Pages

Wednesday, February 13, 2008

ကဗျာ - ၁

ချစ်သူများနေ့မှာ..အိပ်ရာနိုးတော့

ချစ်သူရဲ့ အငွေ့အသက်ကို လေထုထဲမှာမတွေ့ဘူး

တစ်ယောက်တည်းအခန်းထဲမှာ

ချစ်သူရဲ့ချိုသာချစ်စကားတွေအနားမှာမကြားရဘူး

နှင်းဆီပန်းတွေလဲ စားပွဲပေါ်မှာ စောင့်မနေကြဘူး

ချစ်စရာကောင်းတဲ့ ၀က်ဝံရုပ်ကလေးလဲရှိမနေဘူး

အချစ်သင်္ကေတာချောကလက်တွေလဲစားဖို့ရှိမနေဘူး

ချစ်သူက တစ်နေရာရာသွားလည်ဖို့ဖိတ်ခေါ်ထားတဲ့ချိန်းဆိုချက်လဲမရှိဘူး

ဒီနေ့.. ချစ်သူများနေ့

ကျွန်မအလုပ်သွားတယ်

လုပ်ဖော်ကိုင်ဖက်တွေရဲ့စားပွဲပေါ်က ပန်းတွေကိုကြည့်ပြီးလမ်းလျှောက်ဝင်လာတယ်

သူငယ်ချင်းတစ်ယောက်သူ့ချစ်သူနဲ့ဖုန်းပြောနေတယ်

(ကိတ်မုန့်လေးကအရမ်းလှတယ်……အလုပ်ပြီးတာနဲ့လာခဲ့မယ်..စောင့်နေ) တဲ့

ချစ်သူများနေ့ကို

စိတ်အားငယ်မျှော်လင့်ချက်မဲ့စွာ ငါဖြတ်ကျော်နေတယ်

သူများပျော်ရွှင်နေတာကို ဗလာနှလုံးသားနဲ့ ပြုံးပြီးကြည့်နေမိတယ်

ချစ်သူများနေ့ ည ရောက်လာပါပြီ

အပြင်ကိုထွက် လမ်းလေးမှာထိုင် ဖြတ်သွားတဲ့ကားတွေကိုကြည့်ရင်း

ချစ်သူက ကြယ်လေးတွေလက်နေတဲ့ကောင်းကင်ယံနဲ့အတူငါ့ဘေးမှာ

ငါ့လက်လေးကိုဆုပ်ကိုင်

အချစ်သံဇဉ်လေးတွေ လေပြေနဲ့အတူကခုန်

ရယ်မောစရာလေးတွေနဲ့ အချိန်လေးတွေကိုကျော်ဖြတ်

ကျွန်မအလှပြင်နေတာကို သူထိုင်ပြီးငေးကြည့်

ချစ်သူ့နှုတ်ခမ်း ပါးပြင်ကိုလာထိ

သူ့ရင်ခွင်မှာခေါင်းကိုမှီလို့..

(နေမယ်ဆိုရင်)

တစ်နေ့တာခံစားရတဲ့အထီးကျန်ဝေနာတွေ

လေနဲ့အတူလွင့်ပါလို့

ချစ်သူများနေ့ဆိုတာကို ရပ်ထားလိုက်မယ်

ဘယ်တော့မှနောက်နေ့မကူးတော့ဘူး

ဒါပေမယ့်လည်းလေ

စိတ်ကူးကနိုးထတော့

ဒီလိုနေ့မျိုးရောက်တိုင်း

လက်တွေ့ဖြစ်မလာတဲ့ဘ၀ကိုမုန်းတီး

ဝေဒနာတွေအသစ်ပြန်ဆောက်တည်လို့

နောက်နှစ်ဒီလိုနေ့မျိုးကို

ရင်ဆိုင်ဖို့အားမွေးရအုံးမယ်။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger