Pages

Sunday, February 10, 2008

သတိရခြင်း

ကျွန်မချစ်သူကို အခုတစ်လောအရမ်းသတိရတယ်.. အလုပ်တွေပိနေတဲ့သူ့ကိုသနားလဲသနားတယ်..
ပိန်သွားလား..နေမှကောင်းရဲ့လား..အတွေးတိုင်းမှာသူဘဲရောက်နေတော့ဆိုးတယ်..
ခြံထဲက ဥယျာဉ်မှူးတွေတွေ့တိုင်း...ဓာတ်ဆီဆိုင်က ကောင်လေးတွေတွေ့တိုင်း..ကားပတ်ကင်ကောက်တဲ့ကောင်လေးတွေတွေ့တိုင်း..ခြံဝမှာစောင့်နေတဲ့ အစောင့်တွေကိုတွေ့တိုင်း..မဆီမဆိုင်ချစ်သူကိုသတိရနေတယ်....
သူများနိုင်ငံမှာနေတစ်ယောက်တည်းရုန်းကန်နေတဲ့ချစ်သူ..ဘာတွေလုပ်နေလဲ..

ချစ်သူများနေ့ရောက်တော့မယ်.. ဘယ်တော့များမှအဲဒီနေ့ကို ချစ်သူနားမှနေပြီး ပျော်ရွှင်နိုင်မလဲ..လဲ..လဲ..လဲ တွေနဲ့
စိတ်ကတစ်ခါတစ်လေမခိုင်ချင်တော့ဘူး...
ချစ်သူသည်သာ..ကျွန်မကိုပျော်ရွှင်မှုပေးနိုင်တယ်.. သူသာလျှင် ကျွန်မအတွေးအားလုံးကို ပိုင်စိုးနိုင်တယ်..
ချစ်သူအလုပ်အဆင်ပြေပါစေ...

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger