Pages

Wednesday, February 13, 2008

ကဗျာ - ၃

နင်ငါ့ကိုလိမ်နေမယ်ဆိုရင်

ငါ့ချစ်သူမဖြစ်ပါနဲ့

ရိုးသားဖြူစင်မှုကိုနင်ခုတုံးလုပ်နေမယ်ဆိုရင်တော့

ငါ့မှာငိုဖို့မျက်ရည်မရှိတော့လို့ပါ

ငါ့ကိုလှည့်စားနေမယ်ဆိုရင်

ငါ့ချစ်သူမဖြစ်ပါနဲ့

မခံမရပ်နိုင်အောင်နာကျင်လွန်းလို့

ငါထပ်ပြီးမခံစားပါရစေနဲ့

ငါ့ချစ်သူမဖြစ်ပါနဲ့

နှလုံးသားကိုခဏတာခိုးယူ

ထွက်ခွာသွားတဲ့အခိုက်

မျက်ရည်တွေကို အဖော်အဖြစ်ထားခဲ့လို့ပါ။

ငါ့ကိုအသုံးချဖို့သာရည်ရွယ်ရင်

ငါ့ချစ်သူမဖြစ်ပါနဲ့

နှလုံးသားအနာတရဖြစ်အောင်ချန်ထားဖို့

ငါ့ကိုမရွေးချယ်ပါနဲ့

ငါ့ကိုအမှန်တကယ်မချစ်ရင်

အခုချိန်ကစလို့..

ငါ့ဘ၀တစ်လျှောက်လုံး

ငါ့ချစ်သူအဖြစ်မနေပါနဲ့

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger