ဘူးသီးကြော်အတွက်
ဘူးသီးကို ရေစင်အောင်ဆေးပြီး အကွင်းလိုက်လှီးပါတယ်။(အခွံနွှာဖို့မလိုပါဘူး)
ပြီးရင်တော့ ကန့်လန်ဖြတ်အချောင်းရှည်လေးတွေရအောင်ထပ်လှီးပါတယ်။
မုန့်နှစ်ကတော့ အိမ်ကယူလာတဲ့ရွှေလိပ်ပြာအကြော်မှုန့် ကိုသုံးပါတယ်။
နိုင်ငံရပ်ခြားကသူတွေအတွက်တော့ တန်ပူရာအမှုန့်နဲ့ကြော်လို့ရမှာပါ။
မုန့်နှစ်မှုန့်ကိုရေနဲ့ခပ်ပြစ်ပြစ်ဖျော်ပြီး ဗူးသီးချောင်းလေးတွေကိုနှစ်ထားပါတယ်..
ဆီအရမ်းပူပြီးအငွေ့တွေတက်လာတာနဲ့ မီးကို အေးအေးရောက်အောင်လျှော့ချပြီး ဗူးသီးလေးတွေတစ်ချောင်းဆီထည့်ကြော်တာပါ..အထက်အောက်..လှန်ပေးး..အနီညိုရောင်လေးသန်းလာရင်တော့ စကာထဲထည့်စစ်ထား... ဆီစင်လောက်မှ တစ်ရှူးသန့်သန့်မှာတင်ပြီး ထပ်စစ်..ပြီးရင်တော့စားလို့ရပါပြီး...
အချဉ်ရေကတော့ မန်ကျည်းမှည့်ကိုရေစိမ်ပြီး မန်းကျည်းရေကိုယူ
ကြက်သွန်ဖြူကိုညက်အောင်ထောင်း
ငရုတ်သီးစိမ်း ကိုလဲညက်အောင်ထောင်းပါ။ ပြီးရင်တော့ နံနံပင်တောက်တောက်စင်းပြီး ဆား၊ ချိုမှုန့်နဲ့ ဖျော်လိုက်ရုံပါဘဲ။

ဒါကတော့ မုန့်နှစ်တွေပိုလို့ အိမ်နောက်က မြင်းခွာရွက်တွေသွားနှုတ်လာပြီးရေစင်စင်ဆေးပြီးရောကြော်ထားတာပါ။

Comments
Post a Comment
ကူးကူးရေ...