Pages

Tuesday, February 26, 2008

အောင်မြင်သောအသက်တာသို့

ပညာရှင် ဒွိုက်အေဒီလာဖီးလ် က ဘာပြောလဲဆိုတော့ ဘုရားသခင်ဟာ လှုပ်ရှားမှုမရှိတဲ့ဟာကို မကူညီပေးဘူး..ဒါဟာမှန်ပါသလား..
၁။ ရေကူးသင်မယ်ဆိုပါတော့။ စာသင်ခန်းထဲမှထိုင်ပြီး ရေကိုဘယ်လိုကူး..ဘယ်လိုခတ်ရတယ်ဆိုတာထိုင်ပြီးသင်နေတာ တကယ်တမ်းလက်တွေ့မပါရင် ဘယ်တော့မှရေကူးတတ်မှာမဟုတ်ပါဘူး။
၂။ စက်ဘီးစီးတာ၊ ကြက်တောင်ရိုက်တာ၊ ကားမောင်းသင်တာ.. အကုန်လုံးက လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ သင်ယူမှသာတတ်မြောက်မှာဖြစ်ပါတယ်။
၃။ စကိတ်စီးတာနဲ့ ဘတ်စကတ်ဘော၊ ဘောလုံးကန်တာ..အားလုံးဟာလဲအတူတူပါဘဲ။
ဘုရားသခင်ဆီမှာ ကျွန်တော်ကျွန်မကို ဒီလိုဖြစ်အောင်လုပ်ပေးပါ။ ဟိုဟာပေးပါတောင်းဆိုတာထက် လူကိုယ်တိုင်ကလဲကြိုးစားမှုရှိမှရမှာဖြစ်တယ်။
ခန္တာကိုယ်အရ..
တစ်ချို့သောသူတွေကထိုင်ခုံမှာထိုင်နေတာက မရွေ့ဘူး၊ ဒါပေမယ့် သူတို့ တစ်စုံတစ်ဦးလာရောက်ကူညီစောင်မ ဖို့ကိုမြော်လင့်နေတယ်။
တစ်ချို့တွေကြတော့.. ဘုရားသခင် ကျွန်တော်ကျွန်မကိုစောင်မပါ၊လမ်းပြပါလို့တောင်းဆိုပေမယ့် သူတို့ကိုယ်တိုင်ကျတော့ ပြထားပေးတဲ့လမ်းကိုမသွားခြင်ကြဘူး။
ဘုရားသခင်က ကျွန်တော်/မ တို့ကို အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကို အကုန်လုံးမညွှန်ပြ၊ မဖော်ပြထားပါဘူး။ အကယ်လို့ သူသာ ညွှန်ပြခဲ့ရင် ကျွန်တော်/မ တို့မှာလဲ ယုံကြည်ခြင်းတွေပျက်ပြားသွားပါလိမ့်မယ်။
ဘုရားသခင်က ကျွန်တော်/မတို့ကို ခြေလှမ်းတစ်လှမ်းစီ..တဆင့်ပြီးတဆင့်ညွှန်ပြပေးပါတယ်။ အဲဒီအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းမယ်ဆိုရင် ဘုရားသခင်ရဲ့ ဂရုဏာကိုခံစားနားလည်သိရှိလာမှာပါ။
အောင်မြင်မှုအတွက်ရွှေသော့ချက်
၁။ အောင်မြင်မှုကို စိန်ခေါ်ရုန်းကန်လှုပ်ရှားမှုမရှိဘဲနဲ့ ဘယ်သူမှမရနိုင်ဘူး (ဟိုးမားဒေါင်းဒီ)
၂။ အသက်တာမှာအောင်မြင်မှုဆိုတာ ကိုယ်ပိုင်အစွမ်းအစရှိလို့ဆိုတာထက် အာရုံစူးစိုက်ပြီး အပတ်တကုတ်ကြိုးစားမှုပေါ်မှာသာမူတည်ပါတယ်။ ( စီ ဒဗလျု ၀မ်တီ)
၃။ မျက်နှာအပေါ်ယံမှာ မဖြစ်နိုင်လောက်တဲ့အခြေနေတွေနဲ့ အောင်မြင်နေတဲ့လူအများစုဟာ သူတို့ကိုယ်သူတို့ ဘယ်လိုရုန်းထွက်ရမလဲဆိုတာ မသိကြဘူး။ (ရောဘတ် အိတ်ခ်ျ စကာလာ)
အကယ်လို့ပထမအကြိမ်မှာ အောင်မြင်ခဲ့ရင် ၊ နောက်တခါပိုခက်ခဲတဲ့အရာကိုကြိုးစားကြည့်ပါ။
အောင်မြင်မှုကိုကိုယ့်ရဲ့ကြိုးစားမှုမပါဘဲနဲ့အရူးအမူးလိုချင်နေသူများကတော့ မစိုက်ရသေးတဲ့အပင်ရဲ့ အသီးကို ခူးဖို့ကြိုးစားနေတာနဲ့တူပါတယ်။ဘုရားသခင်က ကျွန်တော်/မတို့အတွက် လမ်းဆုံး နှစ်ခုပေးထားပါတယ်၊ တစ်ခုကတော့ ထိုင်နေ နောက်တစ်ခုကတော့ တွေးတောစဉ်းစား လုပ်သင့်တာကိုလုပ်၊ အောင်မြင်မှုက အဲဒီနှစ်ခု ကျွန်တော်/မတို့ ဘယ်တစ်ခုကိုပိုပြီးအသုံးချလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။အောင်မြင်မှုလမ်းက တောင်ပေါ်ကို ပြေးတက်တာနဲ့တူပါတယ်။ ဒါကြောင့်မို့ဘယ်လောက်အချိန်တိုအတွင်းမှာ ငါတောင်ပေါ်ကိုရောက်နိုင်ရမယ်လို့ သတ်မှတ်လို့မရပါဘူး။
ဒီကနေ့အောင်မြင်နေတဲ့လူအများစုဟာ မနေ့က ကျရှုံးနေပြီး လက်မမြောက်ဘဲ ဆက်ရင်ဆိုင်နေခဲ့တဲ့သူတွေဖြစ်ပါတယ်။ အရာအားလုံးပျောက်ဆုံး၊ ကျရှုံးနေတာကို လက်မမြောက်ဘဲ ရှေ့ဆက်သွားနိုင်တဲ့သူတွေအတွက် အောင်မြင်မှုက မလွဲမသေသူတို့လက်ထဲကိုရောက်လာမှာပါ။ မနားမနေအလုပ်ကိုကြိုးစားလုပ်ကိုင်ခြင်းက အေင်မြင်မှုဆီကို ရောက်အောင်ခင်းပေးတဲ့အလွယ်ကူဆုံးတံတားတစ်ခုပါ။
ခရစ်ယာန်အသက်တာမှာ ပြည့်စုံဖို့ရန်အတွက် ကတော့ အရာရာကို ခိုင်မာတဲ့ယုံကြည်ချက်နဲ့ မလဲမပြိုတည်ဆောက်ပြီး ကောင်းမွန်စွာပြုကျင့်ခြင်းသာအရေးကြီးပါတယ်။
တစ်ခါတစ်ရံမှာ (မျက်မမြင်တစ်ယောက်က တစ်ယောက်ကို လမ်းပြနေတာ.နှစ်ယောက်စလုံးဒုက္ခရောက်နိုင်တယ်) ဆိုတဲ သဘောက အမြဲမမှန်နိုင်ပါဘူး။
လူးဝစ်ဘရေးလ် ဆိုတဲ့ ပြင်သစ်လယ်သမားကောင်လေးတစ်ယောက်ကတော့ သူငယ်စဉ်ကလေးအရွယ်ကနေ မျက်စိနှစ်လုံးကွယ်ခဲ့ရပါတယ်။ မှာအသက် ၁၈ နှစ် ရောက်တဲ့အခါမှာတော့ မျက်မမြင်တွေလက်ချောင်းလေးတွေနဲ့စမ်းပြီးစာဖတ်လို့ရအောင်ရေးတဲ့အက္ခရာတွေကိုသူတီထွင်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့စာလုံးတွေကို ၁၈၃၂ က တော်ဝင်စာသင်ကျောင်းမှာ တင်ပြခဲ့ပေမယ့် အငြင်းခံခဲ့ရပါတယ်။
နောက် နှစ်ပေါင်း ၂၀ လောက်သူအသက်ရှင်ပြီးတဲ့အခါမှာတော့ ၁၈၅၂ မှာအဆုတ်ရောဂါနဲ့ဆုံးပါးသွားခဲ့ပါတယ်။
သူ့အသက်တာတစ်လျှောက်လုံးမှာ သူကြိုးစားခဲတာအရာမထင်ခဲ့ပါဘူး။ အောင်မြင်မှုရလဒ်ကိုသူမခံစားသွားခဲ့ရပါဘူး။ သူသေဆုံးပြီး နောက်နှစ်ပေါင်း ၈၀ လောက်မှာတော့ သူ့တီထွင်ခဲ့တဲ့ မျက်မမြင်ဖတ်တဲ့အက္ခရာတွေကို ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြပါပြီ။
သူထွင်လို့ပြီးခဲ့တဲ့အတွက် မျက်မမြင်တွေ စာမဖတ်နိုင်တဲ့ဘ၀ကို သူအလင်းရောင်ပေးခဲ့ပါတယ်။
ကောင်းမွန်စွာကြိုးစားပြုကျင့်ခဲ့တဲ့အရာတွေအတွက် အသက်တာမှာ မိမိသေဆုံးသွားရင်တောင်အသီးအပွင့်တွေ တွေ့ချင်မှတွေ့ရမယ်။ ဒါပေမယ့် လူးဝစ်ဘရေးလ် ကတော့ သူသေပြီးနှစ်ပေါင်း ၈၀ ကျော်မှ အောင်မြင်ခြင်းအသီးပွင့်တွေရရှိလဲခဲ့တာပါ။
ဒါကြောင့် အောင်မြင်မှုက ကိုယ်စီကိုယ်ဌအတွက် ချက်ချင်းရချင်မှလဲရမယ်။ ကျွန်တော်/မတို့အနေနဲ့ ကောင်းမွန်စွာပုံမှန်ကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် အောင်မြင်မှုက နောက်ကနေကပ်လိုက်လာမှာဖြစ်ပါတယ်။ ဖြတ်လမ်းကိုလဲမလိုက်နဲ့၊ သူများကိုလဲအားမကျပါနဲ့။ တစ်ခါတစ်လေသူများကိုအားကျတာကောင်းပေမယ့် ကိုယ့်ရဲ့မသိစိတ်က အားကျတာကနေတဆင့်၊ သူ့လိုမဖြစ်နိုင်တဲ့အခါမှာစိတ်အားငယ်တတ်ကြတာလူ့သဘာဝမို့ပါ။
လောကကြီးကိုအရှုံးပေးထွက်ခွာသွားတဲ့သူတွေထက်ဆိုးတဲ့အရာတစ်ခုကတော့ စ ရမှာကိုကြောက်တဲ့သူတွေဘဲဖြစ်ပါတယ်။ အရာတစ်ခုခု ကိုစတင်လုပ်ကိုင်ဖို့ တွန့်ဆုတ်ကြောက်ရွံ့နေတဲ့သူများပါ။
ကလေးတစ်ယောက်က သူ့အမေကို မေမေ.. မေမေကတစ်ခါမှသူများမကောင်းတာကိုပြောတာမကြားဖူးဘူး၊ ချီးမွမ်းတာဘဲကြားဖူးတယ်။ မေမေကကော၊ စာတန် နတ်ဆိုးကို ကောင်းတာတစ်ခုခုပြောနိုင်မလား တဲ့
ဒါနဲ့ သူ့အမေက.. ကောင်းပြီသား... စာတန်က မဆုတ်မနစ်ကြိုးစားလုပ်ဆောင်တာ အရမ်းတော်တယ်တဲ့။
ဟုတ်တယ်မဟုတ်လား။။ နတ်ဆိုးစာတန်က ကျွန်တော်/မ တို့ကို မကောင်းတဲ့အရာတွေလုပ်မိအောင်၊ မဟုတ်တဲ့စကားတွေပြောတတ်အောင်၊ မတွေးသင့်တဲ့အတွေးတွေတွေးမိအောင် မရပ်မနား၊ ကြိုးစားလုပ်ဆောင်နေတယ်လေ။ အဲဒီအတွက် ကျွန်မတို့ကလဲ သူ့လို ကြိုးစားပြီး ကောင်းတဲ့ဘက်မှာရပ်တည်၊ ရှေ့ကိုတည့်တည့်ကြည့်၊ မှန်ကန်တဲ့အတွေးခေါ်တွေနဲ့ ဘုရားသခင်ဆီက လမ်းပြမှုကိုတောင်းခံပြီး ဆက်ချီတက်သွားမယ်ဆိုရင် စာတန်ကကျရှုံးပြီး ကျွန်တော်/မတို့လဲ အောင်မြင်မှန်ကန်တဲ့အသက်တာကို ရရှိလာမှာသေချာပါတယ်။

2 Comments:

Mogul said...

This comment has been removed because it linked to malicious content. Learn more.

Malashicage said...

This comment has been removed because it linked to malicious content. Learn more.

Post a Comment

ကူးကူးရေ...

 
Powered by Blogger