Skip to main content

ကျွန်မနှစ်သက်သော

ကျွန်မ ဒီကိုရောက်ကစက.. မနက်စာကို ပေါင်မုန့်အကြမ်းနဲ့ နို့၊ ဒါမှမဟုတ် ဘတ်တာ (unsalted butter) အတုံးလေးတွေနဲ့ စားတယ်။ ဗိုက်မပြည့်ပါဘူး. နေ့လည်စားစားချိန်မရောက်ခင်ဗိုက်ကတော်တော်ဆာနေပြီး။
အလုပ်ထဲမှာစိတ်ကမရောက်တော့ဘူး. ဒါနဲ့ငါနဲ့ ဘိုစာနဲ့တော့မဖြစ်သေးပါဘူး ဆိုပြီး ထမင်းကြော် ကြော်စားတယ်။ သိပ်မကြာပါဘူး.ရင်ပြည့်တာနဲ့ မစားနိုင်ပြန်ဘူး။ နောက်ဆုံးတော့ ကျွန်မငယ်ငယ်ကအကျင့် အတိုင်း ထမင်းပူပူမှာ နို့မှုန့်တွေများကြီးထည့်၊ ရေနွေးထည့်၊ ဆားနဲနဲထည့်ပြီးစားတော့မှ အခုထိအဆင်ပြေနေတာ။ ငယ်ငယ်တည်းက နှို့မှုန့်အရမ်းကြိုက်တယ်။ ကျောင်းတုန်းက personality development course မှာပါတီပွဲလေးလုပ်တုန်း အပျော်ဖက်ရှင်ပြိုင်ကြတယ်။ ကျွန်မဆုရတော့ ကျွန်မကိုမေးတဲ့ သူကနောက်ပြီးအကြိုက်ဆုံးကဘာလဲလို့ရုတ်တရက်မေးတော့ နို့မှုန့်လို့ပြန်ဖြေမိတာနဲ့ ပရိတ်သတ်တွေရီလိုက်ကြတာ။ နို့မှုန့်ကိုဘာကြောင့်မှန်းမသိဘူး အရမ်းကြိုက်တယ်။ အဆောင်မှာ စာဖတ်ရင်းလဲ စားတယ်။ လမ်းလျှောက်ရင်းလဲစားတယ်။ ကျွန်မငယ်ငယ်ကသောက်ခဲ့တဲ့ နို့မှုန့်ဗူးကြီးတွေကို မာမီကအခုထိသိမ်းထားတယ်. အမှတ်တရပေါ့..သမီးဦးဆိုတော့.. ပြီးတော့ ကျွန်မကိုမွေးတုန်းကဈေးပေါတယ် လေ။ India ဖက်က၀င်တဲ့နို့မှုန့်ဗူးကြီးတွေ. မောင်လေး နဲ့ညီမလေးမွေးတော့ ဈေးတက်ကုန်ပြီ။ ကျွန်မနဲ့မောင်လေးက (၃) နှစ်ကွာတယ်။ မောင်လေးနဲ့ညီမလေးက (၁)နှစ်ဘဲကွာတယ်။ အဲတော့ကျွန်မက အများကြီးပိုစားခဲ့ရလို့လားမသိဘူး အကောင်တော်တော်ကြီးတယ်။ မာမီက ပြောတယ် ကျွန်မသူငယ်တန်းစတက်တော့ အသက် (၄)နှစ် ကို (၅)နှစ်ဆိုလိမ်ပြီးကျောင်းသွားတက်တယ်တဲ့။ ကျွန်မက မူကြိုကျောင်းမှတက်ခွင့်မရခဲ့တာ။ Mandalay မှာနေတုန်းက အမှတ်(၁) မူကြိုက အိမ်ဘေးမှာဘဲ။ ကျွန်မတို့ ကခရစ်ယာန်ဆိုတော့ မူကြိုမှာ မနက်တိုင်းဘုရားစင်ကို ကန်တော့ခိုင်းတာတွေရှိတော့ အိမ်ကမထားဘူး။ ကျောင်းစတက်တဲ့အချိန်ဆို ကလေးတွေကသီချင်းဆို.. ကဗျာတွေရွတ်. ကျွန်မကမတက်ရတော့မူကြိုကျောင်းခန်းထဲကိုလှမ်းမြင်ရမယ့် အနားက တမာပင်ပေါ်တက်ပြီး ချောင်းချောင်းကြည့်တာ။ အဲဒီမှာ ဇတ်လမ်းကစတာဘဲ။ မူကြိုလာတက်တဲ့ကလေးတွေထဲက ကောင်လေးတစ်ယောက်က အပြင်ကိုလှမ်းကြည့်တော့ သစ်ပင်ပေါ်ကမျောက်လောင်းကျွန်မကိုတွေ့တော့ သူ့အမေကိုဝယ်ပေးဖို့ပူဆာပါလေရော.အဲဒါနဲ့ တစ်ဦးတည်းသောသားလေးဆိုတော့ သူ့အမေက ကျွန်မအမေကိုလာပြီးမိတ်ဆက်ပြီး နောက်ပိုင်းသူနဲ့သူငယ်ချင်းဖြစ်သွားရော။ သူကကျွန်မရဲ့ ပထမဆုံးသူငယ်ချင်း။ နာမည်က ကိုဖြိုး တဲ့။ ကျွန်မကိုဘယ်လောက်တွယ်ကပ်လဲဆိုရင် အရာရာ ကျွန်မသဘော။ သူကကျွန်မထက် တစ်နှစ်ကြီးတယ်။ အမှတ် (၁၆) မှာကျောင်းစတက်တော့ သူငယ်တန်းအတူတူ။ နောက်တော့ (၁)တန်း (၂) တန်း အတူတူ ကျွန်မဘေးမှာ။ အိမ်သာသွားရင်တောင်သူက မိန်ကလေးအိမ်သာထဲလိုက်သွားတယ်။ (၃) တန်းရောက်တော့ မိန်းကလေး၊ ယောက်ျားလေးခွဲထိုင်ရတယ်။ အဲဒါသူကျွန်မဘေးမှာမထိုင်ရလို့ဆိုပြီ ငိုပြီးကျောင်းမတက်တာတစ်ပတ်။ သူ့အမေကအတန်းပိုင်ဆရာမကို တောင်းပန်ခွင့်လာတောင်းပေးတော့ သူကျွန်မဘေးမှာထိုင်လို့ရတယ်။ (၃)တန်းကနေ (၆)တန်းအထိ.. သူများတွေကသူ့ကို အခြောက်လို့ခေါ်လဲသူက ဂရုမစိုက်ဘူး. တစ်ကယ်လဲအခြောက်လေးနဲ့တူတယ်။ အဲဒါကလဲကျွန်မလုပ်တာအများကြီးပါတယ်။ မောင်လေးနဲ့ညီမလေးကအသက်ကွာတော့ အတူဆော့လို့မရတော့ ကျွန်မက ကိုဖြိုးကို ဂါဝန်တွေဝတ်ပေး၊ ဆံပင်ကိုသားရေကွင်နဲ့ချည်၊ သနပ်ခါးတွေ လိမ်းပေး.ပြီးတော့တူတူဆော့..ကျူရှင်တက်တော့လဲ ကျွန်မမပါရင်မတက်ဘူးဆိုပြီးပြောလို့ သူ့အမေက ကျူရှင် ဆရာမကိုအိမ်ခေါ်ပြီးကျွန်မတို့နှစ်ယောက်စာသင်ရတယ်။ သူကတော့အခုချိန်ဘယ်မှာရှိမှန်းကျွန်မမသိတော့ဘူး။ ၂၀၀၄ ခုကျွန်မ Mandalay Thailand Exibition ကို ဘာသာပြန်အနေနဲ့သွားတော့ကျွန်မ သူ့ကိုလိုက်ရှာတယ်။ သူတို့နေတဲ့အိမ်က အဝေးကြီးမှာ မြို့သစ်အလွန်မှာ၊ သူ့အဖေကဆောက်လုပ်ရေးကညွှန်မှူး၊ သူ့အဖေဆုံးတော့ သူတို့လဲ စီးပွားရေးအဆင်မပြေ တော့ဘူး။ ကျွန်မသွားတော့သူတို့အိမ်တံခါးသော့ခတ်လို့။ ကျွန်မပြန်ခါနီးနောက်တစ်ခေါက်သွားရှာတော့ သူ့အမေရယ်၊ သူရယ်ကိုတွေ့ပါတယ်။ အရပ်ကြီးကအရှည်ကြီး၊ ကျွန်မကိုတွေ့တော့သူကရှက်နေတယ်။ အဲဒီအချိန်သူလဲ အင်ဂျင်နီယာအလုပ်သင် ဆောက်လုပ်ရေးတစ်ခုမှာ စလုပ်နေပြီ။ ကျွန်မမကြားချင်တဲ့သတင်းက တော့ သူ့အမေကပြောတယ်။ ကိုဖြိုးရဲ့ မွေးကတည်းကပါတဲ့နှလုံးရောဂါ အခြေနေ ကတော်တော်ဆိုးနေတဲ့အကြောင်း၊ ဘယ်တော့ဘာဖြစ်မလဲဆိုတာမသိတဲ့အကြောင်းပါ။ ကျွန်မပြန်တော့လေယဉ်ကွင်းအထိလိုက်လာပြီးတော့ ကျွန်မကို စားစရာလေးတွေလာပေးသွားသေးတယ်။ အခုတော့ဘယ်ကိုရောက်နေလဲမသိတော့ဘူး. ကျွန်မသူငယ်ချင်းလေးကျမ်းကျမ်းမာမာရှိနေပါစေလို့အမြဲဆုတောင်းရတယ်။ ကျွန်မအနှစ်သက်ဆုံးအရာနဲ့ သူ့ကိုအမြဲတွဲထားတယ်။ နို့မှုန့်ကိုအခုထိကျွန်မနှစ်သက်သလို ကျွန်မရဲ့သူငယ်ချင်းကိုဖြိုးကလဲ ကျွန်မဘ၀မှာ အနှစ်သက်ဆုံးအရာတစ်ခုပါဘဲ။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ