပုလဲနက်..ဘယ်လိုခွဲရတယ်ဆိုတာလဲရှင်းပြတယ်..  သူကတောင်ကျွန်မက အကူခေါ် လိုက်သေးတယ်..နင်ခဏရှိတုန်း နိုင်ငံခြားသားတွေလာရင် ငါ့ကိုကူရှင်းပြပေးနော်တဲ့.. 
ဟိုတယ်ကအပေါ်ထပ်မှာရှိတော့ ၀င်လာလိုက်တဲ့ နိုင်ငံခြားသားတွေ... စိတ်ဝင်တစ်စားဝယ်ကြတယ်..
စီးပွားရေးများလုပ်တတ်ရင်တော့ အမြတ်ကတော့နဲတာမဟုတ်ဘူး...  ခရုခွံတွေဆိုလဲ ဘာမှတန်ဖိုးရှိတာ မဟုတ်ပေမယ့် အရောင်တင်ပီး မှန်ဘောင်အောက်ရောက်သွားတော့ တန်ဖိုးရှိ သဘာဝပစ္စည်းဖြစ် သွားရော။  ကျွန်မကိုလဲ သူကိုယ်တိုင်သီထားတဲ့ပုလဲတစ်ကုံးလက်ဆောင်ပေးတယ်..  ဆိုင်မှာတင်ရောင်း တဲ့ဈေးက ရင်းဂစ် ၄၀၀ ကျော်မို့မယူဖို့ငြင်းပေမယ့် သူအတင်းပေးလို့ယူလာလိုက်ရတယ်..သူကပြောတာ  နဂို အရင်းဈေးကဘယ်လောက်မှမရှိဘူးတဲ့...း)... ဒါပေမယ့်လေကျွန်မပုလဲနဲ့မတဲ့ဘူး... လည်ပင်းတွေနီရဲလာပီး နေလို့ထိုင်လို့မကောင်းတော့လို့ နောက်နေ့ဖြုတ်ထားရတယ်။။

7 Comments:

shwezinu said...

မစန္ဒကူး ရေ

သိပ်လှတဲ့ ပုလဲ လေးတွေ နဲ့ ခရုခွံ လေးတွေ အတွက် ကျေးဇူးဘဲနော်

ခင်တဲ့
ရွှေစင်

subuueain said...

ဘယ်သူ့လည်ပင်းလေးလဲမသိဘူး လှလှ

လုလု said...

ပုလဲလေးတွေလှတယ်နော်။
လည်တိုင်နုနုမှ ပုလဲလုံးလေးတွေ ဆင်ထားတော့ အရမ်းကို လှသွားတာပဲ။
ကူးကူးရေ့  မမလုက ၁၀ ရက်နေ့ထိတော့ ရှိမယ်လို့ အခုချိန်ထိ အကြမ်းဖျဉ်းသိထားရတာပဲနော်။ ရက်နီးရင် ထပ်ချိတ်ကြမယ်လေနော်။

moemoestar said...

ကူးကူးရေ...
ဆွဲကြိုးလေးလှတယ်...

စန္ဒကူးမေ said...

@shwezinu... ပုံကြည့်တာနဲ့တင်ကျေးဇူးတင်ခံရတော့ ၀မ်းသာပါတယ်နော်..း)
@subuu... လည်ပင်းလှပါဝူးစုဘူးရယ်.. အနီကွက်တွေဖြစ်လာတာကိုပြတာ..းP...
မမလုလု... ၁၀ ရက်လောက်ဆိုမှီမယ်ထင်တယ်မမ.. ကူးကူး ၉ ရက်ညမှ bandung ကပြန်ဆင်းလာမှာ..
moe ရေ.. ကြိုးလေးတွေအရမ်းလှတာတော့ ဟုတ်တယ်.. ဒါကြောင့်လေ ပုံတွေသေချာရိုက်လာခဲ့ တာ..

မိုးစက်အိမ် said...

မကူးရေ အောက်ဆုံကကောင်မလေးဝတ်ထားတဲ့ ပုလဲအတွဲလေး
အလှဆုံးဘဲဟာ

rose said...

ပုလဲအကြောင်းလေး ဖတ်သွားပါတယ်။ ပုံလေးတွေနဲ့ တင်ပေးတာ ကျေးဇူးတင်ပါတယ်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger