Skip to main content

ကျွန်မ၏ရုံးပိတ်ရက် - ၂

ဒီတစ်ပတ်ရုံးပိတ်ရက်မှာတော့...ဖြစ်သလိုစားနေတာကြာလို့ဈေးသွားပြီးတော့ဟင်းချက်စားအုံးမှဘဲဆိုပြီး..ဒီနေ့စောစောထ၊ စောစောဆိုတာ (၈း၃၀) ပါ ဈေးကိုလမ်းလျှောက်သွားတယ်..လမ်းမှာဈေးကပြန်လာတဲ့သူတွေနဲ့တွေ့တော့ သူတို့က ..ဟေး ဘယ်သွားမလို့လဲဆိုတော့ရှက်တာနဲ့ ကျောင်းနားခဏသွားမလို့လို့ပြောခဲ့တယ်။ သူများဈေးပြန်လာတဲ့အချိန်မှ..ဈေးသွားတဲ့အဖြစ် ဒါတောင်မနဲကိုအိပ်ရာပေါ်ကထရတယ်။
ပြီးခဲ့တဲ့အပတ်က အိမ်မှာဆန်ကုန်သွားတော့ ၀ယ်ထားပြီးသားလုံးတီးဆန်အညိုတွေကိုဘဲချက်စားနေတာ.. စားလို့လဲမကောင်းဘူး.မနဲဝါးရတယ်..အရေးထဲအံသွားကလဲပေါက်တော့... မ၀ါးနိုင်..ဒီကဆန်တွေက အကောင်းဆုံးတောင် တော်တော်ဆိုးတယ်။ ဆန်ဝယ်မယ်ဆိုရင် ယိုးဒယားက ဆန် (Jasmine Rice) ကိုဝယ်စားရတယ်။ ဆန်အကောင်းကြိုက်တာမဟုတ်ပါဘူး..အဲဒီဆန်ကမြန်မာပြည်ကဆန်နဲ့ခပ်ဆင်ဆင်လေ..
သူကလဲ ကီလိုနဲ့ခွဲမရောင်းဘူး၊ ၀ယ်ချင်ရင်အိတ်လိုက်ဝယ်ရတာဆိုတော့..မ၀ယ်ဘဲရှိတာနဲ့စားနေတာ..
သောကြာနေ့ကတော့ သူငယ်ချင်းကောင်လေးတစ်ယောက်ကို ဆန်အိတ်လိုက်ဝယ်လာခဲ့ပေးပါလို့ အကူညီတောင်းတော့..အခုဆိုဆန်လဲရှိပြီ..တော်တော်အဆင်ပြေတယ်။
ဈေးသွားတော့ တလားဗီးယား ငါးဝယ်မယ်ဆိုပြီးငါးတန်းထဲဝင်တာ..လူတွေများလို့မတိုးနိုင်တာနဲ့ အပြင်ကိုပြန်ထွက်.. ကြက်ဥအညိုရောင်လေးတွေတွေ့တာနဲ့ဝမ်းသာပြီး (၁၀)လုံးဝယ်လာတယ်။ (ဒီမှာကြက်ဥအဖြုတွေဘဲရှိတာကိုး) ပြီးတော့ မုံညှင်းအဖြူအစည်းကြီးတစ်စည်းဝယ်၊ ပိန်းနှဲသီးနုနုလေးတွေကို အခွံခွာပြီး ဖြတ်ထားပြီးသားတွေရောင်းတာနှစ်ထုတ်ဝယ်။ နံနံပင် (ဒီကနံနံကတစ်မျိုး..ပိန်ညောင်ရှည်ရှည်နဲ့)တစ်စည်းဝယ်၊ ပြီးတော့ ငါးတန်းက ထွက်တဲ့အခြမ်းကပြန်ဝင်ပြီး တလားဗီးယားအရှင် (၃)ကောင်ဝယ်ပြီး အကောင်လိုက်အကြည်းခွံခွာပြီး ဗိုက်ခွဲခိုင်းလိုက်တယ်။ ပြီးတော့ ဌက်ပျောဖူးတစ်ဖူးဝယ်။ ရွှေငါးလေးတွေ၊ ငါးသေးသေးတွေပလတ်စတစ်အိတ်ထဲထည့်ပြီးရောင်းတဲ့နေရာမှာသွားစပ်စုလိုက်သေးတယ်။ အောင်မလေး မြွေတွေကိုပါရောင်းတာ.. ပလတ်စတစ်ထဲရေထည့်ပြီး မြွေကိုလဲထည့်ထားတယ်။ ရေမြွေလားမတိဝူး..လှတော့လှတယ် အစင်းကျားနဲ့.. အဲဒီကနေတစ်ပတ်ပြန်ပတ်ပြီး ဗူးသီးသေးသေးတစ်လုံးနဲ့ ခရမ်းသီး (လက်ညိုးလောက်ဘဲရှိမယ်) အဲဒါ ပဇွန်ခြောက်နဲ့နှပ်စားရင်ကောင်းမယ်ဆိုပြီးဝယ်ခဲ့သေးတယ်။ မိုးကလဲဖွဲဖွဲရွာ လိုက်၊ ရပ်သွားလိုက်နဲ့..ကျွန်မထီးမပါ..မိုးရေထဲဟိုပြေးဒီပြေးနဲ့ အိမ်ပြန်ရောက်လာရော..
အိမ်ရောက်တော့.. ထမင်းအိုးတည်၊ ငါးကိုအကောင်လိုက်ရေပြန်ဆေး၊ မစင်သေးတဲ့အကျည်းခွံလေးတွေပြန်ခွာ ပြီး နှစ်ကောင်ကို ရေခဲသတ္တာထဲထည့်၊ ကျန်တဲ့အကောင်ကိုတော့ ငံပြာရည်နဲ့ပြုပ်လိုက်တယ်။



ကြက်သွန်ဖြူနီ၊ ထောင်းထားတာကိုရေနွေးပွက်ပွက်ဆူထဲထည့်၊ ပြီး ပြုပ်ပြီးသားငါးကို အရေခွံတွေခွာပြီးလွှင့်ပစ်၊ အသားချည်းလဲနွှာပြီး ဟင်းချိုအိုထဲထည့်.. ပြီးတော့ မုန်ညှင်းအဖြူတွေကိုရေစင်အောင်ဆေးပြီး နှစ်ပိုင်းပိုင်းပြီး အိုးထဲထည့်၊ ဆားနဲနဲထည့်လိုက်တော့ တော်တော်ချိုတဲ့ဟင်းချိုအိုးတစ်အိုးရပြီ။


ပိန်းနဲသီးအနုလေးတွေကိုတော့ ငရုတ်သီးစပ်စပ်နဲ့ မနေ့ကလုံးထားတဲ့အသားနဲ့ရောပြီးချက်လိုက်တယ်။



ခရမ်းသီးသေးသေးလေးတွေကိုတော့ပြုပ်ပြီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံနဲ့ ရောထောင်းပြီး..ကျွန်မရဲ့ မနက်စာချက်ပြုပ်ချင်းကိုရပ်လိုက်တယ်။ ဟိုနေ့က ဌက်ပျောသီးကောင်းတဲ့အကြောင်းတွေရေးထားပြီးမို့..ဌက်ပျောသီးစားမှဆိုပြီးဌက်ပျောသီးတစ်ဖီးဝယ်လာတာနဲ့
အရမ်းကျမ်းမာအောင်ဆိုပြီး.(၅)လုံးလောက်ထမင်းစားပြီးထိုင်စားလိုက်တယ်။
ကျွန်မအရမ်းကြိုက်တာ Cheese လဲပါတယ်။ ထမင်းစားပြီးတိုင်း ရုံးကိုအလာလမ်းမှာ. Cheese Slice အပြားတွေကိုဒီတိုင်းကို စားနေတာ..ကျမ်းမာရေးနဲ့တော့မညီညွတ်ပါဘူး။ ဒါပေမယ့်ကြိုက်တာကိုး..
သေသွားတဲ့ကြီးကြီးက...မသေခင်စားချင်တာလေးတော့စားသွားမှာဘဲဆိုတာခဏခဏပြောတယ်။
အဖိုးကလဲဆေးရုံမှာရှိတဲ့အချိန် သူနဲ့မတဲ့တာတွေဆရာဝန်ကမစားခိုင်းတာကို သူ့ကိုစောင့်တဲ့အိမ်ဖော်မလေးကို
ပိုက်ဆံပေးပြီးခိုးချက်ခိုင်တယ်။ နောက်ဆုံးတော့သွေးတိုးနဲ့ဆုံးသွားတာပါ။
ညနေကျတော့..မ၀ယ်မဖြစ်အသုံးအဆောင်လေးတွေသွားဝယ်မယ်ဆိုပြီးအိကျီဝတ်တော့ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီးတော်တော်စိတ်ပျက်မိတယ်...တော်တော်တုတ်တဲ့ခါး..အဆီတစ်ထပ်..အသားတစ်ထပ်...
ခန္တာကိုယ်မှာဝမယ့်ဟာတွေအကုန် ဗိုက်နဲကခါးမှာစုနေတာ.. လေ့ကျင့်ခန်းတော့ပုံမှန်လုပ်အုံးမှဘဲ... (အတွေးထဲမှာ..ဟီးဟီး)

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ