Pages

Tuesday, February 26, 2008

အပြင်မှ အတွင်းသို့

ငါအပြင်မှာအမြဲရပ်နေရတယ်။
ပြတင်းပေါက်ကနေအထဲကိုလှမ်းကြည့်လိုက်တော့

အခြားသူတွေပျော်ရွှင်တက်ကြွ
နေထိုင်မှုဘ၀တွေနဲ့
အပျော်အတိပီးလို့ပေါ့
အချစ်..ငါဘယ်တော့မှ
ရလာနိုင်တော့မှာမဟုတ်ပါဘူး
ငါလုပ်ခဲ့သမျှအားလုံး
ရောက်ခဲ့သမျှနေရာအားလုံး
ငါ အပြင်မှာဘဲရပ်ပြီး
အထဲကိုငေးကြည့်နေရတယ်။
ငါ..အောင်မြင်ရမယ်၊ လို့တွေးလိုက်တိုင်း
အသက်တာမှာ အထီးကျန်မွန်းကြပ်
လစ်ဟာနေတဲ့နှလုံးသာက
နာကြင်မှုအပြည့်နဲ့
အနာဂတ်ရောင်ခြည်တွေကို
ဝါးမျိုသွားပြီး
အထီးကျန်အေးစက်နေတဲ့မိုးရေအောက်မှာ
ငါ့ တစ်ယောက်တည်းထားခဲ့ပြန်တယ်
ငါ..
အထဲကိုငေးကြည့်နေတာကိုရပ်
ငါ့စိတ်ဘယ်လောက်ပြင်းပြခိုင်မာလဲဆိုတာပြဖို့
ငါကြိုးစားတယ်
သူများတွေဘ၀ထဲဝင်ပြီး
ဖျော်ဖြေမိတဲ့စိတ်အလျဉ်အတွေးဆိုးတွေကိုရပ်
ငါ့ကိုယ်ငါအပြင်မှာ မားမားမတ်မတ်ရပ်တည်နိုင်အောင်
ကြိုးစားတယ်..
အစကတော့ေ၀၀ါးဝါးနဲ့ ခံယူချက်ကမငြိမ်ဘူး
တစ်ဆဆနဲ့ သန်မာလာပြီး
နေပူအောက်မှာ ရပ်နေတဲ့ငါ့ကို
အရိပ်ပေးလာတယ်
ငါ့အိမ်မက်တွေ အချိန်နဲ့အမျှ
အကောင်ထည်ပေါ်လာတယ်
ငါ..ဖိတ်ခေါ်ခြင်းမခံရတုန်းက
နောက်ဆုံမှာ အမြဲထားခံခဲ့ရတာတွေကို
စဉ်းစားမိရင်တောင်
အားငယ်နေတာထက်
ထက်ကြွတဲ့စိတ်အဟုန်က ပိုပြင်းပြနေတယ်
ငါ့အနာဂတ်ကိုလဲ တစ်စိုက်မတ်မတ်ကြည့်တော့
ဘယ်လမ်းကိုလျှောက်ရမလဲဆိုတာကွဲကွဲပြားပြားသိလာတယ်
အထီးကျန်အားငယ်တဲ့စိတ်တွေဟာ
ငါ့ကိုခြိမ်းခြောက်တာသက်သက်လဲဆိုတာ
ငါနားလည်လာတယ်
လိုအပ်ချက်တွေလစ်ဟာနေတဲ့ဘ၀ကို
အတွေးမှာမျောပစ်လိုက်တော့
ငါ့ကိုဘယ်ဆီခေါ်သွားနေလဲဆိုတာ
ငါခံစားလာရတယ်
ဒါကြောင့်
ငါ...
ကိုယ့်ကိုကိုယ်အားတင်း
သူတကာငေးပြီး အထီးကျန်အားငယ်နေတာကိုရပ်
အပြင်မှာငါတစ်ယောက်တည်းဖြစ်ပါစေ
ငါ.ဆိုတာဘာလဲဆိုတာကိုပြဖို့
ငါ့နေရာမှာဘဲ မြဲမြဲရပ်နေဖို့
ဆုံးဖြတ်လိုက်တယ်

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger