Pages

Friday, February 29, 2008

မုန်လာဥချဉ်သုပ်၊ ပဲတီပေါက်သုပ်

သူငယ်ချင်းတွေက..စားစရာအကြောင်းဘဲရေးနေလို့ဆိုပြီးပြောနေကြပေမယ့်လဲ...
အစားကနေ့တိုင်းစားရတာကိုး..ဒီတော့ အစာအကြောင်းဘဲရေးတာများမှာပေါ့...
အမှန်ကတော့ပုံဘဲကြည့်ပြီးသူတိုကမစားရလို့.. မနာလိုတာဖြစ်မယ်.. ဟီးဟီး
ဒီနေ့တော့ မုန်လာဥချဉ် သုပ်နဲ့ ပဲတီပေါက်သုပ်အကြောင်းကိုရေးမလို့ပါ။
ချဉ်ဖတ် ကိုအရမ်းကြိုက်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိပါဘူး။ ဒီရောက်တော့ ချဉ်ဖတ်စားချင်လို့ ကိုးရီးယား ကင်မ်ချီကို ၀ယ်စားတယ်.. အရသာကတော်တော့ကိုဆိုးတယ်..ဘာကြောင့်မှန်းမသိဘူး ကြိုက်ဘူး။
ချဉ်ဆုတ်နေတဲ့အထဲ အနံ့က စိမ်းရွှင်ရွှင်နဲ့...
ဒါနဲ့ မာမီကိုဖုန်းဆက်ပြီး ချဉ်ဖတ်ဘယ်လိုလုပ်ရလဲမေးတယ်။ ပထမတစ်ခါ..မုန်လာဥတွေဝယ်..ဗူးကြီးကြီးဝယ်ပြီး
အချဉ်တည်မယ်ဆိုပြီး...ထမင်းချက်ပြီး ဆားနဲ့ရောနယ်.. မုန်လာဥလှီးထားတာတွေနယ်.. ဗူးထဲမှာသိပ်.. နေလှန်း...
တစ်လပြည့်လို့ ပုပ်သွားတယ် မချဉ်ပါဘူး။ ဒါနဲ့ ဇွဲမလျော့ဘူး။ နောက်တစ်ခါထပ်ဝယ်..လှီးပြီးဆန်ဆေးရေနဲ့စိမ်တယ်.. ဆားထည့်တယ်..မချဉ်ပြန်ဘူး။ နောက်တော့ မာမီကပြောတယ် ဘာဆားသုံးတာလဲဆိုတော့.. အိုင်အိုဒိုက် ဆားသုံးတာကိုး...ဆိုင်မဆိုင်တော့မသိဘူး..ဆားအကြမ်းသွားဝယ်... နောက်တတိယတစ်ခါစိမ်တော့ အောင်မြင်သွားတယ်..ပျော်လိုက်တာ...
မုန်လာဥချဉ်တွေကိုထုတ်..ရေဆေး ပြီးပါးပါးလှီး
မြေပဲကြော်ကို ညက်အောင်ထောင်း၊ ဆား၊ အချိုမှုန့်ထည့်
ငရုတ်သီးခြောက်မှုန့်ကိုထည့်
ကြက်သွန်ဖြူကို ဆီသတ်
အားလုံးထည့်ပြီးတဲ့အခါမှ၊ နံနံပင်လေးအုပ်ပြီး နယ်လိုက်တော့...ကောင်းလိုက်တာပြောမနေနဲ့..ထမင်းနဲ့တောင်မစားတော့ဘူး။ နယ်ပြီးရင်တော့ပန်းကန်ပြောင်းထည့်ပေါ့... နယ်ထားတဲ့ပန်းကန်က ပေနေမှာလေ... ဒီတိုင်းထိုင်စားတာတစ်ပန်းကန်ကုန်တယ်။

ပဲတီပေါက် သုပ်ကတော့
ပဲတီပေါက်လေးတွေကို ရေနွေးနဲ့အရင်ဖျောပြီး ဇကာနဲ့စစ်ထားပါတယ်။
ကြက်သွန်အနီကိုဘဲဆီသတ်
ခရမ်းချဉ်သီးကို အလယ်ကနေဖြတ်လှီးပြီးထည့်တယ်။
ငရုတ်သီးစိမ်းလေးတွေပါးပါးလှီးပြီး
ပဲမှုန့်၊ ဆား၊ ချိုမှုန့် နဲနဲ ကိုထည့် ပြီး နံနံပင်လေးအုပ်နယ်လိုက်တာပါ။
အချဉ်ကဲခြင်ရင်တော့ သံပုရာသီးလေးတစ်ခြမ်းလောက်ညှစ်ထည့်လိုက်ပါ။

1 Comments:

ရွှေသီရိခေတ် said...

စားစရာ ပို့စ်တွေအများကြီးဖတ်သွားပါတယ်။ သွားရေတောင်ကျလာပြီ :P
ခင်မင်စွာ
www.shwethirikhit.com

Post a Comment

ကူးကူးရေ...

 
Powered by Blogger