Pages

Wednesday, February 27, 2008

ဆယ်လ်မွန်ငါးချက်

၁။ ဆယ်လမွန်ငါးစားလောက်ရုံး (ပဲပြားတုံးခန့်) အတုံးတစ်တုံး အရေခွံဓားနဲ့လျှပ်ခွာပါ။
၂။ ဆား+ ငရုတ်ကောင်းမှုန့်ကို ငါးအသားတုံးပေါ်အနဲငယ်ပတ်ပတ်လည်လိုက်ဖြန်းပါ။
၃။ မကပ်နိုင်တဲ့ဒယ်အိုးမှာဆီနဲနဲထည့်၊ ဆီကိုဒယ်အိုးမှာပြန့်အောင်လုပ်ပါ။ အငွေ့ထွက်လာလျှင်ငါးအသားတုန်းကိုထည့်.. လှည့်ပြီး ရွှေအိုရောင်သန်းလာသည်အထိလှိမ့်ပါ..ပြီးအဖုံးခဏအုပ်အလွန်ဆုံး (၂)မိနစ်နှင့်ဆို ငါးကျက်နေပြီး..ထို (၂) မိနစ်အတွင်းမီးကိုအေးအေးမျှင်းမျှင်းထားပါပြီးဒယ်အိုးမှထုတ်အအေးခံ
၎။ ကြက်သွန်ဖြူ၊ နီ ဂျင်းကို တောက်တောက်စင်းဆီနဲနဲထည့်… ပူရင် ဆနွင်းနဲနဲထည့်..ပြီးဆီသတ်၊ မဆလာ ထည့်..ငရုတ်သီးမှုန့်ထည့်အနှစ်ရအောင်ဆီသတ်။။အချိုမှုန့်၊ဆားလိုတဲ့အရသာထည့်..
ပြီးခရမ်းချဉ်သီးကိုလေးထောင့်
အတုံးလေးတွေ
အံစာတုန်းအရွယ်လှီးပြီးဆီချက်အိုးထဲထည့်။။
မီးအေးအေးနှင့်အနှစ်ရအောင်မွှေပါ။ ပေါ့ ငံမြည်း.. လိုတာထပ်ထည့်(အချဉ်ကြိုက်ရင် မန်ကျဉ်းရေ.. သို့ အချဉ်မှုန့်ထည့်)
၅။ ငါးရုတ်သီးအနီပွ.. အနီနဲ့ အစိမ်းရောင်၊ ဂေါ်ဖီထုတ်တို့ ကို ပါးပါးလေး မျှင်မျှင်လေးရှည်ရှည်လေးလှီးပါ။ပြီးဆီအိုးကပ်တည်ပြီး.. တစ်ချက်နှစ်ချက်ထည့်မွှေပါ.. ပြီးရင်ခပ်ပြီး
ပုဂံပေါ်တွင်ပြင်ဆင်ခြင်း
ပုဂံအလည်မှာ ငါးရုတ်သီးအနီပွ.. အနီနဲ့ အစိမ်းရောင်၊ ဂေါ်ဖီထုတ်ရောပြီး ဆီပူမှာလှိမ့်ထားတာကို လုံးလုံးလေးပုံ..ပြီးငါးကိုတင်..ပြီး ဟင်းအနှစ်ကိုအပေါ်မှလောင်းချပါ..ပြီး အပေါ်မှနံနံပင်အုပ်..(အခုကတော့ ကန်ဇွန်းဥလိုမျိုး၊ နိုကိုဥလိုဥနီကို အုန်းသီးခြစ်တဲ့ဟာနဲ့ခြစ်ပြီးအုပ်တင်ထားတာပါ)သံပုရာနှစ်လုံး (သို့) လျှောက်သီးလှီးဘေးမှာတင်ထား..(လိုရင်အချဉ်ညှစ်စားလို့ရတာပေါ့)ပြီးတော့ ထောပတ်သီးလတ်လတ်ဆတ်ဆတ်လေးတစ်လုံးလောက်ကို ခပ်ထူထူလှီးပြီးဘေးမှာချထားပါ..ထောပတ်သီးစားရင်အသားရေလှတယ်.. ဆယ်လမွန်ငါးက ဗီတာမင် (E)နဲ့ ထောပတ်သီးကလဲဗီတာမင် (E)ူအာနိသင်တူတူဘဲ။ ဒါကြောင့်တွဲစားတာကောင်းတယ်။ ချယ်ရီတိုမားတိုး၊ပန်းခရမ်းချဉ်သီးလေးတွေကိုဘေးမှာချထားလိုက်..
(စိတ်ပေါက်ရင်အလုံးလိုက်ကောင်ဝါးလို့ရတယ်) ကဲ..တောင်းဆိုထားသူများ..ချက်စားလို့ရပါပြီ...
Credited to To To Ni Ni

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger