Skip to main content

ကျွန်မနှင့်ဖက်ရှင်

သောကြာနေ့ရောက်တိုင်းထုံးစံအတိုင်းခေါင်းစားတာ.. မနက်ဖြန်ငါဘာဝတ်ရမလဲဆိုတာဘဲ။ ရုံးက Uniform ရှိတော့ နေ့အစဉ်အတိုင်းဝတ်သွားရုံဘဲ။ ရုံး Uniform ပြောမှ ချပ်ချပ်ရပ်ရပ်လို့မထင်လိုက်ပါနဲ့..အပေါ်က ဘလောက်(စ်) နဲ့ ဘလေဇာ (ကုတ်)၊ အောက်ကစကပ်။ စကပ်တောင်မှ ကျွန်မက Uniform ချုပ်တဲ့ကုမ္ပဏီကအမကြီးတွေလာတော့ အတိုနဲကအရှည်နှစ်ထည်ချုပ်ခိုင်းတယ်။ ခါးကတော့ချက်ပြုတ်ပေါ့.. ဒါကလဲရည်ရွယ်ချက်ကကြီးတယ်။ ကျွန်မကိုယ်လုံးက ပိန်လွယ် ၀လွယ်။ တစ်ရက်နှစ်ရက်လောက်နေမကောင်းဖြစ်တာနဲ့လူကချက်ချင်းကိုပိန်ကျသွားတာ။ နေကောင်းပြီဆိုရင်လဲ စားတော့တာဘဲမရပ်မနား။ ၀လာပြန်ရော။ အဲတော့စကပ် ကပိန်သွားရင်ချက်ပြုတ်၊ ၀လာရင်တော့ ခါးတင် ပေါ့။ ရုံးမှာ မနက် ၇း၃၀ ကနေ ညနေ ၅း၃၀ ထိ ၊ ထမင်းစားချိန် (၁) နာရီနားတာကလွဲလို့ ဆက်တိုက်ထိုင်ပြီးလုပ်နေတော့ အရင်ဆုံးဗိုက်ကပူလာတယ်။ လေ့ကျင့်ခန်းလုပ်ရမှာလဲပျင်း (ငပျင်း)ဆိုတော့ အိင်္ကျံဆိုရင် အရှည်ကြီးနဲ့ ဗိုက်သက်တောင့်သက်သာရှိမယ့်ဟာမျိုးကိုဘဲရွေးဝတ်တယ်။ ရုံးဝတ်စုံကတော့ စိုးရိမ်စရာမလိုဘူးလေ၊ အပေါ်က ကုတ်လေးနဲ့ဖုံးထားလိုက်ရုံဘဲ ဟ ဟာ့။
မနက်ဖြန်ကတော့ ဘုရားကျောင်သွားမှာစိုတော့ ကိုးယိုးကားယားတော့ ရဘူး။ အိမ်ကချုပ်ပေးလိုက်တဲ့ မြန်မာအိင်္ကျံတွေကလဲ ဗိုက်ကကျပ်နေပြီ၊ ကျပ်ကျပ်ထုပ်ထုပ် နေရတာကို စိတ်အရမ်းကျဉ်းကျပ်တယ်။ ဒါပေမယ့် မိန်းကလေးဆိုတာ ချပ်ချပ်ရပ်ရပ်လေးမှကောင်းတာမဟုတ်လား။ အဓိကနေရာကတော့ ဗိုက်ဘဲ။ အိပ်၊ထ၊မ၊တင် ပုံမှန်လုပ်ပါလို့ မာမီကတော့မှာတယ်။ စကားနားထောင်ပြီးလုပ်ဖို့တော့ကြိုးစားပါတယ်။ ဒါပေမယ့် အိပ်၊ထ၊မ၊တင် မှာ အိပ်ပြီးပြန်မထနိုင်တော့လို့..ဆိုးတယ်။ အိပ်ချင်တဲ့အချိန်အိပ်၊ စားချင်တဲ့အချိန်စား ဒီလဲရောက်ရော ကြောင်မရှိကြွက်ထဆိုသလို နေချင်သလိုနေတော့တာဘဲ။ ဒီဇင်ဘာအိမ်ပြန်တုန်းက သူငယ်ချင်းယောက်ျားလေးတွေကပြောတယ်.. ဗိုက်လျှော့အုံးတဲ့။ ကျွန်မက ငါကမျိုးရိုးလိုက်တာ၊ ငါ့အဖေကဗိုက်ပူတော့ ငါလဲ အသက်ကြီးလာတော့ သူ့လိုဖြစ်လာတာလို့ပြန်ပြောလိုက်တယ်။ သူတို့က..နင်တော်တော်ပေါတယ်။ ငပေါမလေးတဲ့
ချစ်သူကတော့ ဗိုက်ပူလဲချစ်တာဘဲ၊ ထိပ်ပြောင်လဲ ချစ်မှာဘဲ ဆိုဘဲ။ ကျန်ရစ်ဖြစ်မှ နောင်တတွေရနေအုံးမလားတော့မသိဘူး၊ ဘလော့စာမျက်နှာတွေဖောင်းပွမှာတော့ကျိန်းသေတယ်။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။